Dragons: Rescue Riders: Secrets of the Songwing (2020)
258သည်တစ်ခေါက် ပရိသတ်ကြီးကို မိတ်ဆက်ပေးမှာကတော့ Netflix ကနေ ပြသပေးခဲ့တဲ့ Dragons Rescue Riders ဆိုတဲ့ animated ကာတွန်းစီးရီးလေးပဲ ဖြစ်ပါတယ်။ ဒီစီးရီးလေးဟာ ဆိုရင် ၂၀၁၉ စက်တင်ဘာလမှာ season 1 ထွက်ရှိထားပြီး အပိုင်း ၁၄ ပိုင်း ပါဝင်ပါတယ်။
၂၀၂၀ ဖေဖော်ဝါရီလတွင် Season 2 ထွက်ရှိထားပြီး အပိုင်း ၁၂ ပိုင်း ပါဝင်ပါတယ်။ ယခု Season 3 ထွက်ဖို့ရှိနေပြီး လောလောဆယ် အနေနဲ့ Specials အပိုင်း ၃ ပိုင်း ထွက်ရှိထားပါတယ်။
Dragons Rescue Riders ဟာ Ratings အနေနဲ့ IMDb 6.3/10 ရရှိထားပြီး ကလေးများ အနေနဲ့ အတော့်ကို နှစ်သက်ကြတဲ့ ကာတွန်းစီးရီးလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ ယခု Specials အပိုင်း ၃ ပိုင်းထဲကမှ 2020 July တွင် ထွက်ရှိထားသော Secrets of the Songwing (အဆိုနဂါးမလေး၏လျှို့ဝှက်ချက်) ကို GC ၏ Animation ကာတွန်းဇာတ်ကောင်ချစ်သူများအတွက် မိတ်ဆက်ပေးထားပါတယ်။
Rescue ဆိုသည့်အတွက် သူရဲကောင်းလေးများကဲ့သို့ မိမိ၏မြို့ကို ကာကွယ်စောင့်ရှောက်ပေးနေသော ဒက်နဲ့ လေယာ… ဟက်စ်တက်ဂူလာ ဆိုတဲ့ မြို့လေးမှာ နဂါးများနဲ့ လူသားတို့ အေးချမ်း ညီညွှတ်စွာနေနေတဲ့ တစ်နေ့… ပျံသန်းနိုင်တဲ့ နဂါးများဟာ အဆိုနဂါးမလေးတစ်ကောင်ရဲ့ ညှို့ယူခြင်းခံလိုက်ရပါတယ်။
ထိုထဲတွင် လေယာတို့၏ မိတ်ဆွေနဂါးလေးလည်း ပါသွားခဲ့တယ်… ထိုကဲ့သို့ဖြင့် လေယာနှင့် သူ၏မိတ်ဆွေတို့ သူငယ်ချင်းအာဂို အား ဘယ်လိုကယ်တင်မလဲ… အဆိုနဂါးမလေးကရော ဘယ်သူလဲ… ဘာကြောင့်လဲ… စသည်ဖြင့် စိတ်ဝင်စားဖွယ် ရယ်ရွှင်ဖွယ် မြတ်နိုးဖွယ် Dreamworks Animation Production ရိုက်ကူးထားသော..
ဤကာတွန်းလေးအား လက်လွှတ်မခံသင့်ဘဲ ကြည့်ရှူသင့်ပါကြောင်း… သာမန်ကာတွန်း မဟုတ်ဘဲ အမြဲတမ်း Message တစ်ခုကို ချန်ထားခဲ့တာကြောင့် အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။
Zawgyi

