Coco (2017)

23617
Share
Copy the link

ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့(၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့မိသားစုရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီးဝါသနာပါရာ ဂီတအတွက်စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။

အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက် ဂီတကိုရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။

အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက်ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။

မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင်အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီးသူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။

တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာ ဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။

အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ယူပါတော့တယ်။

သူ့အဘိုးရဲ့ ဂီတာကို တီးလိုက်ပြီးနောက်မှာ တော့မစ်ဂဲလ်ဟာ သက်ရှိလူသား တွေကို မတွေ့ရတော့ဘဲသေပြီး သားလူတွေကိုပဲ တွေ့ရတဲ့ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။

သေသူတွေနေတဲ့မြို့ (Land of Dead) မှာမစ်ဂဲလ်တစ်ယောက်ကွယ်လွန်သွားပြီဖြစ်တဲ့သူ့မိသား စုဝင်တွေနဲ့ ဆုံခဲ့သလို ဒန်တီဆိုတဲ့ခွေးကလေးနဲ့အတူ သူ့အဘိုးအာ နက်စ်တိုကိုလိုက်ရှာပြီး သက်ရှိ လူသားတစ်ယောက်ပြန်ဖြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

မစ်ဂဲလ်တစ်ယောက် သေ သူတွေနေတဲ့မြို့မှာဘာတွေရင် ဆိုင်ရမှာလဲ။ သူအားကျနေရတဲ့ အဘိုးရဲ့လျှို့ဝှက်ချက်ကို သိသွားပြီးနောက်မှာဘာတွေဆက်ဖြစ် မလဲဆိုတာတော့…. ။

Zawgyi

ဂီတကို ႐ူးသြပ္တဲ့ မစ္ဂဲလ္ရစ္ဗာရာဆိုတဲ့(၁၂)ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ ဂီတနဲ႔ပတ္သက္လို႔မိသားစုရဲ႕ တားျမစ္ခ်က္ကို ဆန႔္က်င္ၿပီးဝါသနာပါရာ ဂီတအတြက္စြန႔္စားတဲ့အေၾကာင္း ဇာတ္အိမ္ဖြဲ႕ထားတာပါ။

အင္မယ္ဒါရစ္ဗာရာဟာ ဂီတပညာရွင္တစ္ေယာက္ရဲ႕ဇနီးျဖစ္ၿပီး ခင္ပြန္းျဖစ္သူက မိသားစုထက္ ဂီတကိုေ႐ြးခ်ယ္ခဲ့ တာေၾကာင့္ အင္မယ္ဒါဟာ ဂီတကိုစိတ္နာခဲ့ၿပီးသမီးျဖစ္သူ ကိုကိုကိုလည္း ဂီတႏွင့္ခပ္ကင္းကင္းေနဖို႔တားျမစ္ခဲ့ပါတယ္။

အဲဒီေနာက္ အင္မယ္ဒါဟာ မိသားစုစီးပြားေရးအျဖစ္ဖိနပ္ ခ်ဳပ္လုပ္ငန္းလုပ္ၿပီး ေနထိုင္ပါတယ္။အင္မယ္ဒါတစ္ေယာက္ မ်ိဳး႐ိုးစဥ္ဆက္တစ္ေလွ်ာက္ဂီတကို ဘယ္လိုပဲတားျမစ္ထားပါေစ ဂီတပိုးကသူ႔ရဲ႕ျမစ္ျဖစ္တဲ့ မစ္ဂဲလ္ရစ္ဗာရာဆီမွာ ေပၚလာခဲ့ပါတယ္။

မစ္ဂဲလ္ဟာ ဟိုးတုန္းက နာမည္ေက်ာ္ဂီတပညာရွင္အာနက္စ္တိုဒီလာခ႐ုဇ္ကို ေလးစား အားက်ၿပီးသူ႔လိုမ်ိဳးျဖစ္ဖို႔ စိတ္ ကူးအိပ္မက္ေတြနဲ႔ပါ။ဒီလိုနဲ႔ ဂီတပိုးရွိေနတဲ့ မစ္ဂဲလ္ေလးဟာသူ႔အဘြားရဲ႕ မိသားစုဓာတ္ပုံကို ရွာေတြ႕ၿပီးေနာက္မွာေတာ့ဂီတနဲ႔ သူ႔မိသားစုၾကားမွာ ႀကီးမားတဲ့ဆက္စပ္မႈတစ္ခုရွိတယ္ဆိုတာသိသြားခဲ့ပါေတာ့တယ္။

တစ္ရက္မွာေတာ့ မကၠဆီ ကန္အထိမ္းအမွတ္ပြဲတစ္ခုျဖစ္ တဲ့ေသသူအတြက္ မိသားစုဝင္ ေတြ ရည္မွန္းဆုေတာင္းတဲ့ပြဲမွာမစ္ဂဲလ္ဟာ ဂီတာစြမ္းရည္ျပသ ဖို႔ လုပ္ထားေပမယ့္သူ႔အဘြားက ဂီတာကို ဖ်က္ဆီးၿပီး တားဆီးပါ တယ္။

အဲဒီေနာက္မွာေတာ့ မစ္ ဂဲလ္ဟာ အာနက္စ္တိုရဲ႕မ်ိဳးဆက္ဆိုတာ သိသြားၿပီးေနာက္မွာေတာ့သူ႔အဘိုးျဖစ္တဲ့ အာနက္စ္တိုရဲ႕ ဂီတာနဲ႔ ၿပိဳင္ပြဲဝင္ဖို႔ဆုံးျဖတ္ၿပီး အာနက္စ္တိုရဲ႕ဂူမွာ ဂီတာသြား ယူပါေတာ့တယ္။

သူ႔အဘိုးရဲ႕ ဂီတာကို တီးလိုက္ၿပီးေနာက္မွာ ေတာ့မစ္ဂဲလ္ဟာ သက္ရွိလူသား ေတြကို မေတြ႕ရေတာ့ဘဲေသၿပီး သားလူေတြကိုပဲ ေတြ႕ရတဲ့ပုံစံမ်ိဳး ျဖစ္သြားခဲ့ပါတယ္။

ေသသူေတြေနတဲ့ၿမိဳ႕ (Land of Dead) မွာမစ္ဂဲလ္တစ္ေယာက္ကြယ္လြန္သြားၿပီျဖစ္တဲ့သူ႔မိသား စုဝင္ေတြနဲ႔ ဆုံခဲ့သလို ဒန္တီဆိုတဲ့ေခြးကေလးနဲ႔အတူ သူ႔အဘိုးအာ နက္စ္တိုကိုလိုက္ရွာၿပီး သက္ရွိ လူသားတစ္ေယာက္ျပန္ျဖစ္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

မစ္ဂဲလ္တစ္ေယာက္ ေသ သူေတြေနတဲ့ၿမိဳ႕မွာဘာေတြရင္ ဆိုင္ရမွာလဲ။ သူအားက်ေနရတဲ့ အဘိုးရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို သိသြားၿပီးေနာက္မွာဘာေတြဆက္ျဖစ္ မလဲဆိုတာေတာ့…. ။

(Mega) Large Size ~ Download

(Up Stream) Small Size ~ Download

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Download

(Direct Link) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *