Doctor Sleep (2019)

14830
Share
Copy the link

IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့အကောင်းဆုံးဟော်ရာကားတွေထဲကတစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။

မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ဖန်တီးထားခဲ့တာဖြစ်ပြီး။

ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာသင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ဟိုတယ်ကြီးတစ်ခုရှိပါတယ်။

အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး သတ်သေသွားခဲ့ပါပြီ။

ကလေးငယ် ဒန်နီမှာ စိတ်စွမ်းအင် ဆက်သွယ်မှုတစ်မျိုး ရှိပြီးဟိုတယ်ရဲ့ စားဖိုမှူးကြီး ဒစ် ဟယ်လိုရန်ကလည်းသူ့လိုစွမ်းအင်ရှိသူမို့ သူတို့ ၂ ဦး စိတ်ထဲကနေ ဆက်သွယ်မိကြပါတယ်။ဟယ်လိုရန်ကတော့ ဒန်နီကို ဒီစွမ်းအားဟာshine တောက်ပမှုလို့ခေါ်တယ်လို့ ပြောခဲ့ပါတယ်။

သူတို့ နေကြတဲ့ ဒီဟိုတယ်ကြီးထဲမှာ ဝိညာဉ်ပေါင်းအတော်များများရှိပြီးဒါတွေနဲ့ သူတို့မိသားစု ကြုံတွေ့လာရပါတယ်။ဒါပေမယ့် ပြဿနာက သရဲရှိရုံတင်မဟုတ်ဘဲဟိုတယ်နဲ့မြေကိုယ်တိုင်ကိုက မကောင်းဆိုးဝါးဓာတ်တွေရှိနေတာပါ။

ပြီးတော့ ဟိုတယ်ဟာ ဒန်နီလိုမျိုး အစွမ်းရှိသူရောက်လာလို့ပိုနိုးကြားလာပြီး ပိုဆာလောင်လာပါတယ်။ဒီဒဏ်ကို ခံလိုက်ရသူကတော့ဖခင်ဖြစ်တဲ့ ဂျက်ပါပဲ။ဂျက်ဟာ တဖြည်းဖြည်းရူးသွပ်လာပြီးသူ့မိသားစုကို ပြန်သတ်ဖို့ ကြိုးစားပါတော့တယ်။

ရှိုင်းနင်းရဲ့အဆုံးမှာတော့ ဂျက်သေဆုံးသွားခဲ့ပြီးဝင်ဒီနဲ့ ဒန်နီတို့ သားအမိလွတ်မြောက်လာခဲ့ပါတယ်။ဂျက်ရဲ့ပုံကတော့ ဟိုတယ်ရဲ့ အဖွဲ့ဓာတ်ပုံထဲမှာ ကျန်နေခဲ့ပြီးသူ့ဝိညာဉ်ဟာ မလွတ်မြောက်တော့တဲ့အဓိပ္ပါယ်နဲ့အဆုံးသတ်သွားတာပါ။

ဒါမှမဟုတ် ဂျက်ဟာ ယခင်သေသွားတဲ့ဟိုတယ်အလုပ်သမားသေလို့ ဝင်စားခဲ့သလားတော့ မသိပါဘူး။အခု ဒေါက်တာစလိ ရုပ်ရှင်မှာတော့ ဒန်နီလိုမျိုးအစွမ်းရှိတဲ့ သူတွေအများကြီးပါလာပါတယ်။ဒီလိုအစွမ်းရှိတဲ့သူတွေကို စားသုံးပြီးအသက်ရှည်နေတဲ့အဖွဲ့တစ်ဖွဲ့ပါလာပါတယ်။

သူတို့တွေက အစွမ်းရှိတဲ့ကလေးတွေဆီကိုသတ်ပြီးအငွေ့တွေကို ရှုကြတယ်၊ သိမ်းထားကြတယ်ပေါ့။ဒန်နီကတော့ အရွယ်ရောက်ပြီးသားလူကြီးဖြစ်နေခဲ့ပါပြီ။တစ်နေ့မှာ သူနဲ့စိတ်ချင်းဆက်သွယ်မိတဲ့ကလေးမလေးတစ်ယောက်နဲ့ တွေ့လာပြီးဒီကလေးမလေးကို သတ်မယ့်အဖွဲ့လိုက်လာတာကိုသိတော့သူတို့ ၂ ယောက်ရဲ့ အစွမ်းကိုသုံးပြီး ပြန်ရင်ဆိုင်ရပါတော့တယ်။

Zawgyi

IMDb 7.6 အထိရထားတဲ့ ေဟာ္ရာကားပါ။1980 မွာထြက္ခဲ့ၿပီး IMDb 8.4 အထိ ရွိခဲတဲ၊့အေကာင္းဆုံးေဟာ္ရာကားေတြထဲကတစ္ကားျဖစ္တဲ့ The Shining ႐ုပ္ရွင္ရဲ႕ အဆက္ပါပဲ။ဒီ႐ုပ္ရွင္ ၂ ခုလုံးကိုေတာ့ ေဟာ္ရာဝတၳဳေတြအေရးမ်ားတဲ့ စာေရးဆရာႀကီးStephen King ကပဲ ေရးသားခဲ့တာပါပဲ။

မူလ႐ုပ္ရွင္ ရႈိင္းနင္းကို ၾကည့္ဖူးမွအျပည့္အစုံနားလည္ႏိုင္မွာပါ။မၾကည့္ဖူးရင္ေတာ့ အခ်ိဳ႕အခန္းေလးေတြ နားမလည္တာ ျဖစ္ႏိုင္ပါတယ္။ရႈိင္းနင္းကေတာ့ တစိမ့္စိမ့္ေတြးေၾကာက္စရာေတြ၊ ဖုန္းဆိုးေျမေတြ၊ကေလးငယ္ေတြနဲ႔ ပတ္သတ္တဲ့ ေဟာ္ရာေတြနဲ႔ဖန္တီးထားခဲ့တာျဖစ္ၿပီး။

ဒီ႐ုပ္ရွင္ကေတာ့ ပိုၿပီးေမွာ္ဆန္တဲ့ စြမ္းအင္ေတြနဲ႔အက္ရွင္နည္းနည္းဆန္ဆန္ ဖန္တီးထားတာပါ။ဇာတ္လမ္းအက်ဥ္းကိုေတာ့ ရႈိင္းနင္းကပဲ စေကာက္ရပါလိမ့္မယ္။အေမရိကန္ လူနီေတြကို ေျမျမႇပ္သၿဂႋဳလ္ရာသခ်ႋဳင္းေျမေပၚမွာ အိုဗာလြတ္ခ္ ဆိုတဲ့ လူမေနေတာ့တဲ့ဟိုတယ္ႀကီးတစ္ခုရွိပါတယ္။

အဲဒီဟိုတယ္ႀကီးမွာ အေစာင့္အျဖစ္ေနရင္း စာေရးဖို႔ေရာက္လာတဲ့စာေရးဆရာမိသားစုကေတာ့ ဂ်က္၊ ဝင္ဒီ နဲ႔ သားျဖစ္သူ ဒန္နီတို႔ပါပဲ။အဲဒီဟိုတယ္ႀကီးရဲ႕ အရင္အေစာင့္ျဖစ္သူကေတာ့သူ႔မိသားစုတစ္ခုလုံးကို ျပန္သတ္ၿပီး သတ္ေသသြားခဲ့ပါၿပီ။

ကေလးငယ္ ဒန္နီမွာ စိတ္စြမ္းအင္ ဆက္သြယ္မႈတစ္မ်ိဳး ရွိၿပီးဟိုတယ္ရဲ႕ စားဖိုမႉးႀကီး ဒစ္ ဟယ္လိုရန္ကလည္းသူ႔လိုစြမ္းအင္ရွိသူမို႔ သူတို႔ ၂ ဦး စိတ္ထဲကေန ဆက္သြယ္မိၾကပါတယ္။ဟယ္လိုရန္ကေတာ့ ဒန္နီကို ဒီစြမ္းအားဟာshine ေတာက္ပမႈလို႔ေခၚတယ္လို႔ ေျပာခဲ့ပါတယ္။

သူတို႔ ေနၾကတဲ့ ဒီဟိုတယ္ႀကီးထဲမွာ ဝိညာဥ္ေပါင္းအေတာ္မ်ားမ်ားရွိၿပီးဒါေတြနဲ႔ သူတို႔မိသားစု ႀကဳံေတြ႕လာရပါတယ္။ဒါေပမယ့္ ျပႆနာက သရဲရွိ႐ုံတင္မဟုတ္ဘဲဟိုတယ္နဲ႔ေျမကိုယ္တိုင္ကိုက မေကာင္းဆိုးဝါးဓာတ္ေတြရွိေနတာပါ။

ၿပီးေတာ့ ဟိုတယ္ဟာ ဒန္နီလိုမ်ိဳး အစြမ္းရွိသူေရာက္လာလို႔ပိုႏိုးၾကားလာၿပီး ပိုဆာေလာင္လာပါတယ္။ဒီဒဏ္ကို ခံလိုက္ရသူကေတာ့ဖခင္ျဖစ္တဲ့ ဂ်က္ပါပဲ။ဂ်က္ဟာ တျဖည္းျဖည္း႐ူးသြပ္လာၿပီးသူ႔မိသားစုကို ျပန္သတ္ဖို႔ ႀကိဳးစားပါေတာ့တယ္။

ရႈိင္းနင္းရဲ႕အဆုံးမွာေတာ့ ဂ်က္ေသဆုံးသြားခဲ့ၿပီးဝင္ဒီနဲ႔ ဒန္နီတို႔ သားအမိလြတ္ေျမာက္လာခဲ့ပါတယ္။ဂ်က္ရဲ႕ပုံကေတာ့ ဟိုတယ္ရဲ႕ အဖြဲ႕ဓာတ္ပုံထဲမွာ က်န္ေနခဲ့ၿပီးသူ႔ဝိညာဥ္ဟာ မလြတ္ေျမာက္ေတာ့တဲ့အဓိပၸါယ္နဲ႔အဆုံးသတ္သြားတာပါ။

ဒါမွမဟုတ္ ဂ်က္ဟာ ယခင္ေသသြားတဲ့ဟိုတယ္အလုပ္သမားေသလို႔ ဝင္စားခဲ့သလားေတာ့ မသိပါဘူး။အခု ေဒါက္တာစလိ ႐ုပ္ရွင္မွာေတာ့ ဒန္နီလိုမ်ိဳးအစြမ္းရွိတဲ့ သူေတြအမ်ားႀကီးပါလာပါတယ္။ဒီလိုအစြမ္းရွိတဲ့သူေတြကို စားသုံးၿပီးအသက္ရွည္ေနတဲ့အဖြဲ႕တစ္ဖြဲ႕ပါလာပါတယ္။

သူတို႔ေတြက အစြမ္းရွိတဲ့ကေလးေတြဆီကိုသတ္ၿပီးအေငြ႕ေတြကို ရႈၾကတယ္၊ သိမ္းထားၾကတယ္ေပါ့။ဒန္နီကေတာ့ အ႐ြယ္ေရာက္ၿပီးသားလူႀကီးျဖစ္ေနခဲ့ပါၿပီ။တစ္ေန႔မွာ သူနဲ႔စိတ္ခ်င္းဆက္သြယ္မိတဲ့ကေလးမေလးတစ္ေယာက္နဲ႔ ေတြ႕လာၿပီးဒီကေလးမေလးကို သတ္မယ့္အဖြဲ႕လိုက္လာတာကိုသိေတာ့သူတို႔ ၂ ေယာက္ရဲ႕ အစြမ္းကိုသုံးၿပီး ျပန္ရင္ဆိုင္ရပါေတာ့တယ္။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *