Dangal (2016)

19904
Share
Copy the link

Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း“နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။”

ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။

သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။

ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့်

အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့…….တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့

Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး သမီးတွေကိုနပန်းသင်ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။

နောက်နေ့ မနက်၅နာရီကစပြီး သံမဏိစည်းကမ်းတွေနဲ့ လေ့ကျင့်ရေးတွေစပါတော့တယ်။အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေသမှာနေထိုင်ပြီး ရှေးရိုးစွဲအယူတွေကြားမှာ မိန်းကလေးနှစ်ယောက်ကို နပန်းသင်ပေးတယ်ဆိုရတာကတော့ ကောင်းကင်ကကြယ်ကိုဆွတ်ခူးရသလိုပါပဲ။

အတိုက်အခိုက်၊ဝေဖန်ရှုံချမှုတွေနဲ့ မနာလိုမှုတွေရှိနေပေမယ့် Mahavir တစ်ယောက်ကတော့ ပတ်ဝန်းကျင်ပြောတာကို ဂရုမစိုက်ပဲ အလုပ်နဲ့သက်သေပြဖို့ကြိုးစားပါတော့တယ်။သမီးနှစ်ယောက်ကတော့ ငယ်ရွယ်သူပီပီ ပျော်ပျော်ပါးပါးနေချင်ပေမယ့် ဖခင်ရဲ့ သံမဏိစည်းကမ်းကတော့ တစ်ပြားမှမလျှော့ပါဘူး။

ဒီလိုနဲ့ လေကျင့်လာခဲ့ရာမှ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကိုရောက်လာပါတော့တယ်။မိန်းကလေးနပန်းသမားမရှိတဲ့ ကျေးရွာမှာတော့ နပန်းပြိုင်ပွဲရဲ့ ပြိုင်ဘက်တွေက ယောကျာ်းလေးတွေကြီးပါပဲ။

မိန်းကလေးမလို့ ပြိုင်ပွဲဝင်ခွင့်တော်တော်များများမှာ ငြင်းပယ်ခံရပေမယ့် ပထမဆုံးယှဉ်ပြိုင်နိုင်တဲ့ပွဲမှာ ယောကျာ်းလေးပြိုင်ဘက်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး ပြည်နယ်အဆင့်ရောက်ကာ ပြည်နယ်အဆင့်မှာပါ ရွှေတံဆိပ်ဆုရခဲ့ပြီး နိုင်ငံလက်ရွေးစင်အဖြစ်ရွေးချယ်ခံရပါတော့တယ်။

နိုင်ငံလက်ရွေးစင်ဖြစ်လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ Mahavir အတွက်ကတော့ လေ့ကျင့်ရေးအထောက်အပံ့အပြည့်အစုံရှိတဲ့ မြို့ကြီးမှာ စခန်းသွင်းလေ့ကျင့်လိုတဲ့ သမီးကြီး Geeta ရဲ့ ဆန္ဒကိုလိုက်လျောပြီး ပို့ဆောင်ပေးခဲ့ပါတယ်။

ဖခင်ရဲ့ သံမဏိစည်းကမ်းကနေလွတ်မြောက်ပြီး လွတ်လွတ်လပ်လပ်နေရတဲ့ Geeta အတွက်ကတော့ အရာရာကပျော်ရွှင်ဖွယ်ရာအတိပါ။နည်းပြဆရာအသစ်နဲ့လေ့ကျင့်ရပြီး သူ့အဖေသင်ပေးတာတွေထက်ပိုကောင်းတယ်လို့လည်း မှတ်ယူလာခဲ့ပါတယ်။

တစ်ရက်ခွင့်ရလို့ အိမ်အပြန်မှာ သူအဖေ့ရဲ့နည်းစနစ်တွေက ခေတ်နောက်ကြနေပြီး အလုပ်မဖြစ်တော့ဘူးဟုပြောလာသောအခါ သားအဖနှစ်ယောက်မှာ စိတ်ဝမ်းကွဲသွားပါတော့တယ်။ဒါပေမဲ့ Geeta တစ်ယောက်သူ့ဆရာရဲ့နည်းစနစ်တွေအတိုင်း နိုင်ငံတကာပွဲကို သွားရောက်ယှဉ်ပြိုင်ပေမဲ့ ပထမအဆင့်ကနေထွက်ခဲ့ရပါတော့တယ်။

သူ့ရဲ့ လက်ရွေးစင်ဘဝကိုလည်း ဆိုးရွားတဲ့ရလဒ်က ခြိမ်းခြောက်လာပါတော့တယ်။နောက်ဆုံးအခွင့်ရေးကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ 2010 Commonwealth Games မှာ ဆုတံဆိပ်ရယူနိုင်ရေးပါ။ဒီလိုအချိနိမှာ သတိရမိတာကတော့ အဖေဖြစ်သူကိုပါပဲ။

အဖေဖြစ်သူကလည်း သမီးဖြစ်သူကို ခွင့်လွှတ်ပေးပြီး ဆုတံဆိပ်ရယူပေးဖို့အတွက် အစွမ်းကုန်ကူညီပါတော့တယ်။သူတို့သားအဖနှစ်ယောက်လုံးမျှော်လင့်တဲ့ ရွှေတံဆိပ်ဆုက ရယူနိုင်မလား……… ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလည်း…….အောင်မြင်အောင်လုပ်ဆောင်နိုင်မလားဆိုတာကတော့……….

Zawgyi

Dangal (သို႔မဟုတ္) ေအာင္ျမင္မႈရဲ႕ ခရီးၾကမ္း“နပန္းသမားတစ္ေယာက္က ကြင္းထဲဝင္လာၿပီး ၿပိဳင္ပြဲဝင္ရတဲ့ရည္႐ြယ္ခ်က္က ႏိုင္ငံအတြက္ဆုတံဆိပ္ရယူေပဖို႔အတြက္ပဲ။ဒါေပမဲ့ ႏိုင္ငံကေတာ့ နပန္းသမားေတြကို ဘာမွကူညီေထာက္ပံမႈမလုပ္ေပးဘူး။”

ဒီစကားကိုေျပာတာက နပန္းအားကစားနည္းကို အေသြးအသားထဲက႐ူးသြပ္ၿပီး နပန္းကစားနည္းကေန ႏိုင္ငံအတြက္ ေ႐ႊတံဆိပ္ဆုရေပးခ်င္တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါေပမဲ့ သူ႔ဆႏၵမျပည့္ဝခဲ့ဘူး။ဝါသနာနဲ႔ ဝမ္းစာ ထိပ္တိုက္ေတြ႕တဲ့အခ်ိန္မွာ ဝါသနာကိုစြန႔္လႊတ္ခဲ့ရေပမယ့္ သူ႔မွာရည္မွန္းခ်က္တစ္ခုရွိတယ္။

သူေမြးတဲ့သားက တစ္ေန႔နပန္းသမားတစ္ေယာက္ျဖစ္ရမယ္တဲ့။ကံၾကမၼာကေတာ့ သူ႔ကိုက်ီစားေနတုန္းပဲ။အႏွစ္ႏွစ္ကာလေမွ်ာ္လင့္ခ်က္နဲ႔ သားတစ္ေယာက္လိုခ်င္တဲ့သူ႔အတြက္ ပထမဆုံးေမြးလာတဲ့ကေလးကေတာ့ မိန္းကေလး၊စိတ္အပ်က္ႀကီးပ်က္ခဲ့ရေပမယ့္ ဇြဲမေလွ်ာ့တဲ့သူကေတာ့ ေနာက္ေမြးမယ့္ကေလးကေယာက်ာ္းေလးျဖစ္ရမယ္တဲ့။

ဒီလိုနဲ႔ နည္းလမ္းေပါင္းစုံ၊ေဆးေပါင္းစုံမွီဝဲရင္း ေယာက်ာ္းေလးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဒီတစ္ခါလည္းေမြးလာတာကလည္း သမီးမိန္းကေလး၊စိတ္ဓာတ္က်စျဖစ္လာေပမယ့္ သားေယာက်ာ္းေလးေမြးလာႏိုးႏိုးနဲ႔ ကေလးေတြတစ္ေယာက္ၿပီးတစ္ေယာက္ေမြးလာခဲ့တာ ၄ေယာက္ေျမာက္ထိေရာက္လာေပမယ့္

အကုန္လုံးကေတာ့သမီးမိန္းကေလးေတြသာ၊ဒီလိုနဲ႔ Mahavir တစ္ေယာက္ သူ႔ရဲ႕ေ႐ႊတံဆိပ္ရယူေရး ရည္မွန္းခ်က္ေတာ့ စြန႔္လႊတ္လိုက္ရၿပီေပါ့။ဒါေပမဲ့…….တစ္ရက္သူအိမိျပန္လာတဲ့အခ်ိန္မွာ သူ႔သမီးအႀကီးႏွစ္ေယာက္ျဖစ္တဲ့

Geeta နဲ႔ Babitaက ေက်ာင္းကအျပန္ လမ္းမွာသူတို႔ႏွစ္ေယာက္ကို လိုက္ေႏွာက္ယွက္တဲ့ ေကာင္းေလးႏွစ္ေယာက္ကို ထိုးႀကိတ္လႊတ္လိုက္ၿပီးတဲ့ေနာက္မွာေတာ့ Mahavir တစ္ေယာက္ သူရဲ႕နပန္းေသြးေတြက သူ႔သမီးေတြဆီမွာလည္း စီးဆင္းေနတယ္ဆိုတာသိၿပီး သမီးေတြကိုနပန္းသင္ေပးဖို႔အတြက္ ဆုံးျဖတ္လိုက္ပါေတာ့တယ္။

ေနာက္ေန႔ မနက္၅နာရီကစၿပီး သံမဏိစည္းကမ္းေတြနဲ႔ ေလ့က်င့္ေရးေတြစပါေတာ့တယ္။အိႏၵိယႏိုင္ငံရဲ႕ေက်းလက္ေဒသမွာေနထိုင္ၿပီး ေရွး႐ိုးစြဲအယူေတြၾကားမွာ မိန္းကေလးႏွစ္ေယာက္ကို နပန္းသင္ေပးတယ္ဆိုရတာကေတာ့ ေကာင္းကင္ကၾကယ္ကိုဆြတ္ခူးရသလိုပါပဲ။

အတိုက္အခိုက္၊ေဝဖန္ရႈံခ်မႈေတြနဲ႔ မနာလိုမႈေတြရွိေနေပမယ့္ Mahavir တစ္ေယာက္ကေတာ့ ပတ္ဝန္းက်င္ေျပာတာကို ဂ႐ုမစိုက္ပဲ အလုပ္နဲ႔သက္ေသျပဖို႔ႀကိဳးစားပါေတာ့တယ္။သမီးႏွစ္ေယာက္ကေတာ့ ငယ္႐ြယ္သူပီပီ ေပ်ာ္ေပ်ာ္ပါးပါးေနခ်င္ေပမယ့္ ဖခင္ရဲ႕ သံမဏိစည္းကမ္းကေတာ့ တစ္ျပားမွမေလွ်ာ့ပါဘူး။

ဒီလိုနဲ႔ ေလက်င့္လာခဲ့ရာမွ ၿပိဳင္ပြဲေတြမွာဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္တဲ့ အဆင့္ကိုေရာက္လာပါေတာ့တယ္။မိန္းကေလးနပန္းသမားမရွိတဲ့ ေက်း႐ြာမွာေတာ့ နပန္းၿပိဳင္ပြဲရဲ႕ ၿပိဳင္ဘက္ေတြက ေယာက်ာ္းေလးေတြႀကီးပါပဲ။

မိန္းကေလးမလို႔ ၿပိဳင္ပြဲဝင္ခြင့္ေတာ္ေတာ္မ်ားမ်ားမွာ ျငင္းပယ္ခံရေပမယ့္ ပထမဆုံးယွဥ္ၿပိဳင္ႏိုင္တဲ့ပြဲမွာ ေယာက်ာ္းေလးၿပိဳင္ဘက္ကို အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲတိုင္းမွာ အႏိုင္ရၿပီး ျပည္နယ္အဆင့္ေရာက္ကာ ျပည္နယ္အဆင့္မွာပါ ေ႐ႊတံဆိပ္ဆုရခဲ့ၿပီး ႏိုင္ငံလက္ေ႐ြးစင္အျဖစ္ေ႐ြးခ်ယ္ခံရပါေတာ့တယ္။

ႏိုင္ငံလက္ေ႐ြးစင္ျဖစ္လို႔ ဝမ္းသာမဆုံးျဖစ္ေနတဲ့ Mahavir အတြက္ကေတာ့ ေလ့က်င့္ေရးအေထာက္အပံ့အျပည့္အစုံရွိတဲ့ ၿမိဳ႕ႀကီးမွာ စခန္းသြင္းေလ့က်င့္လိုတဲ့ သမီးႀကီး Geeta ရဲ႕ ဆႏၵကိုလိုက္ေလ်ာၿပီး ပို႔ေဆာင္ေပးခဲ့ပါတယ္။

ဖခင္ရဲ႕ သံမဏိစည္းကမ္းကေနလြတ္ေျမာက္ၿပီး လြတ္လြတ္လပ္လပ္ေနရတဲ့ Geeta အတြက္ကေတာ့ အရာရာကေပ်ာ္႐ႊင္ဖြယ္ရာအတိပါ။နည္းျပဆရာအသစ္နဲ႔ေလ့က်င့္ရၿပီး သူ႔အေဖသင္ေပးတာေတြထက္ပိုေကာင္းတယ္လို႔လည္း မွတ္ယူလာခဲ့ပါတယ္။

တစ္ရက္ခြင့္ရလို႔ အိမ္အျပန္မွာ သူအေဖ့ရဲ႕နည္းစနစ္ေတြက ေခတ္ေနာက္ၾကေနၿပီး အလုပ္မျဖစ္ေတာ့ဘူးဟုေျပာလာေသာအခါ သားအဖႏွစ္ေယာက္မွာ စိတ္ဝမ္းကြဲသြားပါေတာ့တယ္။ဒါေပမဲ့ Geeta တစ္ေယာက္သူ႔ဆရာရဲ႕နည္းစနစ္ေတြအတိုင္း ႏိုင္ငံတကာပြဲကို သြားေရာက္ယွဥ္ၿပိဳင္ေပမဲ့ ပထမအဆင့္ကေနထြက္ခဲ့ရပါေတာ့တယ္။

သူ႔ရဲ႕ လက္ေ႐ြးစင္ဘဝကိုလည္း ဆိုး႐ြားတဲ့ရလဒ္က ၿခိမ္းေျခာက္လာပါေတာ့တယ္။ေနာက္ဆုံးအခြင့္ေရးကေတာ့ အိႏၵိယႏိုင္ငံမွာ က်င္းပတဲ့ 2010 Commonwealth Games မွာ ဆုတံဆိပ္ရယူႏိုင္ေရးပါ။ဒီလိုအခ်ိနိမွာ သတိရမိတာကေတာ့ အေဖျဖစ္သူကိုပါပဲ။

အေဖျဖစ္သူကလည္း သမီးျဖစ္သူကို ခြင့္လႊတ္ေပးၿပီး ဆုတံဆိပ္ရယူေပးဖို႔အတြက္ အစြမ္းကုန္ကူညီပါေတာ့တယ္။သူတို႔သားအဖႏွစ္ေယာက္လုံးေမွ်ာ္လင့္တဲ့ ေ႐ႊတံဆိပ္ဆုက ရယူႏိုင္မလား……… ဘယ္လိုအခက္အခဲေတြနဲ႔ ႀကဳံေတြ႕ရမလည္း…….ေအာင္ျမင္ေအာင္လုပ္ေဆာင္ႏိုင္မလားဆိုတာကေတာ့……….

(Direct Link) Large Size ~ Download

(Mega) Large Size ~ Coming Soon

(Mega) Small Size ~ Coming Soon

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Coming Soon

Comments

Your email address will not be published. Required fields are marked *