Coffee or Tea? ( 2020 )

16667
Share
Copy the link

Entrepreneur ကိုမစိမ်းကြပေမယ့် social entrepreneur ကို စိမ်းနေကြတဲ့သူတွေလေ့လာလချင်သူတွေ မဖြစ်မနေကြည့်သင့်တဲ့ကားလေးနော်ဇာတ်ကားလေးက ကောင်လေး၃ ယောက်ကို အခြေခံရိုက်ကူးထားတာပါတစ်ယောက်က ငယ်စဉ်တည်းက ငွေမက်ပြီး ရောင်းလို့ရသမျှအကုန်ရောင်းပြီး စီးပွါးရေးတွေလုပ်လာခဲ့သူပေါ့…

ဒါပေမယ့် သူလုပ်ငန်းတိုင်းကြာရှည်မမြဲခဲ့ပါဘူးဒီလိုမမြဲလို့လည်း သူအိပ်မပျော်တဲ့ရောဂါဖြစ်ပြီး နောက်ဆုံး စိတ်ရောဂါဆရာဝန်နဲ့ ဆွေးနွေးမှု ခံယူနေရတယ်…နောက်တစ်ယောက်က ရွာကနေ မြို့တက်ပြီး ပါဆယ်လိုက်ပို့သူ delivery manအလုပ်ကို ဂုဏ်ယူစွာ လုပ်နေသူတစ်ယောက်။

သူက တစ်နေ့မှာ ရုတ်တရက်ကြီးအလုပ်ကထွက်လိုက်တယ်။ အကြောင်းကတော့ သူ့ရွာလေးကိုပြောင်းလဲပေးချင်လို့ သူရွာပြန်ပြီး ပါဆယ်ပို့လုပ်ငန်းလုပ်မယ်လို့ ရည်ရွယ်ပြီး ရွာပြန်လာသူပေါ့…ဒီလိုပဲ မြို့ကနေ ရွာပြန်လာသူတစ်ယောက်ရှိသေးတယ်။သူကကြတော့မိရိုးဖလာလက်ဖက်လုပ်ငန်းကို ဆန့်ကျင်ပြီးကော်ဖီလုပ်ငန်းလုပ်ချင်စိတ်ပြင်းပြနေသူပေါ့…

ဒါပေမယ့် ကော်ဖီစိုက် ကော်ဖီကျိတ်ကော်ဖီနှပ်ချင်ပေမယ့် စီးပွါးဖြစ်လုပ်ဖို့ စိတ်ကူးမရှိသူတစ်ယောက်ပါ။ဒီလို ၃ ယောက် ပေါင်းစည်းပြီး ဘယ်လိုတွေ society ကိုအကျိုးပြုအောင်စွန့်ဦးတီထွင်လမ်းဖောက်တယ်ဆိုတာ သေချာလေ့လာရင် လေ့လာသလို ပညာရတဲ့ဇာတ်ကားလေးပါ…အားလုံး အိပ်ပျော်သောညများပိုင်ဆိုင်နိုင်ကြပါစေ

Zawgyi





mega.nz (Mega) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *