Dororo (2007)

0
Share
Copy the link

ဒီကားလေးဟာဆိုရင် 1960 တုန်းကထုတ်လွှင့်ခဲ့တဲ့ Manga series လေးကို2007 မှာပြန်ပြီး အသက်သွင်းရိုက်ကူးထားတဲ့ ဆာမူရိုင်း ကားလေးပဲဖြစ်ပါတယ်…အကျဉ်းချုံးလေးပြောရမယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာအောင်ဖြစ်ပွားနေတဲ့စစ်ပွဲကြီးမှာ စစ်ရှုံးလာတဲ့ စစ်သူကြီးတစ်ယောက်ဟာ တိုင်းပြည်ကို အုပ်စိုးချင်တဲ့အတွက်နတ်ဆိုးတွေနဲ့ ကြောက်မယ်ဖွယ်အပေးအယူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ်

အဲ့ဒါကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်ထားတဲ့ သားရဲ့ ခန္ဓာကိုယ်ကို 48 ပိုင်းပိုင်းပြီးနတ်ဆိုးတွေကို ပူဇော်လိုက်တာပဲဖြစ်ပါတယ်…မမွေးခင်ထဲက ယစ်ပူဇော်ခံရတဲ့ ကလေးဟာ အသားလုံးလေးအဖြစ်မွေးဖွားလာပြီးရေထဲမျှောခံလိုက်ရပါရောမှော်ဆေးဆရာကြီးက ဆယ်ယူမွေးစားပြီး ကိုယ်လက်အင်္ဂါအတုတွေတပ်ပေးလိုက်ပါတယ်

အရွယ်ရောက်လာတော့ အဖြစ်မှန်တွေအကုန်သိပြီး ဟိရခိမာယု ဓားနဲ့ နတ်ဆိုးတွေကိုသုတ်သင်ပြီးသူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရယူပါတော့တယ်သူ့လက်ထဲမှာတပ်ထားတဲ့ ဟီရခိမာယုဓားကို လိုချင်နေတာကတော့သူ့ကိုယ်သူယောကျ်ားလေးလိုနေထိုင်တဲ့ အလစ်သုတ်သမလေးပဲဖြစ်ပါတယ်

သူတို့နှစ်ယောက်ပေါင်းပြီး နတ်ဆိုးတွေသတ်ရာမှာ ခြေထောက်ယူထားတဲ့နတ်ဆိုးကိုသတ်ပြီးတာနဲ့ ခြေထောက်အတုကပြတ်ကျပြီးအစစ်ပြန်ထွက်လာတာတွေကတော်တော်မိုက်ပါတယ်အခွေခေတ် စာတန်းထိုးတွေမပါတုန်းကတောင် တော်တော်ကြည့်လို့မိုက်တဲ့ကားလေးမို့မင်းသားလေးကလည်း အရမ်းချောလို့ Dororo ကားလေးကို ညွှန်းလိုက်ရပါတယ်နော်။

Zawgyi

ဒီကားေလးဟာဆိုရင္ 1960 တုန္းကထုတ္လႊင့္ခဲ့တဲ့ Manga series ေလးကို2007 မွာျပန္ၿပီး အသက္သြင္း႐ိုက္ကူးထားတဲ့ ဆာမူ႐ိုင္း ကားေလးပဲျဖစ္ပါတယ္…အက်ဥ္းခ်ဳံးေလးေျပာရမယ္ဆိုရင္ေတာ့ ဆယ္စုႏွစ္ၾကာေအာင္ျဖစ္ပြားေနတဲ့စစ္ပြဲႀကီးမွာ စစ္ရႈံးလာတဲ့ စစ္သူႀကီးတစ္ေယာက္ဟာ တိုင္းျပည္ကို အုပ္စိုးခ်င္တဲ့အတြက္နတ္ဆိုးေတြနဲ႔ ေၾကာက္မယ္ဖြယ္အေပးအယူႀကီးတစ္ခုျပဳလုပ္ခဲ့ပါတယ္

အဲ့ဒါကေတာ့ သူ႔မိန္းမကိုယ္ဝန္ေဆာင္ထားတဲ့ သားရဲ႕ ခႏၶာကိုယ္ကို 48 ပိုင္းပိုင္းၿပီးနတ္ဆိုးေတြကို ပူေဇာ္လိုက္တာပဲျဖစ္ပါတယ္…မေမြးခင္ထဲက ယစ္ပူေဇာ္ခံရတဲ့ ကေလးဟာ အသားလုံးေလးအျဖစ္ေမြးဖြားလာၿပီးေရထဲေမွ်ာခံလိုက္ရပါေရာေမွာ္ေဆးဆရာႀကီးက ဆယ္ယူေမြးစားၿပီး ကိုယ္လက္အဂၤါအတုေတြတပ္ေပးလိုက္ပါတယ္

အ႐ြယ္ေရာက္လာေတာ့ အျဖစ္မွန္ေတြအကုန္သိၿပီး ဟိရခိမာယု ဓားနဲ႔ နတ္ဆိုးေတြကိုသုတ္သင္ၿပီးသူ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ျပန္လည္ရယူပါေတာ့တယ္သူ႔လက္ထဲမွာတပ္ထားတဲ့ ဟီရခိမာယုဓားကို လိုခ်င္ေနတာကေတာ့သူ႔ကိုယ္သူေယာက်္ားေလးလိုေနထိုင္တဲ့ အလစ္သုတ္သမေလးပဲျဖစ္ပါတယ္

သူတို႔ႏွစ္ေယာက္ေပါင္းၿပီး နတ္ဆိုးေတြသတ္ရာမွာ ေျခေထာက္ယူထားတဲ့နတ္ဆိုးကိုသတ္ၿပီးတာနဲ႔ ေျခေထာက္အတုကျပတ္က်ၿပီးအစစ္ျပန္ထြက္လာတာေတြကေတာ္ေတာ္မိုက္ပါတယ္အေခြေခတ္ စာတန္းထိုးေတြမပါတုန္းကေတာင္ ေတာ္ေတာ္ၾကည့္လို႔မိုက္တဲ့ကားေလးမို႔မင္းသားေလးကလည္း အရမ္းေခ်ာလို႔ Dororo ကားေလးကို ၫႊန္းလိုက္ရပါတယ္ေနာ္။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *