Commitment (2013)

15997
Share
Copy the link

Myung Hoon ဟာ မြောက်ကိုရီးယား သူလျှိုဟောင်းတစ်ယောက်ရဲ့ သားဖြစ်ပြီး စန္ဒယားပညာရှင် တစ်ဦးဖြစ်ဖို့ စိတ်ကူးယဉ်နေသူပါ။ ဒါပေမယ့် တောင်ကိုရီးယားမှာ သူ့ဖခင် သေဆုံးသွားပြီး နောက်ပိုင်း သူ့ညီမ Hye In အလုပ်ကြမ်းစခန်းကို ရောက်သွားခဲ့ပါတယ်။

သူ့ဖခင်ရဲ့ အထက်အရာရှိ ကာနယ် Moon Sang Chul က Myung Hoon အတွက် အလုပ်တစ်ခု သယ်ဆောင်လာပါတယ်။ အကယ်၍ အဲဒီအလုပ် အောင်မြင်ခဲ့ရင် သူရော သူ့ညီမပါ လွတ်မြောက်မှာ ဖြစ်ပါတယ်။ အဲဒီအလုပ်ကတော့ သူ့အဖေရဲ့ မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ပါပဲ။

သူ့ညီမကိုပါ လွှတ်ပေးမယ်ဆိုတာကြောင့် Myung Hoon က ဒီအလုပ်ကို လက်ခံလိုက်ပြီး ၂ နှစ်တိုင်တိုင် အပြင်းအထန် လေ့ကျင့်ပေးပါတယ်။Myung Hoon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတစ်ဦး အသွင်နဲ့ တောင်ကိုရီးယားမှာ အခြေချပါတယ်။

မြောက်ကိုရီးယား သူလျှိုအဖွဲ့အစည်းထဲက လင်မယားနှစ်ယောက်အိမ်မှာ မွေးစားသားအနေနဲ့ လာရောက်နေထိုင်ပါတယ်။ သူ့ရဲ့တာဝန်က “ခုနစ်စင်ကြယ်” (Big Dipper) လို့ နာမည်ဝှက်ပေးထားတဲ့ မြောက်ကိုရီးယားရဲ့ သူလျှိုတစ်ယောက်ကို ပြန်လည် ဖြိုခွင်းရမှာပါ။

မွေးစားလင်မယားက သူ့ကို ကျောင်းထားပေးတာမို့ အထက်တန်းကျောင်းမှာ တက်ရပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူလေး Hye In ကို သူ့ညီမနဲ့ နာမည်တူနေတာမို့ ကူညီရင်း သံယောဇဉ်ဖြစ်မိပါတယ်။ Hye In ဟာ အကပညာရှင် ဖြစ်ဖို့ စိတ်ကူးယဉ်နေသူလေးပါ။

ဒါပေမယ့် အခြေအနေဟာ Myung Hoon ကို ကျဉ်းထဲကြပ်ထဲ ရောက်အောင် တွန်းပို့ပေးလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေဆုံးပြီး ကင်ဂျုံအွန် အာဏာရလာတဲ့အခါမှာ Moon Sang Chul ဟာ သူ့ကို သစ္စာဖောက်ပါတော့တယ်။

တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးတွေကလည်း သူ့ကို စတင်ထောက်လှမ်းမိနေပါပြီ။ သူဘာဆက်လုပ်မလဲ။ သူ့ညီမကို ဘယ်လို ကယ်တင်မလဲ။ သူ့ညီမနဲ့ နာမည်တူတဲ့ သူ့ရဲ့ နံရိုးတစ်ချောင်းကိုရော ဘယ်လိုကာကွယ်ပေးမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။

Big Bang အဖွဲ့က အဆိုတော် Choi Seung Hyun (T.O.P) ခေါင်းဆောင်ပါဝင်ပြီး Han Ye Ri ၊ Kim Yoo Jung ၊ Yoon Je Moon ၊ Jo Sung Ha နဲ့ မင်းသားကြီး Jung Ho Bin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Commitment ဇာတ်ကားဟာ အက်ရှင်ဒရမ်မာ ဇာတ်ကြမ်းတစ်ကား ဖြစ်ပါတယ်။

ဒါရိုက်တာ Park Hong Soo ရိုက်ကူးပြီး ကိုရီးယားစစ်ပွဲရဲ့ တတိယမျိုးဆက်တွေ ဘုမသိဘမသိနဲ့ ဓားစာခံဖြစ်ရပုံအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Rotten Tomatoes မှာ Tomatometer 40% ပဲ ရရှိထားပေမယ့် IMDb မှာတော့ Rating 6.8 ထိရရှိထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။

ကိုရီးယားကားတွေရဲ့ ထုံးစံအတိုင်း အကြမ်းနဲ့ အလွမ်းကို ရောသမမွှေထားပြီး မတူညီတဲ့ ပတ်ဝန်းကျင်တွေကို သမမျှတအောင် ထည့်သွင်းရိုက်ကူးထားတာ တွေ့ရပါတယ်။ နူးညံ့တဲ့ စန္ဒယားသမား ကျောင်းသားတစ်ယောက်ရဲ့ ခံစားချက်ကို လူသတ်သမားတစ်ယောက်ရဲ့ သွင်ပြင်နဲ့ ရောသမမွှေထားပြီး သိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းနဲ့ ပေါင်းစပ်တန်ဆာဆင်ထားပါတယ်။

အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိသတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။

Zawgyi

Myung Hoon ဟာ ေျမာက္ကိုရီးယား သူလွ်ိဳေဟာင္းတစ္ေယာက္ရဲ႕ သားျဖစ္ၿပီး စႏၵယားပညာရွင္ တစ္ဦးျဖစ္ဖို႔ စိတ္ကူးယဥ္ေနသူပါ။ ဒါေပမယ့္ ေတာင္ကိုရီးယားမွာ သူ႔ဖခင္ ေသဆုံးသြားၿပီး ေနာက္ပိုင္း သူ႔ညီမ Hye In အလုပ္ၾကမ္းစခန္းကို ေရာက္သြားခဲ့ပါတယ္။

သူ႔ဖခင္ရဲ႕ အထက္အရာရွိ ကာနယ္ Moon Sang Chul က Myung Hoon အတြက္ အလုပ္တစ္ခု သယ္ေဆာင္လာပါတယ္။ အကယ္၍ အဲဒီအလုပ္ ေအာင္ျမင္ခဲ့ရင္ သူေရာ သူ႔ညီမပါ လြတ္ေျမာက္မွာ ျဖစ္ပါတယ္။ အဲဒီအလုပ္ကေတာ့ သူ႔အေဖရဲ႕ မၿပီးေသးတဲ့ တာဝန္ေတြကို ဆက္လက္ထမ္းေဆာင္ဖို႔ပါပဲ။

သူ႔ညီမကိုပါ လႊတ္ေပးမယ္ဆိုတာေၾကာင့္ Myung Hoon က ဒီအလုပ္ကို လက္ခံလိုက္ၿပီး ၂ ႏွစ္တိုင္တိုင္ အျပင္းအထန္ ေလ့က်င့္ေပးပါတယ္။Myung Hoon ဟာ ေျမာက္ကိုရီးယားကေန ထြက္ေျပးလာသူတစ္ဦး အသြင္နဲ႔ ေတာင္ကိုရီးယားမွာ အေျခခ်ပါတယ္။

ေျမာက္ကိုရီးယား သူလွ်ိဳအဖြဲ႕အစည္းထဲက လင္မယားႏွစ္ေယာက္အိမ္မွာ ေမြးစားသားအေနနဲ႔ လာေရာက္ေနထိုင္ပါတယ္။ သူ႔ရဲ႕တာဝန္က “ခုနစ္စင္ၾကယ္” (Big Dipper) လို႔ နာမည္ဝွက္ေပးထားတဲ့ ေျမာက္ကိုရီးယားရဲ႕ သူလွ်ိဳတစ္ေယာက္ကို ျပန္လည္ ၿဖိဳခြင္းရမွာပါ။

ေမြးစားလင္မယားက သူ႔ကို ေက်ာင္းထားေပးတာမို႔ အထက္တန္းေက်ာင္းမွာ တက္ရပါတယ္။ ေက်ာင္းမွာ အႏိုင္က်င့္ခံေနရတဲ့ ေက်ာင္းသူေလး Hye In ကို သူ႔ညီမနဲ႔ နာမည္တူေနတာမို႔ ကူညီရင္း သံေယာဇဥ္ျဖစ္မိပါတယ္။ Hye In ဟာ အကပညာရွင္ ျဖစ္ဖို႔ စိတ္ကူးယဥ္ေနသူေလးပါ။

ဒါေပမယ့္ အေျခအေနဟာ Myung Hoon ကို က်ဥ္းထဲၾကပ္ထဲ ေရာက္ေအာင္ တြန္းပို႔ေပးလိုက္ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအီ ေသဆုံးၿပီး ကင္ဂ်ဳံအြန္ အာဏာရလာတဲ့အခါမွာ Moon Sang Chul ဟာ သူ႔ကို သစၥာေဖာက္ပါေတာ့တယ္။

ေတာင္ကိုရီးယားရဲ႕ ေထာက္လွမ္းေရးေတြကလည္း သူ႔ကို စတင္ေထာက္လွမ္းမိေနပါၿပီ။ သူဘာဆက္လုပ္မလဲ။ သူ႔ညီမကို ဘယ္လို ကယ္တင္မလဲ။ သူ႔ညီမနဲ႔ နာမည္တူတဲ့ သူ႔ရဲ႕ နံ႐ိုးတစ္ေခ်ာင္းကိုေရာ ဘယ္လိုကာကြယ္ေပးမလဲ ဆိုတာကိုေတာ့ ဆက္လက္ၾကည့္ရႈၾကပါ။

Big Bang အဖြဲ႕က အဆိုေတာ္ Choi Seung Hyun (T.O.P) ေခါင္းေဆာင္ပါဝင္ၿပီး Han Ye Ri ၊ Kim Yoo Jung ၊ Yoon Je Moon ၊ Jo Sung Ha နဲ႔ မင္းသားႀကီး Jung Ho Bin တို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Commitment ဇာတ္ကားဟာ အက္ရွင္ဒရမ္မာ ဇာတ္ၾကမ္းတစ္ကား ျဖစ္ပါတယ္။

ဒါ႐ိုက္တာ Park Hong Soo ႐ိုက္ကူးၿပီး ကိုရီးယားစစ္ပြဲရဲ႕ တတိယမ်ိဳးဆက္ေတြ ဘုမသိဘမသိနဲ႔ ဓားစာခံျဖစ္ရပုံအေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Rotten Tomatoes မွာ Tomatometer 40% ပဲ ရရွိထားေပမယ့္ IMDb မွာေတာ့ Rating 6.8 ထိရရွိထားတဲ့ ဇာတ္ကားေကာင္း ျဖစ္ပါတယ္။

ကိုရီးယားကားေတြရဲ႕ ထုံးစံအတိုင္း အၾကမ္းနဲ႔ အလြမ္းကို ေရာသမေမႊထားၿပီး မတူညီတဲ့ ပတ္ဝန္းက်င္ေတြကို သမမွ်တေအာင္ ထည့္သြင္း႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။ ႏူးညံ့တဲ့ စႏၵယားသမား ေက်ာင္းသားတစ္ေယာက္ရဲ႕ ခံစားခ်က္ကို လူသတ္သမားတစ္ေယာက္ရဲ႕ သြင္ျပင္နဲ႔ ေရာသမေမႊထားၿပီး သိမ္ေမြ႕တဲ့ အခ်စ္ဇာတ္လမ္းနဲ႔ ေပါင္းစပ္တန္ဆာဆင္ထားပါတယ္။

အက္ရွင္ကားေတြ ႀကိဳက္တဲ့ ပရိသတ္ေတြ ၾကည့္သင့္တဲ့ ဇာတ္ကားပါပဲ။

megaup.net (Megaup.net) Large Size ~ Download

disk.yandex.com (Disk Yandex) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *