Don’t Breathe (2016)

481
Share
Copy the link

နာမည်ကြီး လူကြိုက်များနေတဲ့ Horror တစ်ကားကို တင်ပေးလိုက်ပါတယ်။ Evil Dead ကို ဖန်တီးခဲ့သူ Fede Alvarez ရဲ့ အကောင်းဆုံးလက်ရာတစ်ခုပါပဲ။

အိမ်လေးတစ်လုံးထဲမှာ သရုပ်ဆောင်လေး ၄-၅ ယောက်ကိုပဲ အားပြုပြီး တင်ဆက်သွားတာပါ။ ဒါပေမယ့် ဇာတ်လမ်း၊ မထင်မှတ်တဲ့လှည့်ကွက်တွေ၊ သရုပ်ဆောင်၊ အသံပိုင်းတွေမှာ ပြောစရာမရှိအောင် ကောင်းမွန်လွန်းတဲ့အတွက် ဒီလို အောင်မြင်သွားတာပဲ ဖြစ်မယ်ထင်ပါတယ်။ လက်ရှိတော့ IMDb 7.1 နဲ့ ရပ်တည်နေပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ယောက်တည်းနေတဲ့ စစ်ပြန် မျက်မမြင်အဘိုးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်တဲ့ ဆယ်ကျော်သက်လေး ၃ ယောက်ရဲ့အကြောင်းပါ။ အလွယ်ဆုံးဖောက်ထွင်းမှုလို့ ထင်ပြီး ဝင်ရောက်သွားခဲ့ပေမယ့် မျက်မမြင်အဘိုးကြီးဟာ သူတို့ထင်သလို အဆိပ်မရှိတဲ့ ရေမြွေမဟုတ်တဲ့အခါ……

တံခါးတွေ အားလုံးပိတ် မီးအမှောင်ချပြီး အကုန်လုံးကို သတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါ…. အသက်မရှုလိုက်နဲ့ ဆိုတဲ့ ဇာတ်ကားရဲ့ နာမည်အတိုင်း အသက်ရှုသံ တစ်ချက် ခြေသံတစ်ချက်က သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးလာပြီဆိုရင်……

Zawgyi





(Direct Link) Large Size ~ Download

(Up Stream) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Megaup.net) Large Size ~ Download

(Mega) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *