Dragon Inn Part 1: The City of Sadness (2020)

17188
Share
Copy the link

ဒီကိုရီးယားအက်ရှင်ကားကတော့My Drama List မှာ 7/10ထိရထားပြီးတော့ဇာတ်လမ်းလေးလည်းကောင်းသလို Action ခန်းတွေလည်းဝေေ၀ဆာဆာပါလို့အက်ရှင်ကားကြိုက်သူတွေ အတွက်အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်

Cast တွေအနေနဲ့ မင်းသားကြီး Oh Ji-ho က guest အနေနဲ့ပါဝင်ထားသလိုJo Ji Ill,Bae Hong Seok,Park Jeonh Hwa,Jang Eui Soo စတဲ့ သရုပ်ဆောင်တွေပါဝင်ထားပြီးကိုရီးယားဒုစရိုက် အမှောင်လောကအကြောင်းကိုအဓိကအသားပေး ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ရဲတွေဖက်ကလက်လှမ်းမမှီတဲ့ အမှုတွေလာဘ်စားထားလို့ပိတ်လိုက်ရတဲ့အမှုအခင်းတွေကိုအခကြေးငွေလက်ခံပြီး ဖြေရှင်းပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်

သူတို့အဖွဲ့ကလက်ရုံးရည်သမား ဉာဏ်ကြီးရှင်သမားတွေနဲ့စုစည်းပြီးဖွဲ့ထားတာဖြစ်ပြီးအဖွဲ့ဝင်တွေအနေနဲ့ ချောမင်း ဆွန်းဂျင်း ဂျီဟယ် ယုံးဘယ်ဆိုတဲ့ လေးယောက်နဲ့ဖွဲ့စည်းထားပြီး
သူတို့က တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာအယောင်ပြအလုပ်လုပ်ပြီးနောက်ကွယ်ကနေ အမှုတွေဖော်ထုတ်ကြပါတယ်

အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်သူဌေးဖြစ်သူကလည်း သူတို့အလုပ်တွေကို စီမံခန့်ခွဲပေးရသူတစ်ယောက်ဖြစ်သလိုတစ်ရက်မှာ သူတို့နားကစတိုးဆိုင်က အချိန်ပိုင်းအလုပ်သမားကောင်မလေး သေဆုံးတဲ့အမှုကို လိုက်ရင်းသူတို့အဖွဲ့နဲ့ ဟိုယက်လူဆိုးဂိုဏ်းအဖွဲ့တို့ထိပ်တိုက်တွေ့ကြပါတော့တယ်

ဟိုယက်လူဆိုးဂိုဏ်းဆိုတာကလည်း မူးယစ်ဆေးလူမှောင်ခိုစတဲ့မကောင်းမှုမှန်သမျှအကုန်လုပ်သလိုသူတို့နောက်မှာထောက်ပံ့ပေးနေတဲ့ အင်အားကြီးလုပ်ငန်းစုတစ်ခုရဲ့အမွေဆက်ခံသူတစ်ယောက်ကလည်း ဒီအမှုမှာပါဝင်ပတ်သက်နေပြန်ပါတယ်

ဒီအမှန်တရားဖော်ထုတ်တဲ့အဖွဲ့က ဒီအမှုကိုလိုက်ရင်းတော်တော်ကြီးမားတဲ့ ပတ်သက်မှုတစ်ခုကိုဖော်ထုတ်မိတဲ့အခါဘာတွေဆက်ဖြစ်မယ်ဆိုတာရယ်ဒီအမှန်တရားတပ်ဖွဲ့ကိုနောက်ကွယ်ကနေ အမှန်တကယ် အမှုတွေအပ်နေတာ ဘယ်သူဆိုတာရယ်ကိုဒီမှာစိတ်ဝင်စားဖွယ်တွေ့ရမှာပါ

ဇာတ်လမ်းလည်းကောင်းသလို သရုပ်ဆောင်တွေကလည်း Action ခန်းသရုပ်ဆောင်ချက်တွေပိုင်နိုင်လို့ကြည့်သင့်တဲ့ကားလေးတစ်ကား ဖြစ်ကြောင်းညွှန်းချင်ပါတယ်

Zawgyi

ဒီကိုရီးယားအက်ရှင်ကားကတော့My Drama List မှာ 7/10ထိရထားပြီးတော့ဇာတ်လမ်းလေးလည်းကောင်းသလို Action ခန်းတွေလည်းဝေဝေဆာဆာပါလို့အက်ရှင်ကားကြိုက်သူတွေ အတွက်အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်








mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

One thought on “Dragon Inn Part 1: The City of Sadness (2020)

Comments

Your email address will not be published. Required fields are marked *