Danger: Diabolik (1968)
15178
Share
Copy the link
Fan တွေအနေနဲ့ တော်တော်များများသော သူခိုးဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါဒါပေမယ့်် အကောင်းဆုံးဆိုတာတွေကို ခဏဘေးဖယ်ထားလိုက်ပါဦးကျွန်တော်အခုညွှန်းမှာ Diabolik ဗျ ။၁၉၆၈ မေလမှာ စပြီးရုံတင်ခဲ့ပြီး ခေတ်နဲ့မလိုက်အောင်ကို ရိုက်ပြသွားတဲ့ကား…
ကောင်းတာလည်းမပြောနဲ့ ရိုက်တဲ့ဒါရိုက်တာက Mario Bava ကိုးဗျဟာကျူလီဇာတ်ကားကို စရိုက်ခဲ့တဲ့သူ…Hercules (1958)ငွေပုံပေါ်မှာအိပ်တဲ့သူ…ရဲတစ်ဖွဲ့တစ်ခုလုံးကို တစ်ကိုယ်တော် အရူးလုပ် လှည့်စားနိုင်သူ…မိန်းမချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး လိုချင်တာဆို မရရအောင် ခိုးယူနိုင်သူ…
ဒါဟာ နှစ်ယောက်မရှိတဲ့ Diabolik ပါပဲ ။ဇာတ်လမ်းမှာဆိုရင် Diabolik ဘယ်လိုဖြစ်လာတယ်ဆိုပြီး ငယ်ဘဝကို ပေရှည်ပြီးရိုက်ပြထားခြင်းမျိုးမဟုတ်ဘဲ…ဇာတ်လမ်းအစမှာတည်းက ဘဏ်တစ်ခုနဲ့တစ်ခု ငွေအပြောင်းအရွှေ့ကို ဘယ်လို အကွက်ကျကျ ရဲတွေကို အရူးလုပ်ပြီး ခိုးယူသွားလဲဆိုတာနေ ရိုက်ပြထားပါတယ် ။
တစ်နေ့ သူ့ကောင်မလေးက မွေးနေ့အတွက် မွေးနေ့လက်ဆောင်ကိုဗြိတိန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာဟာရိုးကလက်ရဲ့ဇနီးဆွဲထားတဲ့ ကမ္ဘာပေါ်မှာ စံထားအရဆုံး အဖိုးတန်မြ ၁၁ခုနဲ့စီချယ် ပြုလုပ်ထားတဲ့ လည်ဆွဲကို လိုချင်တယ်လို့ ပြောလိုက်တဲ့အခါမှာတော့…
အဲ့လည်ဆွဲကို ဝင်ပေါက်တစ်ခုသာရှိပြီး အနောက်မှာ ပင်လယ်ကြီးသာရှိတဲ့ အမြင့်ဆုံး မျှော်စင်မှာထားထားတဲ့အပြင် အစောင့်ပေါင်း အယောက် ၈၀ လောက်ရှိပါတယ်ဒါပေမယ့် Diabolik ဆိုတာ ခေသူမဟုတ်လေတော့…
နောက်ဆုံးတစ်ချက်အနေနဲ့ Diabolik က ဒီလောက်ခိုးယူထားတာတွေ အများကြီးကို ဘယ်မှာထားထားလဲသူနေတဲ့နေရာက ဘယ်လောက်မိုက်လဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ပါဒီကားရိုက်တဲ့ ဒါရိုက်တာ Mario Bava ကတော့ အသက် ၆၅နှစ်အရွယ် 27 April 1980 မှာ သေဆုံးသွားခဲ့ပါတယ် –
Zawgyi
(Disk Yandex) Large Size ~ Download
(Disk Yandex) Small Size ~ Download
(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Direct Link) Large Size ~ Download
(Yoteshin Portal) Large Size ~ Download
(Yoteshin Portal) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download
Comments
Your email address will not be published. Required fields are marked *