Dead Poets Society (1989)

11832
Share
Copy the link

အခု ပြောမှာက ဒီရုပ်ရှင်ကနေ ကျွန်တော်ဖမ်းဆုပ်လို့ရသလောက် အတွေးမျှင်တွေအကြောင်းပါ။ဒီ ရုပ်ရှင်ထဲက Robin Willain ရဲ့ စကားကို မှီးပြောရရင်ပညာရေးဆိုတာ ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့သင်ပေးရတာပါတဲ့။

ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ (ဝါ)ကိုယ့်ဆင်ခြင်တုံတရား ကိုယ့်အသိစိတ်နဲ့ ကိုယ် ရှင်သန်တတ်ဖို့ကျွန်တော်တို့ လိုအပ်တဲ့အရာကရော ဘာများလဲကျွန်တော်ကတော့ အနုပညာလို့ပဲ ဆိုချင်တယ်။ဂီတ စာပေ ကဗျာ ပန်းချီ ဘာမဆိုပါပဲ။ ဒီရုပ်ရှင်မှာတော့ကဗျာတွေနဲ့ပဲ ဥမေယျပြုသွားပါတယ်။

အတွေးအခေါ်နဲ့ ခံစားချက်အပေါ်အခြေခံတဲ့ ကဗျာဆိုတာဟာအပေါ်ယံကြည့်ရင် ဘာမှမဆိုင်သလိုနဲ့ တစ်သားတည်းပါပဲ။အနုပညာကိုမုန်းပါတဲ့ ကျော်ကြားလှစွာသောဒဿ နိကဆရာကြီး ပလေတိုတောင် သူ ဘယ်လိုပဲအနုပညာကိုမုန်းမုန်း သူ့ကျမ်းတွေကတော့အတော်ပြေပြစ်လှပတဲ့ အရေးအသား ဖြစ်နေခဲ့ပါတယ်။

အနုပညာနဲ့ ဒဿဘ နိကဟာ မဆိုင်သလိုနဲ့ဆိုင်နေတဲ့ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါပဲ။ပြီးတော့ကာ တွေးခေါ်မှုဟာခံစားချက်မပါရင် အတော်အန္တရယ်ကြီးတဲ့အရာပါပဲ။

ဒီဇာတ်လမ်းမှာ တွေးခေါ်တတ်ဖို့ လွတ်လပ်စွာရှင်သန်တတ်ဖို့ ကဗျာသင်ပေးတဲ့ ဆရာတစ်ယောက်….ခံစားချက်တွေနဲ့ ပြည့်နှက်ဖွဲ့စည်းနေတဲ့လူ့အဖွဲ့အစည်းကြီးမှာ ကဗျာတွေရဲ့ အရေးပါမှုအကြောင်းကိုသင်ပြပေးသွားခဲ့တဲ့ လူတစ်ယောက် ပါပါတယ်။

ကဗျာသင်ရိုးမှာပါတဲ့ ကဗျာတစ်ပုဒ်ကိုတိုင်းတာပြထားတဲ့ စံညွှန်းတွေကို အကုန်ဆွဲဖြဲပြီးကဗျာရဲ့ တန်ဖိုးအစစ်အမှန်ကို မိဘတွေရဲ့ဆန္ဒအောက်ပိတ်မိနေတဲ့ တပြည့်တွေကို မီးမောင်းထိုးပြခဲ့တဲ့အဲ့ဒီဆရာနာမည်က ဂျွန် ကိတင်း…ပါတဲ့။ခင်ဗျားတို့ရော ဘဝတစ်ခု ကဗျာတစ်ပုဒ်ကိုဘယ်လိုများတိုင်းတာကြလဲ။

အသုံးဝင်မှုတန်ဖိုးနဲ့လား အရည်အသွေးတန်ဖိုးနဲ့လား…ဘာနဲ့မှ မတိုင်းတာပါနဲ့ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ကဗျာကိုရေးထားတဲ့စည်းမျဉ်းစည်းကမ်းလည်းမဟုတ်သလိုသူ့ရဲ့ ကျန်တဲ့ စံညွှန်းတွေလည်း မဟုတ်ပါဘူး။ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးဟာ နှလုံးသားကခံစားရတဲ့ခံစားချက်ပါပဲ။

ဒီလိုပါပဲ ဘဝတစ်ခုရဲ့တန်ဖိုးဟာကျွန်တော်တို့ရဲ့ တော်နေတတ်နေမှု အသုံးဝင်မှုတွေကျွန်တော်တို့ ဘာကောင်ကြီးဆိုတာတွေ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ လွတ်လပ်မှုတွေ ဆန္ဒတွေကျွန်တော်တို့ချစ်တဲ့ ကျွန်တော်တို့ကို ချစ်တဲ့လူတွေပါပဲ။

ဘာကောင်ကြီးဆိုတာအောက် ပိတ်မိမသွားကြဖို့ကျွန်တော့်ကိုယ်ကျွန်တော်တို့ ရှာဖွေကြဖို့ကျွန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတာကိုသိဖို့တွေးခေါ်တတ်ဖို့ ဘဝရဲ့တန်ဖိုးကို သိဖို့….ကျွန်တော်တို့ ပညာတွေသင်နေ အသိညဏ်တွေရှာနေကြရတာပါပဲ။

ဒီရုပ်ရှင်ဟာ ခင်ဗျားတို့တည်ဆောက်ရမဲ့ကိုယ်ပိုင်အတွေးအခေါ်တွေအတွက်အုပ်တစ်ချပ်သဲတစ်ပွင့် ဖြစ်ပါစေလိမ့်မယ် ထင်ပါတယ်။အက္ခရာတင် ရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုအမြဲလိုက်နာနေဖို့ မလိုသလို ပိုကျယ်ပြန့်နက်နဲတဲ့မရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တစ်ရံတစ်ခါလိုက်နာတတ်ဖို့်လည်း လိုပါတယ်။

ဘယ်ဟာကို လိုက်နာရမလဲဆိုတာကိုတော့ကျွန်တော်တို့်ရဲ့ လူသားဆန်မှုက ဆုံးဖြတ်ပေးပါလိမ့်မယ်။ဒီဇာတ်လမ်းမှာလည်း ရေးထိုးထားတဲ့ဆရာတွေကိုညာမပြောရဆိုတဲ့ စည်းမျဉ်းကို လိုက်နာပြီး..မရေးထားတဲ့ ပိုကျယ်ပြန့်နက်နဲတဲ့ “မိတ်ဆွေတွေကိုသစ္စာမဖောက်ရ ” ဆိုတဲ့စည်းမျဉ်းကို ဖောက်ဖျက်မိတဲ့ကျောင်းသားလေးတစ်ယောက် ပါပါသေးတယ်။

ဒီရုပ်ရှင်ကတော့…တကယ့်ကို..ခံစားချက်အကြောင်းဖတ်စာ ပါပဲ။ ခင်ဗျား အများကြီး သင်ယူရရှိပါလိမ့်မယ်။

Zawgyi

အခု ေျပာမွာက ဒီ႐ုပ္ရွင္ကေန ကြၽန္ေတာ္ဖမ္းဆုပ္လို႔ရသေလာက္ အေတြးမွ်င္ေတြအေၾကာင္းပါ။ဒီ ႐ုပ္ရွင္ထဲက Robin Willain ရဲ႕ စကားကို မွီးေျပာရရင္ပညာေရးဆိုတာ ကိုယ့္ဘာသာ ေတြးေခၚတတ္ဖို႔သင္ေပးရတာပါတဲ့။

ကိုယ့္ဘာသာ ေတြးေခၚတတ္ဖို႔ (ဝါ)ကိုယ့္ဆင္ျခင္တုံတရား ကိုယ့္အသိစိတ္နဲ႔ ကိုယ္ ရွင္သန္တတ္ဖို႔ကြၽန္ေတာ္တို႔ လိုအပ္တဲ့အရာကေရာ ဘာမ်ားလဲကြၽန္ေတာ္ကေတာ့ အႏုပညာလို႔ပဲ ဆိုခ်င္တယ္။ဂီတ စာေပ ကဗ်ာ ပန္းခ်ီ ဘာမဆိုပါပဲ။ ဒီ႐ုပ္ရွင္မွာေတာ့ကဗ်ာေတြနဲ႔ပဲ ဥေမယ်ျပဳသြားပါတယ္။

အေတြးအေခၚနဲ႔ ခံစားခ်က္အေပၚအေျခခံတဲ့ ကဗ်ာဆိုတာဟာအေပၚယံၾကည့္ရင္ ဘာမွမဆိုင္သလိုနဲ႔ တစ္သားတည္းပါပဲ။အႏုပညာကိုမုန္းပါတဲ့ ေက်ာ္ၾကားလွစြာေသာဒႆ နိကဆရာႀကီး ပေလတိုေတာင္ သူ ဘယ္လိုပဲအႏုပညာကိုမုန္းမုန္း သူ႔က်မ္းေတြကေတာ့အေတာ္ေျပျပစ္လွပတဲ့ အေရးအသား ျဖစ္ေနခဲ့ပါတယ္။

အႏုပညာနဲ႔ ဒႆဘ နိကဟာ မဆိုင္သလိုနဲ႔ဆိုင္ေနတဲ့ဒဂၤါးျပားရဲ႕ ေခါင္းနဲ႔ပန္းပါပဲ။ၿပီးေတာ့ကာ ေတြးေခၚမႈဟာခံစားခ်က္မပါရင္ အေတာ္အႏၲရယ္ႀကီးတဲ့အရာပါပဲ။

ဒီဇာတ္လမ္းမွာ ေတြးေခၚတတ္ဖို႔ လြတ္လပ္စြာရွင္သန္တတ္ဖို႔ ကဗ်ာသင္ေပးတဲ့ ဆရာတစ္ေယာက္….ခံစားခ်က္ေတြနဲ႔ ျပည့္ႏွက္ဖြဲ႕စည္းေနတဲ့လူ႔အဖြဲ႕အစည္းႀကီးမွာ ကဗ်ာေတြရဲ႕ အေရးပါမႈအေၾကာင္းကိုသင္ျပေပးသြားခဲ့တဲ့ လူတစ္ေယာက္ ပါပါတယ္။

ကဗ်ာသင္႐ိုးမွာပါတဲ့ ကဗ်ာတစ္ပုဒ္ကိုတိုင္းတာျပထားတဲ့ စံၫႊန္းေတြကို အကုန္ဆြဲၿဖဲၿပီးကဗ်ာရဲ႕ တန္ဖိုးအစစ္အမွန္ကို မိဘေတြရဲ႕ဆႏၵေအာက္ပိတ္မိေနတဲ့ တျပည့္ေတြကို မီးေမာင္းထိုးျပခဲ့တဲ့အဲ့ဒီဆရာနာမည္က ဂြၽန္ ကိတင္း…ပါတဲ့။ခင္ဗ်ားတို႔ေရာ ဘဝတစ္ခု ကဗ်ာတစ္ပုဒ္ကိုဘယ္လိုမ်ားတိုင္းတာၾကလဲ။

အသုံးဝင္မႈတန္ဖိုးနဲ႔လား အရည္အေသြးတန္ဖိုးနဲ႔လား…ဘာနဲ႔မွ မတိုင္းတာပါနဲ႔ကဗ်ာတစ္ပုဒ္ရဲ႕ တန္ဖိုးဟာ ကဗ်ာကိုေရးထားတဲ့စည္းမ်ဥ္းစည္းကမ္းလည္းမဟုတ္သလိုသူ႔ရဲ႕ က်န္တဲ့ စံၫႊန္းေတြလည္း မဟုတ္ပါဘူး။ကဗ်ာတစ္ပုဒ္ရဲ႕တန္ဖိုးဟာ ႏွလုံးသားကခံစားရတဲ့ခံစားခ်က္ပါပဲ။

ဒီလိုပါပဲ ဘဝတစ္ခုရဲ႕တန္ဖိုးဟာကြၽန္ေတာ္တို႔ရဲ႕ ေတာ္ေနတတ္ေနမႈ အသုံးဝင္မႈေတြကြၽန္ေတာ္တို႔ ဘာေကာင္ႀကီးဆိုတာေတြ မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ရဲ႕ လြတ္လပ္မႈေတြ ဆႏၵေတြကြၽန္ေတာ္တို႔ခ်စ္တဲ့ ကြၽန္ေတာ္တို႔ကို ခ်စ္တဲ့လူေတြပါပဲ။

ဘာေကာင္ႀကီးဆိုတာေအာက္ ပိတ္မိမသြားၾကဖို႔ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္တို႔ ရွာေဖြၾကဖို႔ကြၽန္ေတာ္တို႔ ဘာလုပ္သင့္တယ္ဆိုတာကိုသိဖို႔ေတြးေခၚတတ္ဖို႔ ဘဝရဲ႕တန္ဖိုးကို သိဖို႔….ကြၽန္ေတာ္တို႔ ပညာေတြသင္ေန အသိညဏ္ေတြရွာေနၾကရတာပါပဲ။

ဒီ႐ုပ္ရွင္ဟာ ခင္ဗ်ားတို႔တည္ေဆာက္ရမဲ့ကိုယ္ပိုင္အေတြးအေခၚေတြအတြက္အုပ္တစ္ခ်ပ္သဲတစ္ပြင့္ ျဖစ္ပါေစလိမ့္မယ္ ထင္ပါတယ္။အကၡရာတင္ ေရးထိုးထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကိုအၿမဲလိုက္နာေနဖို႔ မလိုသလို ပိုက်ယ္ျပန႔္နက္နဲတဲ့မေရးထိုးထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို တစ္ရံတစ္ခါလိုက္နာတတ္ဖို႔္လည္း လိုပါတယ္။

ဘယ္ဟာကို လိုက္နာရမလဲဆိုတာကိုေတာ့ကြၽန္ေတာ္တို႔္ရဲ႕ လူသားဆန္မႈက ဆုံးျဖတ္ေပးပါလိမ့္မယ္။ဒီဇာတ္လမ္းမွာလည္း ေရးထိုးထားတဲ့ဆရာေတြကိုညာမေျပာရဆိုတဲ့ စည္းမ်ဥ္းကို လိုက္နာၿပီး..မေရးထားတဲ့ ပိုက်ယ္ျပန႔္နက္နဲတဲ့ “မိတ္ေဆြေတြကိုသစၥာမေဖာက္ရ ” ဆိုတဲ့စည္းမ်ဥ္းကို ေဖာက္ဖ်က္မိတဲ့ေက်ာင္းသားေလးတစ္ေယာက္ ပါပါေသးတယ္။

ဒီ႐ုပ္ရွင္ကေတာ့…တကယ့္ကို..ခံစားခ်က္အေၾကာင္းဖတ္စာ ပါပဲ။ ခင္ဗ်ား အမ်ားႀကီး သင္ယူရရွိပါလိမ့္မယ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *