Deliver Us from Evil (2020)
16826NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေအနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား….အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်….
ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီးလူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်…..နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ကြိုးစားပါတော့တယ်…
ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ…ဉာဏ်ကောင်းထက်မြက်တဲ့အပြင်အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင်တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့….
ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့အပြုင်ကျဲထားတဲ့ကားပါ….အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ခပ်နုနုသူတွေမကြည့်သင့်ပါဘူး…လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေသွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်…
အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ…
Zawgyi
ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီးလူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်…..နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်…


(Direct Link) Large Size ~ Download
(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download