Dreamland (2019)
16636ဒီတစ်ခါ Dreamland ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပရိသတ်ကြီးရေ။လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွေကိုကြိုက်တဲ့ ရူဂျီနီဘက်ကာဆိုတဲ့ကောင်လေး တစ်ယောက်ရှိတယ် သူ့အဖေက လက်ထောက်အရာရှိ ဂျော့ အီဗန်၊ဖရီဘီကတော့ သူရဲ့ အမေတူအဖေကွဲညီမလေးပေါ့ မိသားစုအရင်းတွေမဟုတ်တော့ သွေးစိမ်းကြတယ်။
တစ်နေ့မှာတော့ သူတို့မြို့ကဘဏ်တစ်ခုမှာ ဓားပြတိုက်မှုဖြစ်တယ်။ ဓားပြတိုက်တဲ့သူက နာမည်ကြီးဝရမ်းပြေး အယ်လီဆန်ဝဲလ်။အဲ့ဒီဓားပြတိုက်မှုမှာ မမျှော်လင့်ဘဲ ကလေးမလေးတစ်ယောက် သေဆုံးသွားခဲ့တယ်။ အယ်လီဆန် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။မြို့သူမြို့သားတွေနဲ့ ရဲတွေ အုပ်စုဖွဲ့ပြီး ရှာကြတာပေါ့။
တစ်ညမှာတော့ ရူဂျီနီ သူမနဲ့ အိမ်နောက်ဖေးဂိုဒေါင်ထဲမှာ မမျှော်လင့်ဘဲတွေ့ရှိခဲ့တယ်။ အယ်လီဆန်က သူမလူသတ်သမားမဟုတ်ကြောင်း ရှင်းပြတယ်။မက္ကဆီကိုရောက်အောင် သူမကိုပို့ပေးနိုင်ရင် ဒေါ်လာနှစ်သောင်းပေးမယ်လို့ အကူအညီတောင်းတယ်။
ရူဂျီနီလည်း သဘောတူလိုက်တယ်။ မိုးသည်းထန်စွာရွာသွန်းနေတဲ့ညတစ်ညမှာ သူတို့ထွက်ပြေးဖို့ စီစဉ်ခဲ့ကြတယ်။ ဂျော့ရဲ့ကားကိုယူသွားပြီး မက္ကစီကိုကို ထွက်ပြေးကြတယ်။ ထွက်မပြေးခင် သူ့ညီမလေး ဖရီဘီကိုနှုတ်ဆက်စကားသွားပြောခဲ့တယ်။
မနက်မိုးလင်းတဲ့အခါမှာတော့ ဖရီဘီရဲ့ပြောပြချက်ကြောင့် သူတို့မက္ကစီကိုထွက်ပြေးကြတယ်ဆိုတာ ဂျော့သိသွားတယ်။ အဲ့ဒီနောက်မှာတော့ အုပ်စုဖွဲ့ပြီးသူတို့နောက်ကိုလိုက်ဖို့စီစဉ်ကြတယ်။
အကိုရင်းမဟုတ်ပေမယ့် အကိုကိုအရမ်းချစ်တဲ့ဖရီဘီ သူ့အကိုနောက်ကို ဘယ်လိုမရရအောင်လိုက်သွားခဲ့လဲ သူ့အကို ဘယ်လိုအဖြစ်ဆိုးတွေနဲ့ကြုံရမလဲ ဝရမ်းပြေးအမျိုးသမီးကိုရော ဖမ်းမိကြမလား။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦး ပရိသတ်ကြီးရေ။
Zawgyi


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download