Donnie Darko (2001)

17392
Share
Copy the link

ဒီကားကို Master Pieceကားတစ်ကားလို့ဆိုကြပါတယ်။Personalအရပြောရမယ်ဆိုရင် Predestination.. Memento..Prestige..InceptionShutter Island အစရှိသဖြင့်ကားတွေကတောင် ဒီကားရဲ့ လေးပုံတစ်ပုံလောက် ကျွန်တော့်ကိုခေါင်းမစားစေပါဘူး။

ကျွန်တော်တို့ရဲ့ Legend ActorကြီးJake Gyllanhaalနဲ့သူ့အမ Maggie Gyllanhaalတို့ကိုလည်းဒီရုပ်ရှင်မှာ မောင်နှမတွေအဖြစ်တွေ့ရမှာပါ။ဒီရုပ်ရှင်မှာ …4th Dimension ဝါ အပြိုင်စကြဝဋ္ဌာအချိန်ခရီးသွားခြင်းသီအိုရီတွေ…ကမ္ဘာပျက်ကိန်းတစ်ခု.

အိပ်မက်ယောင်လမ်းလျှောက်တတ်တဲ့ရောဂါ ဖောက်ထွက်တတ်တဲ့အတွေးအခေါ်ရှိတဲ့လူငယ်လေးတစ်ယောက်နဲ့ ဆရာမတစ်ယောက်အဓိပ္ပါယ်မရှိတဲ့တက်ကျမ်းတွေနဲ့အောင်မြင်နေတဲ့လူတစ်ယောက်ဘဝအပေါ်မတူညီတဲ့အမြင်တွေ ကံတရားရဲ့ မယုံနိုင်လောက်စရာတွေစိတ်ကုထုံးဆွေးနွေးမှုတွေတွေအပြင် တခြားအကြောင်းအရာပေါင်းစုံကို ၂နာရီမခွဲတဲ့အချိန်ကလေးမှာ အကုန်လုံးထည့်သွားပါတယ်။

တစ်ကားလုံးအပြီးမှာ ခင်ဗျားမှာ မေးခွန်းတွေ သိပ်များသွားမှာသေချာပါတယ်။ အဖြေရှိမရှိကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ဒီကားထဲက အချိန်ခရီးသွားခြင်းနဲ့ပက်သက်တာတွေဟာစိတ်ကူးယဉ်တာတွေမဟုတ်ပဲ တကယ့် သီအိုရီတွေဖြစ်ပါတယ်။

အကျယ်သိလိုက Stephan Hawkingရဲ့ A Brief History of Timeမြန်မာပြန်PDFမှာ ဖတ်ရှုလို့ရပါတယ်။4th Dimension ဝါ..အပြိုင်စကြဝဋ္ဌာအကြောင်းတော့ကျွန်တော်ဖတ်မှတ် နားလည်ထားသလောက်ရှင်းပြချင်ပါတယ်။

Donnie Darko ( Spoiler Alert)အရင်ဆုံးအနေနဲ့ ကျွန်တော်ရှင်းပြချင်တာကTangent Universe(Parallel Universe)နဲ့Primary Universe ပါ။Tangent Universeကို ကျွန်တော်တို့ Fourth Dimensionလို့ခေါ်ပါသေးတယ်။ Primary Universeကိုတော့Third Dimensionsလို့ သိကြပါတယ်။

4D ကို ဥပမာတစ်ခုပေးရရင်ရေခဲတုံးတစ်တုံးကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ဒါ လက်ရှိလောကရဲ့ 3D အမြင်ပါ။သို့ပေမဲ့ရေခဲတုံးရဲ့ အချိန်ကာလတစ်ခုအလွန်မှာအရည်ပျော်သွားမဲ့ ပုံစံကို ကျွန်တော်တို့ စိတ်ကသိပြီးသားပါ။ ဒါကို ရေခဲတုံးရဲ့ 4D လို့ခေါ်ပါမယ်။ရှင်းလင်းသိသာသွားအောင်ဆို ဥပမာတစ်ခုထပ်ပေးချင်ပါတယ်။ယေဘုယျဥပမာပါပဲ။

သဘောတရားနားလည်ရုံပါ။ကျွန်တော်တို့ မျက်စိနဲ့ မြင်မြင်နေသမျှ 3 Dimensionsကမလွတ်မြောက်သွားပါဘူး။ ဥပမာဆို..စားပွဲပေါ်တင်ထားတဲ့ရေဘူးတစ်ဘူးကို ကြည့်လိုက်ပါ။ အရှေ့ဘက်နဲ့ ဘေးနှစ်ဖက်ကိုကောင်းကောင်းမြင်ရမှာပေမဲ့ နောက်ကျောဘက်ရှိနေပေမဲ့ကျွန်တော်တို့ မမြင်နိုင်ပါဘူး။

မြင်ချင်တယ်ဆိုရင်တော့အခုကြည့်နေတဲ့နေရာကနေ အချိန်နဲ့နေရာတစ်ချို့ကိုဖြတ်ပြီးကျောဘက်ခြမ်းက ပြန်ကြည့်တဲ့အခါ မြင်နိုင်ပါမယ်။ဒီဥပမာက 4Dဟာ အချိန်နဲ့နေရာရဲ့ သက်ရောက်မှုဝါ အချိန်နဲ့နေရာကြောင့်ဖြစ်လာတာကို ရှင်းပြရုံသက်သက်ပါပဲ။.

ပြောရရင် အချိန်ဆိုတာ 4th Dimensionပါပဲဒီတော့ ဆိုလိုတာက ကျွန်တော်တို့် လက်ရှိအဖြစ်အပျက်တွေတည်ရှိမှုတွေရဲ့ Parallelမှာ 4D ကမ္ဘာတစ်ခုရှိနေပါတယ်။parallel universe or Tangent Universr or4D ကမ္ဘာတစ်ခုဟာ ကျွန်တော်တို့နဲ့ ဖြစ်ပျက်ချိန်အရင်နဲ့နောက်ပြီး အချိန်ဘယ်ရွေ့ဘယ်မျှကွာမယ်တိတိပပ ပြောမရပေမဲ့ ရှိနေပါတယ်။

ဒီလောက်ဆို 4th Dimensionကို ရှင်းလောက်ပါပြီ။ကျန်တာတွေကို ဆက်ရှင်းပြချင်ပေမဲ့ Spoilerဖြစ်မှာစိုးတာမို့ မရှင်းတော့ပါဘူး။ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်ဟာအိပ်မက်ယောင်ရင်းလမ်းလျှောက်ရာကပြန်လာတဲ့အခါသူ့အခန်း သူ့ကုတင်တည့်တည့်ကို ပြုတ်ကျလာတဲ့ဂျက်အင်ဂျင်ကြီးအတွက် လူတွေစုဝေးနေတာကိုတွေ့ရပါတယ်။

သူသာ အိပ်မက်ယောင်ပြီးလမ်းလျှောက်မနေရင် သူသေမှာပါ။သူ့ကို ဒီအဖြစ်ကကယ်တင်ပေးလိုက်တယ်လို့ ယူဆရတာကတော့၆ပေရှိတဲ့ ယုန်ဝတ်စုံ ယုန်ခေါင်းစွပ်ကြီးနဲ့ တစ်စုံတစ်ရာပါအဲ့ဒီဝတ်စုံထဲက တစ်စုံတစ်ရာက သူ့ကိုကမ္ဘာကြီးအဆုံးသတ်တော့မဲ့ အချိန်ကို ပြောပြသွားပါတယ်။

ယုန်ခေါင်းစွပ်ထဲကရော ဘယ်သူလဲကမ္ဘာကြီးကရော တကယ်အဆုံးသတ်မှာလား.အချိန်ခရီးသွားတာကရော ဖြစ်နိုင်မှာလား အစရှိသဖြင့်..လားပေါင်းများစွာကို တွေ့ရမှာပါ။

ဘဝဆိုတာ အိပ်မက်တစ်ခုပါပဲတဲ့.ဒါဆို အိပ်မက်ကရော ဘဝတစ်ခု ဖြစ်ခဲ့မလား…အကြောင်းတရားတွေဟာ နဂါးခေါင်းဘယ်ဘက်လှည့်မလဲမသိရသလို အဆိုးအကောင်းတွေ မရေမရာဒွန်တွဲနေပါတယ်။လူတိုင်းဘဝမှာ ထင်မှတ်မထားတဲ့ အံ့သြဆန်းကြယ် ဖြစ်ရပ်တစ်ခုကို တစ်ကြိမ်တစ်ခါတော့ ကြုံကြိုက်ရမှာပါ။

ဒီအဖြစ်အပျက်ကတော့ မြောက်များလှစွာသော ဘဝတွေထဲကဘဝတစ်ခုပေါ်ပြုတ်ကျခဲ့တဲ့ အံ့သြစရာဖြစ်ရပ်တစ်ခုပါပဲ။

Zawgyi

ဒီကားကို Master Pieceကားတစ္ကားလို႔ဆိုၾကပါတယ္။Personalအရေျပာရမယ္ဆိုရင္ Predestination.. Memento..Prestige..InceptionShutter Island အစရွိသျဖင့္ကားေတြကေတာင္ ဒီကားရဲ႕ ေလးပုံတစ္ပုံေလာက္ ကြၽန္ေတာ့္ကိုေခါင္းမစားေစပါဘူး။

ကြၽန္ေတာ္တို႔ရဲ႕ Legend ActorႀကီးJake Gyllanhaalနဲ႔သူ႔အမ Maggie Gyllanhaalတို႔ကိုလည္းဒီ႐ုပ္ရွင္မွာ ေမာင္ႏွမေတြအျဖစ္ေတြ႕ရမွာပါ။ဒီ႐ုပ္ရွင္မွာ …4th Dimension ဝါ အၿပိဳင္စၾကဝ႒ာအခ်ိန္ခရီးသြားျခင္းသီအိုရီေတြ…ကမာၻပ်က္ကိန္းတစ္ခု.

အိပ္မက္ေယာင္လမ္းေလွ်ာက္တတ္တဲ့ေရာဂါ ေဖာက္ထြက္တတ္တဲ့အေတြးအေခၚရွိတဲ့လူငယ္ေလးတစ္ေယာက္နဲ႔ ဆရာမတစ္ေယာက္အဓိပၸါယ္မရွိတဲ့တက္က်မ္းေတြနဲ႔ေအာင္ျမင္ေနတဲ့လူတစ္ေယာက္ဘဝအေပၚမတူညီတဲ့အျမင္ေတြ ကံတရားရဲ႕ မယုံႏိုင္ေလာက္စရာေတြစိတ္ကုထုံးေဆြးေႏြးမႈေတြေတြအျပင္ တျခားအေၾကာင္းအရာေပါင္းစုံကို ၂နာရီမခြဲတဲ့အခ်ိန္ကေလးမွာ အကုန္လုံးထည့္သြားပါတယ္။

တစ္ကားလုံးအၿပီးမွာ ခင္ဗ်ားမွာ ေမးခြန္းေတြ သိပ္မ်ားသြားမွာေသခ်ာပါတယ္။ အေျဖရွိမရွိကေတာ့ ကိုယ့္အေပၚပဲ မူတည္ပါတယ္။ဒီကားထဲက အခ်ိန္ခရီးသြားျခင္းနဲ႔ပက္သက္တာေတြဟာစိတ္ကူးယဥ္တာေတြမဟုတ္ပဲ တကယ့္ သီအိုရီေတြျဖစ္ပါတယ္။

အက်ယ္သိလိုက Stephan Hawkingရဲ႕ A Brief History of Timeျမန္မာျပန္PDFမွာ ဖတ္ရႈလို႔ရပါတယ္။4th Dimension ဝါ..အၿပိဳင္စၾကဝ႒ာအေၾကာင္းေတာ့ကြၽန္ေတာ္ဖတ္မွတ္ နားလည္ထားသေလာက္ရွင္းျပခ်င္ပါတယ္။

Donnie Darko ( Spoiler Alert)အရင္ဆုံးအေနနဲ႔ ကြၽန္ေတာ္ရွင္းျပခ်င္တာကTangent Universe(Parallel Universe)နဲ႔Primary Universe ပါ။Tangent Universeကို ကြၽန္ေတာ္တို႔ Fourth Dimensionလို႔ေခၚပါေသးတယ္။ Primary Universeကိုေတာ့Third Dimensionsလို႔ သိၾကပါတယ္။

4D ကို ဥပမာတစ္ခုေပးရရင္ေရခဲတုံးတစ္တုံးကို ကြၽန္ေတာ္တို႔ ျမင္ႏိုင္ပါတယ္။ဒါ လက္ရွိေလာကရဲ႕ 3D အျမင္ပါ။သို႔ေပမဲ့ေရခဲတုံးရဲ႕ အခ်ိန္ကာလတစ္ခုအလြန္မွာအရည္ေပ်ာ္သြားမဲ့ ပုံစံကို ကြၽန္ေတာ္တို႔ စိတ္ကသိၿပီးသားပါ။ ဒါကို ေရခဲတုံးရဲ႕ 4D လို႔ေခၚပါမယ္။ရွင္းလင္းသိသာသြားေအာင္ဆို ဥပမာတစ္ခုထပ္ေပးခ်င္ပါတယ္။ေယဘုယ်ဥပမာပါပဲ။

သေဘာတရားနားလည္႐ုံပါ။ကြၽန္ေတာ္တို႔ မ်က္စိနဲ႔ ျမင္ျမင္ေနသမွ် 3 Dimensionsကမလြတ္ေျမာက္သြားပါဘူး။ ဥပမာဆို..စားပြဲေပၚတင္ထားတဲ့ေရဘူးတစ္ဘူးကို ၾကည့္လိုက္ပါ။ အေရွ႕ဘက္နဲ႔ ေဘးႏွစ္ဖက္ကိုေကာင္းေကာင္းျမင္ရမွာေပမဲ့ ေနာက္ေက်ာဘက္ရွိေနေပမဲ့ကြၽန္ေတာ္တို႔ မျမင္ႏိုင္ပါဘူး။

ျမင္ခ်င္တယ္ဆိုရင္ေတာ့အခုၾကည့္ေနတဲ့ေနရာကေန အခ်ိန္နဲ႔ေနရာတစ္ခ်ိဳ႕ကိုျဖတ္ၿပီးေက်ာဘက္ျခမ္းက ျပန္ၾကည့္တဲ့အခါ ျမင္ႏိုင္ပါမယ္။ဒီဥပမာက 4Dဟာ အခ်ိန္နဲ႔ေနရာရဲ႕ သက္ေရာက္မႈဝါ အခ်ိန္နဲ႔ေနရာေၾကာင့္ျဖစ္လာတာကို ရွင္းျပ႐ုံသက္သက္ပါပဲ။.

ေျပာရရင္ အခ်ိန္ဆိုတာ 4th Dimensionပါပဲဒီေတာ့ ဆိုလိုတာက ကြၽန္ေတာ္တို႔္ လက္ရွိအျဖစ္အပ်က္ေတြတည္ရွိမႈေတြရဲ႕ Parallelမွာ 4D ကမာၻတစ္ခုရွိေနပါတယ္။parallel universe or Tangent Universr or4D ကမာၻတစ္ခုဟာ ကြၽန္ေတာ္တို႔နဲ႔ ျဖစ္ပ်က္ခ်ိန္အရင္နဲ႔ေနာက္ၿပီး အခ်ိန္ဘယ္ေ႐ြ႕ဘယ္မွ်ကြာမယ္တိတိပပ ေျပာမရေပမဲ့ ရွိေနပါတယ္။

ဒီေလာက္ဆို 4th Dimensionကို ရွင္းေလာက္ပါၿပီ။က်န္တာေတြကို ဆက္ရွင္းျပခ်င္ေပမဲ့ Spoilerျဖစ္မွာစိုးတာမို႔ မရွင္းေတာ့ပါဘူး။ဇာတ္ေၾကာင္းအက်ဥ္းကေတာ့အထက္တန္းေက်ာင္းသားေကာင္ေလးတစ္ေယာက္ဟာအိပ္မက္ေယာင္ရင္းလမ္းေလွ်ာက္ရာကျပန္လာတဲ့အခါသူ႔အခန္း သူ႔ကုတင္တည့္တည့္ကို ျပဳတ္က်လာတဲ့ဂ်က္အင္ဂ်င္ႀကီးအတြက္ လူေတြစုေဝးေနတာကိုေတြ႕ရပါတယ္။

သူသာ အိပ္မက္ေယာင္ၿပီးလမ္းေလွ်ာက္မေနရင္ သူေသမွာပါ။သူ႔ကို ဒီအျဖစ္ကကယ္တင္ေပးလိုက္တယ္လို႔ ယူဆရတာကေတာ့၆ေပရွိတဲ့ ယုန္ဝတ္စုံ ယုန္ေခါင္းစြပ္ႀကီးနဲ႔ တစ္စုံတစ္ရာပါအဲ့ဒီဝတ္စုံထဲက တစ္စုံတစ္ရာက သူ႔ကိုကမာၻႀကီးအဆုံးသတ္ေတာ့မဲ့ အခ်ိန္ကို ေျပာျပသြားပါတယ္။

ယုန္ေခါင္းစြပ္ထဲကေရာ ဘယ္သူလဲကမာၻႀကီးကေရာ တကယ္အဆုံးသတ္မွာလား.အခ်ိန္ခရီးသြားတာကေရာ ျဖစ္ႏိုင္မွာလား အစရွိသျဖင့္..လားေပါင္းမ်ားစြာကို ေတြ႕ရမွာပါ။

ဘဝဆိုတာ အိပ္မက္တစ္ခုပါပဲတဲ့.ဒါဆို အိပ္မက္ကေရာ ဘဝတစ္ခု ျဖစ္ခဲ့မလား…အေၾကာင္းတရားေတြဟာ နဂါးေခါင္းဘယ္ဘက္လွည့္မလဲမသိရသလို အဆိုးအေကာင္းေတြ မေရမရာဒြန္တြဲေနပါတယ္။လူတိုင္းဘဝမွာ ထင္မွတ္မထားတဲ့ အံ့ၾသဆန္းၾကယ္ ျဖစ္ရပ္တစ္ခုကို တစ္ႀကိမ္တစ္ခါေတာ့ ႀကဳံႀကိဳက္ရမွာပါ။

ဒီအျဖစ္အပ်က္ကေတာ့ ေျမာက္မ်ားလွစြာေသာ ဘဝေတြထဲကဘဝတစ္ခုေပၚျပဳတ္က်ခဲ့တဲ့ အံ့ၾသစရာျဖစ္ရပ္တစ္ခုပါပဲ။

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *