Dhuruvangal Pathinaaru (2016)

19323
Share
Copy the link

အငြိမ်းစားစုံထောက်ရဲအရာရှိတစ်ဦးကို တပည့်ဟောင်းတစ်ဦးက ဖုန်းဆက်တယ်…ဆရာရေ ကျွန်တော့်သားရဲလုပ်ချင်နေတာဗျာ…အဲ့ဒါ ကျွန်တော်က ရဲထဲကိုမဝင်စေချင်ဘူး…အဲ့ဒါ ဆရာလည်းသိတဲ့အတိုင်း စုံထောက်ဘဝက ခက်ခဲပင်ပန်းတာတွေရှိတော့ကျွန်တော့်သား ဆရာ့ဆီလာရင် ဆရာကြုံခဲ့ရတဲ့ အခက်အခဲတွေမှန်သမျှကိုပြောပြလိုက်ပါ…

ဒါမှ ဒီကောင်စိတ်ပျက်သွားမှာ…..ကျွန်တော့်သားကိုဆရာ့ဆီကို လွှတ်လိုက်မယ်ဆိုပြီး ဖုန်းချသွားတယ်…အငြိမ်းစားရဲအရာရှိက တပည့်ရဲ့သားကို ရဲဘဝက ခက်ခဲပင်ပန်းကြောင်းကိုပြောဖို့စောင့်နေတယ်…သူကိုယ်တိုင်ကလည်း ဂျိုင်းထောက်တစ်ဘက်နဲ့….

ဒီလိုနဲ့ ခင်ဗျားဟာ လူငယ်တစ်ယောက်နဲ့ သက်ကြီးပိုင်းရဲစုံထောက်အငြိမ်းစားတစ်ယောက်မြက်ခင်းပြင်မှာ စကားပြောနေတဲ့ အခန်းကို စစချင်း ၇မိနစ်လောက်မှာတွေ့လိမ့်မယ်…သူတို့(၂)ယောက်ဟာ အမှူကိစ္စတွေအကြောင်းကိုဆွေးနွေးနေကြတယ်…..

တကယ့်ရှုတ်ထွေးတဲ့အမှုတွေကို သူတို့ဆွေးနွေးနေကြသလို ဖြစ်ခဲ့တဲ့ အမှုတွေကိုလည်း Replay ပြန်ပြတယ်..တကယ့်ကို တိတိကျ အချိန်တွေနေရာတွေနဲ့….ခင်ဗျား ဒီအခန်းတွေကို ဂရုတစ်စိုက်ကြည့်ဖို့လိုတယ်…အခန်းတိုင်းကို မျက်ခြည်မပြတ်မှတ်သားဖို့သင့်သလို တစ်ချို့နေရာတွေမှာဆို ရှေ့ကိုပြန်ကြည့်သင့်ရင်ကြည့်လိုက်ပါ….

ဇာတ်လမ်းက တကယ့်ကို ခပ်သွက်သွက်နဲ့ သွားနေတာ..အီနေတဲ့အခန်းကိုမပါဘူး….ဒီစုံထောက်ကားက ခင်ဗျားကြည့်ဖူးသမျှထဲမှာ အတော်ကောင်းတဲ့စာရင်းဝင်နေလိမ့်မယ်…ဇာတ်လမ်းချိတ်ဆက်ပုံတွေ…ရိုက်ထားတာတွေ..သရုပ်ဆောင်တာတွေ…တခြားကုလားကားတွေလို မျက်နှာတစ်ခုကို လေးဘက်လေးတန်ပတ်ရိုက်တာတွေမပါသလိုကတဲ့ သီချင်းတစ်ပုဒ်မှကိုမပါ ပါဘူး…..

ဇာတ်လမ်းက တကယ့်ကို ခပ်သွက်သွက်နောက်တစ်ခုပြောချင်တာက အေးအေးဆေးဆေးဖြစ်တဲ့အချိန်မှကြည့်ပါ…ကုန်ကုန်ပြောရရင် ခင်ဗျားတို့ရဲ့ မျက်တောင်ခတ်ချိန်ကိုတောင် အချိတ်ဆွဲမခတ်ပါနဲ့…ကျွန်တော်ပြောတာမလွန်ကြောင်း ဇာတ်လမ်းအစ ၁၅မိနစ်လောက်မှာတင်သဘောပေါက်သွားလိမ့်မယ်…စပွိုင်လာမလုပ်သင့်ဆုံး ရဲစုံထောက်ကားမို့ ဒီလောက်ပဲပြောပါရစေ…

Zawgyi







(Direct Link) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Users Drive) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *