Cook Up a Storm (2017)

17595
Share
Copy the link

ဒီကနေ့ ပရိသတ်တွေခံစား ဖို့ကိုတော့ IMDb Rating (6.4/10) ရရှိထားတဲ့ ဟောင်ကောင်ဟာသ ဇာတ်ကားလေး ရွေးထားပါတယ်။ နာမည်ကျော် စားဖိုမှူး နှစ်ဦးရဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း လက်ရာ ဟင်းလျာချက်ပြုတ်အား ပြိုင်မှုတွေကို ကြည့်ရမယ့် ဇာတ် ကားလေးမို့ ပရိသတ်တွေအတွက် ရသအပြောင်းအလဲလေးပေးစွမ်း နိုင်မယ်လို့ ထင်ပါတယ်။

စကိုင်းကိုဟာ ကန်တုန်လမ်း ဘေး စားသောက်ဆိုင်တစ်ဆိုင် က ကျွမ်းကျင်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ဟင်းလျာ အမည်ပေါင်းများစွာကို အချိန်ခဏလေး အတွင်းမှာ စီမံချက်ပြုတ်နိုင်သူပါ။ ပေါလ်အန်းကတော့ ပြင်သစ်နိုင်ငံမှာ ကမ္ဘာ့နာမည်ကြီး ဟင်းလျာချက်ပြုတ်နည်းတွေကို သင်ယူလာခဲ့တဲ့ မီချီလင်စတားစားဖိုမှူး တစ်ယောက်ပါ။

စကိုင်းရဲ့ဆိုင်ကလည်း လမ်းဘေးဆိုင်လို့ဆိုပေမယ့် နှစ်ပေါင်း များစွာကတည်းက စားသုံးသူတွေ ရဲ့ အကြိုက်ဟင်းလျာတွေကို ရိုး ရာချက်ပြုတ်နည်းတွေ ချက်ပြုတ် ဝန်ဆောင်မှုပေးရင်း အောင်မြင်နေတဲ့ ဆိုင်တစ်ခုဖြစ်သလို ပေါလ်အန်းကတော့ ကြယ်သုံးပွင့်စားဖိုမှူးတစ်ယောက်အဖြစ်နဲ့ ခမ်းနားတဲ့ စားသောက်ဆိုင်ကြီးမှာ နောက်ဆုံးပေါ် ဟင်းချက်နည်းတွေနဲ့ ပြင်ဆင်ချက်ပြုတ်မှုတွေကို တွေ့ရမှာပါ။

တစ်ရက်မှာတော့ အကြီးကျယ်ဆုံး ဟင်းလျာချက်ပြုတ်ပြိုင်ပွဲတစ်ခုမှာ နှစ်ယောက်စလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်လာတဲ့အခါ မှာ နှစ်ယောက်သားဟာ ပွဲမဝင်ခင်ကတည်းက အပြင်မှာ မကျေလည်မှုလေးတွေ ရှိနေခဲ့ပါတယ်။

စကိုင်းက သူ့ရဲ့ချက်ပြုတ်မှု စွမ်းရည်အတွက် ဟင်းချက်ရာမှာ ဆရာတစ်ဆူဖြစ်တဲ့ အန်ကယ်ဆဲ ဗင်းဆီမှာ သင်ယူချင်ပေမယ့် သူငယ်စဉ်ဘဝ ဟင်းကောင်းကောင်းမချက်တတ်ခင်က အငြင်းခံထားရတဲ့ ရာဇဝင်ရှိတာမို့ စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်။

တစ်ဖက်မှာ လည်း ပေါလ်အန်းဟာ ပြင်သစ် မှာ သင်လာခဲ့တဲ့ အသစ်အသစ် သော ဟင်းချက်နည်းတွေနဲ့ ပြိုင် ဘက်ကို ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင် ခဲ့ပါတယ်။

အချက်အပြုတ် ဦးစားပေး ဇာတ်ကားမို့ အသီးအရွက်၊ သား ငါးလှီးချွတ်တာတွေ၊ အလှဆင် တာတွေ၊ ပြင်ဆင်ချက်ပြုတ်တာ တွေကလည်း ဇာတ်လမ်းအကြောင်းအရာနဲ့အတူ ဆွဲဆောင်ဦးမှာ သေချာပါတယ်။

ကျွမ်းကျင်စားဖိုမှူး နှစ်ဦးအကြားက အရှေ့တိုင်းနဲ့ အနောက်တိုင်းစတိုင် ချက်ပြုတ်မှုတွေကြား ဘယ်လို အားပြိုင်မှု တွေ ရှိမလဲဆိုတာ ဆက်ကြည့် လိုက်ဦးနော်။ဒီဇာတ်ကားမှာ စကိုင်းကို အဖြစ် နီကိုလက်စ်စီ၊ ပေါလ်အန်း အဖြစ် ဂျန်ယောင်းဝှာ၊ အန်ကယ် ဆဲဗင်းအဖြစ် ဂဲယို၊ ယူနီအဖြစ် တစ်ဖနီတန်၊ မာယိုအဖြစ် မစ် ရှဲယ်ပိုင် စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။

Zawgyi

ဒီကေန႔ ပရိသတ္ေတြခံစား ဖို႔ကိုေတာ့ IMDb Rating (6.4/10) ရရွိထားတဲ့ ေဟာင္ေကာင္ဟာသ ဇာတ္ကားေလး ေ႐ြးထားပါတယ္။ နာမည္ေက်ာ္ စားဖိုမႉး ႏွစ္ဦးရဲ႕ အေရွ႕တိုင္းနဲ႔ အေနာက္တိုင္း လက္ရာ ဟင္းလ်ာခ်က္ျပဳတ္အား ၿပိဳင္မႈေတြကို ၾကည့္ရမယ့္ ဇာတ္ ကားေလးမို႔ ပရိသတ္ေတြအတြက္ ရသအေျပာင္းအလဲေလးေပးစြမ္း ႏိုင္မယ္လို႔ ထင္ပါတယ္။

စကိုင္းကိုဟာ ကန္တုန္လမ္း ေဘး စားေသာက္ဆိုင္တစ္ဆိုင္ က ကြၽမ္းက်င္စားဖိုမႉးတစ္ေယာက္ျဖစ္ၿပီး ဟင္းလ်ာ အမည္ေပါင္းမ်ားစြာကို အခ်ိန္ခဏေလး အတြင္းမွာ စီမံခ်က္ျပဳတ္ႏိုင္သူပါ။ ေပါလ္အန္းကေတာ့ ျပင္သစ္ႏိုင္ငံမွာ ကမာၻ႔နာမည္ႀကီး ဟင္းလ်ာခ်က္ျပဳတ္နည္းေတြကို သင္ယူလာခဲ့တဲ့ မီခ်ီလင္စတားစားဖိုမႉး တစ္ေယာက္ပါ။

စကိုင္းရဲ႕ဆိုင္ကလည္း လမ္းေဘးဆိုင္လို႔ဆိုေပမယ့္ ႏွစ္ေပါင္း မ်ားစြာကတည္းက စားသုံးသူေတြ ရဲ႕ အႀကိဳက္ဟင္းလ်ာေတြကို ႐ိုး ရာခ်က္ျပဳတ္နည္းေတြ ခ်က္ျပဳတ္ ဝန္ေဆာင္မႈေပးရင္း ေအာင္ျမင္ေနတဲ့ ဆိုင္တစ္ခုျဖစ္သလို ေပါလ္အန္းကေတာ့ ၾကယ္သုံးပြင့္စားဖိုမႉးတစ္ေယာက္အျဖစ္နဲ႔ ခမ္းနားတဲ့ စားေသာက္ဆိုင္ႀကီးမွာ ေနာက္ဆုံးေပၚ ဟင္းခ်က္နည္းေတြနဲ႔ ျပင္ဆင္ခ်က္ျပဳတ္မႈေတြကို ေတြ႕ရမွာပါ။

တစ္ရက္မွာေတာ့ အႀကီးက်ယ္ဆုံး ဟင္းလ်ာခ်က္ျပဳတ္ၿပိဳင္ပြဲတစ္ခုမွာ ႏွစ္ေယာက္စလုံး ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ျဖစ္လာတဲ့အခါ မွာ ႏွစ္ေယာက္သားဟာ ပြဲမဝင္ခင္ကတည္းက အျပင္မွာ မေက်လည္မႈေလးေတြ ရွိေနခဲ့ပါတယ္။

စကိုင္းက သူ႔ရဲ႕ခ်က္ျပဳတ္မႈ စြမ္းရည္အတြက္ ဟင္းခ်က္ရာမွာ ဆရာတစ္ဆူျဖစ္တဲ့ အန္ကယ္ဆဲ ဗင္းဆီမွာ သင္ယူခ်င္ေပမယ့္ သူငယ္စဥ္ဘဝ ဟင္းေကာင္းေကာင္းမခ်က္တတ္ခင္က အျငင္းခံထားရတဲ့ ရာဇဝင္ရွိတာမို႔ စိုးရိမ္မႈေတြရွိေနခဲ့ပါတယ္။

တစ္ဖက္မွာ လည္း ေပါလ္အန္းဟာ ျပင္သစ္ မွာ သင္လာခဲ့တဲ့ အသစ္အသစ္ ေသာ ဟင္းခ်က္နည္းေတြနဲ႔ ၿပိဳင္ ဘက္ကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ ျပင္ဆင္ ခဲ့ပါတယ္။

အခ်က္အျပဳတ္ ဦးစားေပး ဇာတ္ကားမို႔ အသီးအ႐ြက္၊ သား ငါးလွီးခြၽတ္တာေတြ၊ အလွဆင္ တာေတြ၊ ျပင္ဆင္ခ်က္ျပဳတ္တာ ေတြကလည္း ဇာတ္လမ္းအေၾကာင္းအရာနဲ႔အတူ ဆြဲေဆာင္ဦးမွာ ေသခ်ာပါတယ္။

ကြၽမ္းက်င္စားဖိုမႉး ႏွစ္ဦးအၾကားက အေရွ႕တိုင္းနဲ႔ အေနာက္တိုင္းစတိုင္ ခ်က္ျပဳတ္မႈေတြၾကား ဘယ္လို အားၿပိဳင္မႈ ေတြ ရွိမလဲဆိုတာ ဆက္ၾကည့္ လိုက္ဦးေနာ္။ဒီဇာတ္ကားမွာ စကိုင္းကို အျဖစ္ နီကိုလက္စ္စီ၊ ေပါလ္အန္း အျဖစ္ ဂ်န္ေယာင္းဝွာ၊ အန္ကယ္ ဆဲဗင္းအျဖစ္ ဂဲယို၊ ယူနီအျဖစ္ တစ္ဖနီတန္၊ မာယိုအျဖစ္ မစ္ ရွဲယ္ပိုင္ စတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားပါတယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *