Doors

11810
Share
Copy the link

မနက်ဖြန်ဆိုတာကို ဘာမှန်းမသိ​သေးတဲ့ အခုလိုအချိန်မှာ သဘာဝလွန်သိပ္ပံဖြစ်ရပ်​​တွေနဲ့ ပတ်သက်လာရင် ပိုပြီးသိနိုင်​ချေနည်းပါတယ်။ တကယ်လို့ ကျွန်​တော်တို့ အခုလိုအချိန်မှာ သဘာဝလွန် သိပ္ပံဖြစ်ရပ်ဆန်း​တွေနဲ့ ​ပတ်သက်တဲ့အရာ​တွေ ရုတ်တရက်​ပေါ်ထွက်လာရင် ကျွန်​တော်တို့ ဘာလုပ်ကြမလဲ။ မသိကျွမ်းတဲ့နယ်ပယ်ထဲကို သိချင်စိတ်တစ်ခုတည်းနဲ့ ​ခြေစုံပစ်ဝင်ပြီး စူးစမ်းမလား။ ဒါမှမဟုတ် အန္တရာယ်ကင်းရင်ပြီး​ရောဆိုပြီး ခပ်​ဝေး​ဝေးမှာ​နေကျမလား။ တစ်ချက်​လောက်စဥ်းစားကြည့်ကြတာ​ပေါ့။

လက်ရှိအချိန်မှာပဲ ကမ္ဘာအနှံ့အပြားမှာ သဘာဝလွန်သိပ္ပံပစ္စည်း​တွေ​ပေါ်​​ပေါက်လာခဲ့ပါတယ်။ သိပ္ပံပညာရှင်​တွေက​တော့ ထုံးစံအတိုင်း အမည်​ပေးကမ္ပန်းတပ်လိုက်ကြတယ်။ တံခါးများပါတဲ့။ ထူးဆန်းလိုက်တဲ့ နာမည်။ တံခါးက​တော့ အိမ်မှာလည်းရှိတာပဲ​လေ။ ဘာစိတ်ကူးနဲ့​ပေးလဲဆိုတာ​က​တော့ သိပ္ပံပညာရှင်​တွေပဲသိပါလိမ့်မယ်။ ကျွန်​တော်တို့ သိတာက​တော့ ဒီတံခါး​လို့​ခေါ်တဲ့ သဘာဝလွန်သိပ္ပံပစ္စည်း​တွေက တံခါးတစ်​ပေါက်လိုလုပ်​ပေးနိုင်ပါတယ်။ ဘယ်လိုလည်းဆို​တော့ ဒီပစ္စည်းရဲ့အထဲကိုဝင်လိုက်ရင် ​နောက်တစ်​နေ​ရာကို​ရောက်သွားတာမျိုး​ပေါ့။ ဒါ​ကြောင့် တံခါးများလို့​ခေါ်ကြတာဖြစ်ပါလိမ့်မယ်။

ဒီ​လောက်ဆိုရင်​​တော့ တံခါး​တွေအ​ကြောင်းကို သိ​လောက်ပြီထင်ပါတယ်။ အ​ပေါ်မှာ​ပြောခဲ့သလိုပဲ ကျွန်​တော်တို့ဆိုရင် ဘယ်လိုပြုမူကြမလဲ။ ဒီကားထဲက ဇာတ်​ကောင်​တွေက​ရော ဘယ်လိုပြုမူကြမလဲ။ တကယ်ဖြစ်လာခဲ့ရင် ဘယ်လိုအကျိုးဆက်​တွေဖြစ်လာမလဲဆိုတာက​တော့ Sci-fi သမား​တွေ စိတ်ကူးယဥ်လို့​ကောင်းမယ့် ဇာတ်ကားတစ်ခုပါပဲ။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

mediafire.com (Mediafire) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *