Detention (2019)

17395
Share
Copy the link

၂၀၁၉နှစ်ကုန်ပိုင်းလောက်ကထွက်ထားတဲ့ Psychological Horror film လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ၊ဇာတ်လမ်းလေးက၁၉၆၂ခုနှစ်အတွင်း ထိုင်ဝမ်စစ်အစိုးရလက်အောက်ကျရောက်တဲ့အချိန်…အစိုးရကိုပုန်ကန်ဖို့မပြောနဲ့ စကားတောင်လွတ်လွတ်လပ်လပ်မပြောရဲလောက်အောင် အုပ်စုဖွဲ့တာတွေတားမြစ် ၊

စစ်အုပ်ချုပ်ရေးကိုဖီဆန်မယ့် သဘောသဘာဝတွေပါတဲ့စာအုပ်စာပေတွေ ၊ လူငယ်တွေကိုဆွဲဆောင်တဲ့စာအုပ်စာပေတွေ ဖတ်ခြင်းရေးခြင်းကိုလဲ သေဒဏ်ပေးတဲ့အထိကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အချိန်….လွတ်လပ်ရေးမြတ်နိုးတဲ့ကျောင်းဆရာလေး ကျန်းမင်ဟွေက တိတ်တဆိတ်စာအုပ်အသင်းတစ်ခုဖွဲ့စည်းထားခဲ့တယ်…

တစ်နေ့မှာ စာအုပ်အသင်းထဲကကျောင်းသားဝေကျုံးထင်နဲ့ စီနီယာအတန်းကကျောင်းသူဖန်ရေ့ရှင်းတို့ သူတို့ကျောင်းကြီးထဲပိတ်မိရာကသူတို့တွေ့ခဲ့ရတဲ့ထိတ်လန့်မှုတွေနဲ့ ပြောင်းလဲသွားတဲ့သူတို့ရဲ့ကံတရား….သူတို့တင်မဟုတ်ပဲစာအုပ်အသင်းတစ်ခုလုံးရဲ့ကံတရား…ဘယ်သူ့ကြောင့်စတင်ခဲ့ပြီး …ဘယ်မှာအဆုံးသတ်မှာလဲ…

Psychological Horrorဆိုတဲ့အတိုင်း သရဲတွေချည်းပြူးပြူးပြဲပြဲခြောက်တာမဟုတ်ပဲ ၊ဘာတွေလဲ ဘာတွေလဲဆိုတဲ့ ? မေးခွန်းပေါင်းများစွာနဲ့ ဇဝေဇဝါ အလန့်တကြားလေးကြည့်ရမယ့်ကားလေးမို့လို့ရသအသစ်တစ်ခုခံစားရစေဖို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ပါတယ် ။

Zawgyi





(Direct Link) Large Size ~ Download

(Fast Load) Large Size ~ Download

(Disk Yandex) Large Size ~ Download

(Up Stream) Large Size ~ Download

(Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *