Dear Zindagi (2016)

18193
Share
Copy the link

နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့ မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကိုလိုအပ်ပါတယ်။

သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။

Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီးသူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။

Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါစိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။

ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့အခါDear Zindagi ဆိုတဲ့ လှပတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပထမဆုံးချီးကျူးလိုတာကတော့ ဇာတ်ကားကို ရိုက်ကူးတဲ့အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde ရဲ့ ရိုက်ကူးမှုပါပဲ။မြန်မာပရိသတ်တွေတော်တော်သဘောကျတဲ့ပေါက်ကားဖြစ်တဲ့ အမေရိကန်ရောက် အင်ဒီယန်းအမျိုးသမီးရဲ့ အင်္ဂလိပ်စာသင်ယူမှု အကြောင်းရိုက်ကူးထားတဲ့English Vinglish ဇာတ်ကားကို ရိုက်ကူးထားတဲ့သူပါ။

ဝင်ငွေပိုင်းအရအောင်မြင်သလိုအနုပညာအရလည်းဆုပေါင်းများစွာရရှိခဲ့တဲ့ကားကို ရိုက်ကူးခဲ့တဲ့သူမအနေနဲ့ ယခုဇာတ်ကားအပါအဝင်ဇာတ်ကားနှစ်ကားပဲရိုက်ကူးထားရပါသေးတယ်။တကယ်ကိုပဲ ချီးကျူးဖို့ကောင်းသလိုရိုက်ကူးတဲ့ဇာတ်ကားနှစ်ကားလုံးကအရမ်းကိုကောင်းမွန်သလို ဝင်ငွေပိုင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။

အမျိုးသမီးဒါရိုက်တာဖြစ်တာနဲ့အညီ သူမရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ကောင်ကိုအဓိကထားရိုက်သလို ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်က မင်းသမီး Alia Bhatt ဖြစ်ပါတယ်။

နောက်ပိုင်းတက်သစ်စမင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့ Alia အတွက်တော့ ဒီဇာတ်ကားကသူမရဲ့သရုပ်ဆောင်ဘဝကို တစ်ဆင့်တက်စေတဲ့ ဇာတ်ကားပါပဲ။လုပ်ကွက်ရတာနဲ့အညီအကောင်းဆုံးသရုပ်ဆောင်သွားတဲ့ Alia ကတော့ ဒီနှစ်ဆုပေးပွဲတွေရဲ့အဓိကသရုပ်ဆောင်ဆုတွေမှာ ရေပန်းစားနေပါသည်။

မင်းသမီးရဲ့အဓိကဦးဆောင်တဲ့ဇာတ်ဖြစ်ပေမယ့် Dear Zindagi ဆိုတဲ့ ဇာတ်ကားရဲ့အသက်ကိုသွင်းပေးတဲ့သူကတော့ Dr.Jug အဖြစ်သရုပ်ဆောင်တဲ့ အားလုံးချစ်တဲ့မင်းသားကြီးShah Rukh Khan(SRK) ပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းအသက်ဖြစ်တဲ့ အရမ်းကောင်းမွန်တဲ့စိတ်ပညာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကို လွယ်ကူစွာနားလည်နိုင်စေရန် ဥပမာပေးပြီး အရေးကြီးတဲ့ဘဝနဲ့ဆိုင်တဲ့ ဒသနတွေကို ပြောပြခဲ့တဲ့ SRK ရဲ့ဇာတ်ရုပ်က တော်တော်လေးကောင်းမွန်ပါတယ်။

မင်းသားရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်မှုတွေပေါင်းစပ်လိုက်တဲ့ အခါမှာတော့Dr.Jug ဆိုတဲ့ဇာတ်ကောင်က ကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။ဒီဘက်နှစ်တွေမှာ Bollywood မဆန်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးလာတဲ့ မင်းသားရဲ့ပြောင်းလဲမှုကိုသက်သေပြုတဲ့ ဒီဇာတ်ကားက ပုံမှန် Bollywood ဇာတ်ကားကနေအများကြီးခွဲထွက်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ တော်တော်လေးဆင်ပြီး အရမ်းလှတဲ့ ဂိုအာမြို့မှာအခြေပြုရိုက်ကူးထားတဲ့ ဒီဇာတ်ကားကပုံမှန်ဖြစ်နေတဲ့ အုပ်စုဖွဲ့ဝိုင်းကတဲ့ သီချင်းခန်းတွေမပါသလို ယုတ္ထိမရှိတဲ့ fight scence လည်း မပါဝင်ပါဘူး။ဇာတ်ကားနဲ့အရမ်းလိုက်ဖက်သလို အရမ်းကို အဓိပ္ပါယ်ရှိပြီးကောင်းလွန်းတဲ့ နောက်ခံဇာတ်ဝင်သီချင်းတွေသာပါဝင်ပါတယ်။

တော်တော်များလည်းအကြိုက်တွေ့မယ် ထင်ပါတယ်။ဒီလိုသီချင်းပုံစံမျိုးသုံးတာကတော့ဒါရိုက်တာ Gauri Shinde ရဲ့ စတိုင်လို့ပြောရသလို အရမ်းလည်းမိုက်ပါတယ်။ရိုက်ကူးထားတာကလည်းလှပသလို မင်းသမီးရဲ့ချစ်စဖွယ်အလှလည်းပေါ်လွင်ပါတယ်။

ဘာမှနည်းပညာဆန်းသစ်မှုမပါပဲ ဘတ်ဂျက်အနည်းငယ်သာကုန်ပြီး ရိုက်ကူးထားတဲ့ဒီဇာတ်ကားက ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ ရိုက်ကူးစရိတ်ကျေပြီး အခုဆိုရင်အမြတ်များစွားရနေပြီဖြစ်ပါတယ်။ရုပ်ရှင်ကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်းကောင်းမှုနဲ့ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေကဒီဇာတ်ကားကို အောင်မြင်မှုကိုတွန်းပို့စေပါတယ်။

ဒီနေရာတစ်ခုတွေးမိတာ နည်းပညာမတိုးတက်လို့ရုပ်ရှင်ကားမကောင်းဘူးပြောနေတဲ့ သူတစ်ချို့ကိုသတိရမိပါသေးတယ်။သူတို့ကို ဒီဇာတ်ကားလေးကို တစ်ခါလောက်ကြည့်ဖို့တိုက်တွန်းချင်ပါသေးတယ်။ပထမဆုံးပြောခဲ့သလိုပဲ အခက်အခဲတွေနဲ့ကြုံတဲ့အခါ မိတ်ဆွေကောင်းတွေရဲ့ အားပေးလမ်းညွန်မှုကအရေးပါလှပါတယ်။

Kiara ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုပြောခဲ့တဲ့ Dr.Jug ရဲ့စကားလုံးတိုင်းက အရမ်းကောင်းပါတယ်။ကျွန်တော်ရေးပြရင် ပေါ့သွာသလိုဖြစ်သွားမှာတာကြောင့်သူငယ်ချင်းတွေကိုတိုင် ကြည့်ရှုပြီးခံစားစေချင်ပါတယ်။တကယ်ကို အဖိုးတန်တဲ့စကားတွေဖြစ်သလိုကျွန်တော်တို့အတွက်တွန်းအားတစ်ခုရစေမှာပါ။

စိတ်ဓာတ်ကျနေတဲ့သူတွေ၊တွန်းအားတစ်ခုလိုချင်တဲ့သူတွေ၊မိတ်ဆွေကောင်းတစ်ယောက်လိုချင်တဲ့သူတွေကိုတော့ ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။အချိန် ၂နာရီခွဲအတွင်းမှာပဲ ပေးလိုက်ရတဲ့အချိန်ထက် ပိုတန်တဲ့ ထိုက်တန်မှုကိုရရှိမယ်ဆိုတာကတော့ ရဲရဲကြီးအာမခံပါတယ်။

Zawgyi

ေန႔စဥ္ဓူဝ ႐ုန္းကန္လႈပ္ရွားေနရတဲ့ လူ႔ဘဝႀကီးထဲမွာ ေအာင္ျမင္ေသာဘဝကိုရရွိဖို႔အခက္အခဲမ်ိဳးစုံကို ျဖတ္သန္းေနရပါတယ္။မေအာင္ျမင္ခင္မွာ ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြကိုရင္ဆိုင္ေက်ာ္လႊားဖို႔ မိဘနဲ႔ မိမိရဲ႕ အရင္းအႏွီးဆုံးသူငယ္ခ်င္းေတြရဲ႕ အားေပးကူညီမႈေတြကိုလိုအပ္ပါတယ္။

သူတို႔ရဲ႕ ကူညီမႈသာမပါရင္ ေက်ာ္ျဖတ္ဖို႔ ေတာ္ေတာ္ေလးပင္ပန္းခက္ခဲမွာပါ။မိတ္ေဆြေကာင္းေတြရဲ႕ အႀကံဉာဏ္ေတြက ကြၽန္ေတာ့္တို႔ေရွ႕ဆက္ေလွ်ာက္လွမ္းရမယ့္ဘဝအတြက္ေတာ့ အေကာင္းဆုံးခြန္အားပါပဲ။

Kaira (Alia Bhatt) က အရည္အခ်င္းရွိတဲ့ Cinematographer တစ္ေယာက္ျဖစ္ၿပီးသူမရဲ႕ဘဝကို ဒီထက္ေအာင္ျမင္မႈရဖို႔ႀကိဳးစားေနသူပါ။ဒါေပမဲ့ ႏွလုံးသားေရးမွာေတာ့ ကံမေကာင္းေသးပါဘူး။သူမနဲ႔ ကိုက္ညီတဲ့ စစ္မွန္တဲ့ အခ်စ္စစ္ကိုရွာေဖြေနတုန္းမွာပဲ အသည္းကြဲခံလိုက္ရပါတယ္။

Goa မွာရွိတဲ့ စားေသာက္ဆိုင္ေၾကာ္ျငာ႐ိုက္ဖို႔အတြက္ ေမြးရက္ေျမကို ျပန္ဖို႔ျဖစ္လာေသာအခါစိတ္ဓာတ္က်ၿပီး ရည္မွန္းခ်က္ေပ်ာက္ေနတဲ့ Kaira တစ္ေယာက္ စိတ္ေရာဂါအထူးကုဆရာဝန္ျဖစ္တဲ့Dr. Jehangir Khan (Shah Rukh Khan) ရဲ႕ ေဟာေျပာမႈကိုနားေထာင္ျဖစ္ခဲ့ပါတယ္။

ၿပီးေတာ့ သူမရဲ႕ျဖစ္ပ်က္ေနတဲ့ စိတ္ပ်က္မႈကိုပေပ်ာက္ဖို႔အတြက္ Dr.Jug နဲ႔ေတြ႕ဆုံဖို႔ျဖစ္လာပါေတာ့တယ္။ပုံမွန္သမာ႐ိုးက်မဟုတ္တဲ့ ကုသမႈေတြနဲ႔ Kiara ရဲ႕ အတိတ္ဘဝ၊လက္ရွိႀကဳံေနရတဲ့ အခက္အခဲေတြကို ေျဖရွင္းေပးတဲ့အခါDear Zindagi ဆိုတဲ့ လွပတဲ့ ႐ုပ္ရွင္တစ္ကားျဖစ္လာပါေတာ့တယ္။

ဒီဇာတ္ကားနဲ႔ပတ္သတ္ၿပီး ပထမဆုံးခ်ီးက်ဴးလိုတာကေတာ့ ဇာတ္ကားကို ႐ိုက္ကူးတဲ့အမ်ိဳးသမီး ဒါ႐ိုက္တာျဖစ္တဲ့ Gauri Shinde ရဲ႕ ႐ိုက္ကူးမႈပါပဲ။ျမန္မာပရိသတ္ေတြေတာ္ေတာ္သေဘာက်တဲ့ေပါက္ကားျဖစ္တဲ့ အေမရိကန္ေရာက္ အင္ဒီယန္းအမ်ိဳးသမီးရဲ႕ အဂၤလိပ္စာသင္ယူမႈ အေၾကာင္း႐ိုက္ကူးထားတဲ့English Vinglish ဇာတ္ကားကို ႐ိုက္ကူးထားတဲ့သူပါ။

ဝင္ေငြပိုင္းအရေအာင္ျမင္သလိုအႏုပညာအရလည္းဆုေပါင္းမ်ားစြာရရွိခဲ့တဲ့ကားကို ႐ိုက္ကူးခဲ့တဲ့သူမအေနနဲ႔ ယခုဇာတ္ကားအပါအဝင္ဇာတ္ကားႏွစ္ကားပဲ႐ိုက္ကူးထားရပါေသးတယ္။တကယ္ကိုပဲ ခ်ီးက်ဴးဖို႔ေကာင္းသလို႐ိုက္ကူးတဲ့ဇာတ္ကားႏွစ္ကားလုံးကအရမ္းကိုေကာင္းမြန္သလို ဝင္ေငြပိုင္းမွာလည္း ေအာင္ျမင္ခဲ့ပါတယ္။

အမ်ိဳးသမီးဒါ႐ိုက္တာျဖစ္တာနဲ႔အညီ သူမရဲ႕ဇာတ္ကားေတြမွာ အမ်ိဳးသမီးဇာတ္ေကာင္ကိုအဓိကထား႐ိုက္သလို ဒီဇာတ္ကားရဲ႕ အဓိကသ႐ုပ္ေဆာင္က မင္းသမီး Alia Bhatt ျဖစ္ပါတယ္။

ေနာက္ပိုင္းတက္သစ္စမင္းသမီးေတြထဲမွာ သ႐ုပ္ေဆာင္ေကာင္းတဲ့ Alia အတြက္ေတာ့ ဒီဇာတ္ကားကသူမရဲ႕သ႐ုပ္ေဆာင္ဘဝကို တစ္ဆင့္တက္ေစတဲ့ ဇာတ္ကားပါပဲ။လုပ္ကြက္ရတာနဲ႔အညီအေကာင္းဆုံးသ႐ုပ္ေဆာင္သြားတဲ့ Alia ကေတာ့ ဒီႏွစ္ဆုေပးပြဲေတြရဲ႕အဓိကသ႐ုပ္ေဆာင္ဆုေတြမွာ ေရပန္းစားေနပါသည္။

မင္းသမီးရဲ႕အဓိကဦးေဆာင္တဲ့ဇာတ္ျဖစ္ေပမယ့္ Dear Zindagi ဆိုတဲ့ ဇာတ္ကားရဲ႕အသက္ကိုသြင္းေပးတဲ့သူကေတာ့ Dr.Jug အျဖစ္သ႐ုပ္ေဆာင္တဲ့ အားလုံးခ်စ္တဲ့မင္းသားႀကီးShah Rukh Khan(SRK) ပဲျဖစ္ပါတယ္။

ဒီဇာတ္လမ္းအသက္ျဖစ္တဲ့ အရမ္းေကာင္းမြန္တဲ့စိတ္ပညာနဲ႔ပတ္သတ္တဲ့ ရွင္းလင္းခ်က္ေတြကို လြယ္ကူစြာနားလည္ႏိုင္ေစရန္ ဥပမာေပးၿပီး အေရးႀကီးတဲ့ဘဝနဲ႔ဆိုင္တဲ့ ဒသနေတြကို ေျပာျပခဲ့တဲ့ SRK ရဲ႕ဇာတ္႐ုပ္က ေတာ္ေတာ္ေလးေကာင္းမြန္ပါတယ္။

မင္းသားရဲ႕ ေျပာစရာမလိုတဲ့ သ႐ုပ္ေဆာင္မႈေတြေပါင္းစပ္လိုက္တဲ့ အခါမွာေတာ့Dr.Jug ဆိုတဲ့ဇာတ္ေကာင္က ကြၽန္ေတာ္ရဲ႕အေကာင္းဆုံးမိတ္ေဆြျဖစ္လာပါေတာ့တယ္။ဒီဘက္ႏွစ္ေတြမွာ Bollywood မဆန္တဲ့ ႐ုပ္ရွင္ကားေတြ႐ိုက္ကူးလာတဲ့ မင္းသားရဲ႕ေျပာင္းလဲမႈကိုသက္ေသျပဳတဲ့ ဒီဇာတ္ကားက ပုံမွန္ Bollywood ဇာတ္ကားကေနအမ်ားႀကီးခြဲထြက္ထားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ေတာ္ေတာ္ေလးဆင္ၿပီး အရမ္းလွတဲ့ ဂိုအာၿမိဳ႕မွာအေျချပဳ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားကပုံမွန္ျဖစ္ေနတဲ့ အုပ္စုဖြဲ႕ဝိုင္းကတဲ့ သီခ်င္းခန္းေတြမပါသလို ယုတၳိမရွိတဲ့ fight scence လည္း မပါဝင္ပါဘူး။ဇာတ္ကားနဲ႔အရမ္းလိုက္ဖက္သလို အရမ္းကို အဓိပၸါယ္ရွိၿပီးေကာင္းလြန္းတဲ့ ေနာက္ခံဇာတ္ဝင္သီခ်င္းေတြသာပါဝင္ပါတယ္။

ေတာ္ေတာ္မ်ားလည္းအႀကိဳက္ေတြ႕မယ္ ထင္ပါတယ္။ဒီလိုသီခ်င္းပုံစံမ်ိဳးသုံးတာကေတာ့ဒါ႐ိုက္တာ Gauri Shinde ရဲ႕ စတိုင္လို႔ေျပာရသလို အရမ္းလည္းမိုက္ပါတယ္။႐ိုက္ကူးထားတာကလည္းလွပသလို မင္းသမီးရဲ႕ခ်စ္စဖြယ္အလွလည္းေပၚလြင္ပါတယ္။

ဘာမွနည္းပညာဆန္းသစ္မႈမပါပဲ ဘတ္ဂ်က္အနည္းငယ္သာကုန္ၿပီး ႐ိုက္ကူးထားတဲ့ဒီဇာတ္ကားက ႐ုံတင္ၿပီးသုံးရက္အတြင္းမွာပဲ ႐ိုက္ကူးစရိတ္ေက်ၿပီး အခုဆိုရင္အျမတ္မ်ားစြားရေနၿပီျဖစ္ပါတယ္။႐ုပ္ရွင္ကားတစ္ကားရဲ႕ အသက္ျဖစ္တဲ့ ဇာတ္ၫႊန္းေကာင္းမႈနဲ႔ သ႐ုပ္ေဆာင္ေတြရဲ႕ အသက္ဝင္တဲ့သ႐ုပ္ေဆာင္မႈေတြကဒီဇာတ္ကားကို ေအာင္ျမင္မႈကိုတြန္းပို႔ေစပါတယ္။

ဒီေနရာတစ္ခုေတြးမိတာ နည္းပညာမတိုးတက္လို႔႐ုပ္ရွင္ကားမေကာင္းဘူးေျပာေနတဲ့ သူတစ္ခ်ိဳ႕ကိုသတိရမိပါေသးတယ္။သူတို႔ကို ဒီဇာတ္ကားေလးကို တစ္ခါေလာက္ၾကည့္ဖို႔တိုက္တြန္းခ်င္ပါေသးတယ္။ပထမဆုံးေျပာခဲ့သလိုပဲ အခက္အခဲေတြနဲ႔ႀကဳံတဲ့အခါ မိတ္ေဆြေကာင္းေတြရဲ႕ အားေပးလမ္းၫြန္မႈကအေရးပါလွပါတယ္။

Kiara ကို စိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္ စကားေတြကိုေျပာခဲ့တဲ့ Dr.Jug ရဲ႕စကားလုံးတိုင္းက အရမ္းေကာင္းပါတယ္။ကြၽန္ေတာ္ေရးျပရင္ ေပါ့သြာသလိုျဖစ္သြားမွာတာေၾကာင့္သူငယ္ခ်င္းေတြကိုတိုင္ ၾကည့္ရႈၿပီးခံစားေစခ်င္ပါတယ္။တကယ္ကို အဖိုးတန္တဲ့စကားေတြျဖစ္သလိုကြၽန္ေတာ္တို႔အတြက္တြန္းအားတစ္ခုရေစမွာပါ။

စိတ္ဓာတ္က်ေနတဲ့သူေတြ၊တြန္းအားတစ္ခုလိုခ်င္တဲ့သူေတြ၊မိတ္ေဆြေကာင္းတစ္ေယာက္လိုခ်င္တဲ့သူေတြကိုေတာ့ ဒီဇာတ္ကားကို မလြတ္တမ္းၾကည့္ဖို႔ တိုက္တြန္းလိုပါတယ္။အခ်ိန္ ၂နာရီခြဲအတြင္းမွာပဲ ေပးလိုက္ရတဲ့အခ်ိန္ထက္ ပိုတန္တဲ့ ထိုက္တန္မႈကိုရရွိမယ္ဆိုတာကေတာ့ ရဲရဲႀကီးအာမခံပါတယ္။

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *