Den blomstertid nu kommer: The Unthinkable (2018)

12831
Share
Copy the link

ဒီဇာတ်ကားလေးကတော့ ဆွီဒင်ရုပ်ရှင်လောကရဲ့ အကောင်းဆုံးလို့ပြောရမယ့်ထွန်းပေါက်အောင်မြင်ခဲ့တဲ့ ဆွီဒင်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်Rating 7 ရရှိထားပြီးတော့ ကြာမြင့်ချိန် ၂ နာရီကျော်ကိုအပြည့်အဝကြည့်ရမယ့်အလွန်တရာမှလည်း သဘာဝကျတဲ့ ကားကောင်းလေးတစ်ကားပါ

ဇာတ်လမ်းပုံစံကတော့ ကိုရီးယားရုပ်ရှင်လောကမှာ မှတ်ကျောက်တစ်ခုတင်နိုင်ခဲ့တဲ့“Train to busan “လို နိုင်ငံတစ်ဝှမ်းမှာ ကပ်ဆိုးကျရောက်ပြီး အသက်ရှင်သန်ဖို့အတွက် ရုန်းကန်ခဲ့ရတာတွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းအသွားအလာမျိုးပါပဲ……….

ဇာတ်ကားအစမှာ ဇာတ်ရှိန်နည်းနည်းအေးတယ်ဆိုပေမယ့်တဖြည်းဖြည်းဇာတ်ရှိန် မြင့်တက်လာအောင်ဆွဲခေါ်သွားတာတွေ့ရမှာပါ ………ဇာတ်ညွှန်းလေးကို မပြောခင်မှာ ….ဆွီဒင်နိုင်ငံရဲ့ နောက်ခံအချက်အလက်လေးတွေကို ပြောပြချင်ပါသေးတယ်…..

ဆွီဒင်နိုင်ငံဟာ ဥရောပတိုက်မှာ တည်ရှိပြီးတော့မြို့တော်ကတော့ စတော့ဟွန်းမြို့ပါလူဦးရေအားဖြင့် ၁၀ သန်းကျော်တည်ရှိပြီး နိုင်ငံတော်ကာကွယ်ရေးအတွက်အမြဲတမ်းတပ်ဖွဲ့ဝင်ကတော့ စစ်သည် ၂သောင်းကျော်ပဲ ခန့်အပ်ထားပါတယ်

နိုင်ငံအတွက် လိုအပ်လာရင်တော့ လူဦးရေ ယောကျ်ား၊မိန်းမပေါင်းသိန်း ၅၀ကျော်လောက်ကို စစ်မှုထမ်းဆောင်ဖို့အတွက် အရန်သင့်လျာထားတာ ရှိပါတယ်အခုလို ကပ်ဆိုးဖြစ်လာပြီး ထိခိုက်နစ်နာမှုမြန်ဆန်တဲ့အခါ ဆိုရင်တော့အမြဲတမ်းတပ်ဖွဲ့ဝင် စစ်သား ၂သောင်းကျော်လောက်နဲ့ ပြည်သူ ၁၀သန်းကိုကာကွယ်ပေးဖို့ ဆိုတာ တော်တော်ခက်ခဲမယ်ဆိုတာကို မှန်းဆမိမှာပါ….

ကူးစက်မှုမြန်ဆန်စွာနဲ့ ဆွီဒင်နိုင်ငံထိပ်သီးအစိုးရအဖွဲ့ဝင်အားလုံးအရင်ဆုံးကျဆုံးသွားခဲ့မယ်ဆိုရင်တော့ နိုင်ငံတစ်ခုလုံး ပရမ်းပတာဖြစ်သွားမှာပါ …….ဇာတ်ညွှန်းလေးကို ပြောပြရရင်တော့…..ဆွီဒင်နိုင်ငံရဲ့အထိမ်းအမှတ်နေ့တစ်ခုဖြစ်တဲ့ MidSummer Dayနေ့မှာ ဖြစ်ခဲ့တာပါ

ဘာအကြောင်းအရင်းကြောင့်မှန်းမသိဘဲ ကောင်းကင်တစ်ခုလုံးကဌက်တွေ မြေပြင်ပေါ်ပြုတ်ကျ သေဆုံးလာတာကနေအစပြုပြီးတော့နိုင်ငံတစ်ခုလုံး ကပ်ဆိုးဝင်ခဲ့တာပါကိုယ်ချစ်ခင်ရတဲ့သူတွေ ကိုယ်ရင်းနှီးတဲ့သူတွေ ကူးစက်ခံရတာကိုကယ်တင်နိုင်ခြင်းမရှိဘဲ ဆွီဒင်အစိုးရအဖွဲ့ဝင်တွေကိုယ်တိုင်ပျက်စီးယိုယွင်းသွားတဲ့အတွက် ကယ်သူမဲ့တဲ့ အခြေအနေမှာကိုယ်အသက်ရှင်ဖို့ ကိုယ်တိုင်ရုန်းကန်ကြရင်းတဦးနဲ့တဦးဖေးမကူညီပြီး ရင်ဆိုင်ရပါတော့တယ်…

ကဲ…အဲ့ဒီတော့ အားလုံးအနေနဲ့ ဘယ်လို ကပ်ရောဂါဆိုးကြောင့်ဆွီဒင်အစိုးရအပါအဝင် ပြည်သူအားလုံး ဒုက္ခရောက်ခဲ့ကြသလဲပြီးတော့ ဘယ်သူတွေက သေချာအကွက်ချပြီးဆိုးရွားမှုတွေကိုဖန်တီးခဲ့တာလဲ ဆိုတာကိုတော့ ပိတ်ကားပေါ်မှာဆက်လက်ရှုစားကြပါ….

Zawgyi

ဒီဇာတ္ကားေလးကေတာ့ ဆြီဒင္႐ုပ္ရွင္ေလာကရဲ႕ အေကာင္းဆုံးလို႔ေျပာရမယ့္ထြန္းေပါက္ေအာင္ျမင္ခဲ့တဲ့ ဆြီဒင္ဇာတ္ကားေကာင္းေလးပဲျဖစ္ပါတယ္Rating 7 ရရွိထားၿပီးေတာ့ ၾကာျမင့္ခ်ိန္ ၂ နာရီေက်ာ္ကိုအျပည့္အဝၾကည့္ရမယ့္အလြန္တရာမွလည္း သဘာဝက်တဲ့ ကားေကာင္းေလးတစ္ကားပါ

ဇာတ္လမ္းပုံစံကေတာ့ ကိုရီးယား႐ုပ္ရွင္ေလာကမွာ မွတ္ေက်ာက္တစ္ခုတင္ႏိုင္ခဲ့တဲ့“Train to busan “လို ႏိုင္ငံတစ္ဝွမ္းမွာ ကပ္ဆိုးက်ေရာက္ၿပီး အသက္ရွင္သန္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာေတြကို ႐ိုက္ျပထားတဲ့ ဇာတ္လမ္းအသြားအလာမ်ိဳးပါပဲ……….

ဇာတ္ကားအစမွာ ဇာတ္ရွိန္နည္းနည္းေအးတယ္ဆိုေပမယ့္တျဖည္းျဖည္းဇာတ္ရွိန္ ျမင့္တက္လာေအာင္ဆြဲေခၚသြားတာေတြ႕ရမွာပါ ………ဇာတ္ၫႊန္းေလးကို မေျပာခင္မွာ ….ဆြီဒင္ႏိုင္ငံရဲ႕ ေနာက္ခံအခ်က္အလက္ေလးေတြကို ေျပာျပခ်င္ပါေသးတယ္…..

ဆြီဒင္ႏိုင္ငံဟာ ဥေရာပတိုက္မွာ တည္ရွိၿပီးေတာ့ၿမိဳ႕ေတာ္ကေတာ့ စေတာ့ဟြန္းၿမိဳ႕ပါလူဦးေရအားျဖင့္ ၁၀ သန္းေက်ာ္တည္ရွိၿပီး ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္အၿမဲတမ္းတပ္ဖြဲ႕ဝင္ကေတာ့ စစ္သည္ ၂ေသာင္းေက်ာ္ပဲ ခန႔္အပ္ထားပါတယ္

ႏိုင္ငံအတြက္ လိုအပ္လာရင္ေတာ့ လူဦးေရ ေယာက်္ား၊မိန္းမေပါင္းသိန္း ၅၀ေက်ာ္ေလာက္ကို စစ္မႈထမ္းေဆာင္ဖို႔အတြက္ အရန္သင့္လ်ာထားတာ ရွိပါတယ္အခုလို ကပ္ဆိုးျဖစ္လာၿပီး ထိခိုက္နစ္နာမႈျမန္ဆန္တဲ့အခါ ဆိုရင္ေတာ့အၿမဲတမ္းတပ္ဖြဲ႕ဝင္ စစ္သား ၂ေသာင္းေက်ာ္ေလာက္နဲ႔ ျပည္သူ ၁၀သန္းကိုကာကြယ္ေပးဖို႔ ဆိုတာ ေတာ္ေတာ္ခက္ခဲမယ္ဆိုတာကို မွန္းဆမိမွာပါ….

ကူးစက္မႈျမန္ဆန္စြာနဲ႔ ဆြီဒင္ႏိုင္ငံထိပ္သီးအစိုးရအဖြဲ႕ဝင္အားလုံးအရင္ဆုံးက်ဆုံးသြားခဲ့မယ္ဆိုရင္ေတာ့ ႏိုင္ငံတစ္ခုလုံး ပရမ္းပတာျဖစ္သြားမွာပါ …….ဇာတ္ၫႊန္းေလးကို ေျပာျပရရင္ေတာ့…..ဆြီဒင္ႏိုင္ငံရဲ႕အထိမ္းအမွတ္ေန႔တစ္ခုျဖစ္တဲ့ MidSummer Dayေန႔မွာ ျဖစ္ခဲ့တာပါ

ဘာအေၾကာင္းအရင္းေၾကာင့္မွန္းမသိဘဲ ေကာင္းကင္တစ္ခုလုံးကဌက္ေတြ ေျမျပင္ေပၚျပဳတ္က် ေသဆုံးလာတာကေနအစျပဳၿပီးေတာ့ႏိုင္ငံတစ္ခုလုံး ကပ္ဆိုးဝင္ခဲ့တာပါကိုယ္ခ်စ္ခင္ရတဲ့သူေတြ ကိုယ္ရင္းႏွီးတဲ့သူေတြ ကူးစက္ခံရတာကိုကယ္တင္ႏိုင္ျခင္းမရွိဘဲ ဆြီဒင္အစိုးရအဖြဲ႕ဝင္ေတြကိုယ္တိုင္ပ်က္စီးယိုယြင္းသြားတဲ့အတြက္ ကယ္သူမဲ့တဲ့ အေျခအေနမွာကိုယ္အသက္ရွင္ဖို႔ ကိုယ္တိုင္႐ုန္းကန္ၾကရင္းတဦးနဲ႔တဦးေဖးမကူညီၿပီး ရင္ဆိုင္ရပါေတာ့တယ္…

ကဲ…အဲ့ဒီေတာ့ အားလုံးအေနနဲ႔ ဘယ္လို ကပ္ေရာဂါဆိုးေၾကာင့္ဆြီဒင္အစိုးရအပါအဝင္ ျပည္သူအားလုံး ဒုကၡေရာက္ခဲ့ၾကသလဲၿပီးေတာ့ ဘယ္သူေတြက ေသခ်ာအကြက္ခ်ၿပီးဆိုး႐ြားမႈေတြကိုဖန္တီးခဲ့တာလဲ ဆိုတာကိုေတာ့ ပိတ္ကားေပၚမွာဆက္လက္ရႈစားၾကပါ….

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *