Drishyam 2 (2021)

12174
Share
Copy the link

မနေ့က ထွက်ရှိလာတဲ့ မာလာယာလမ်းစကားပြော အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ခုကိုတင်ဆက်ပေးလိုက်ပါရစေ…။ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Drishyam မူရင်းဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး ၊

ပထမကားဟာ Kannada, Tekugu,Tamil,Hindi,Simhalese,Chinese စတဲ့ ဘာသာစကားပေါင်းများစွာနဲ့Remake များစွာရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပြီး ၊ သူတို့ရဲ့ ကာရယ်လာပြည်နယ်ကပေးအပ်တဲ့Best FIlm Award တွေပါ ရရှိခဲ့တဲ့အပြင် ၊ ၄၅ကြိမ်မြောက်ကျင်းပတဲ့ နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်းပြသခဲ့ရပါသေးတယ်။

မြန်မာပြည်မှာတော့ Ajay Devgn ပြန်လည်ရိုက်ကူးထားတဲ့ Drishyam (2015) ရုပ်ရှင်ကိုလူတွေ ပိုသိကြပါတယ်။အထူးပြောလိုတာကတော့ Ajay Devgn ရဲ့ဇာတ်ကားကို ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ၊ဒီဇာတ်ကားရဲ့ မူရင်းဇာတ်ကားကိုပဲ ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ယခုထွက်လာတဲ့Drishyam 2 ရုပ်ရှင်ကို နားလည်မှာပါ။

(ဘယ်ဇာတ်ကားကိုမှ မကြည့်ဖူးရင်တော့ပထမထွက်တဲ့ဇာတ်ကားကို အရင်ကြည့်ဖို့ တိုက်တွန်းပါရစေ)ဇာတ်လမ်းအကျဉ်းကို နည်းနည်းပြောပြပါရစေ…။

ပထမရုပ်ရှင်မှာပြသွားခဲ့တဲ့ ဇာတ်သိမ်းပိုင်းကနေ ဒီဇာတ်လမ်းကို အစပြန်ကောက်ထားတဲ့အတွက်ဒီရုပ်ရှင်မှာတော့ ဂျော့ဂျူတီ(GeorgeKutty) ဟာ ၊ ဗာရွန်းအမှုပြီးတဲ့နောက်မှာကေဘယ်တီဗီလုပ်ငန်းအပြင် ရုပ်ရှင်ရုံတစ်ခုပါ တည်ထောင်လိုက်ပြီး ၊ရုပ်ရှင်လောကကို ဝင်ဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။

အရင်လို အလုပ်မှာပဲ စိတ်နှစ်မထားဘဲ မိသားစုကို အနီးကပ်စောင့်ရှောက်ရင်းလိုအပ်နေတဲ့ နွေးထွေးမှုတွေပေးနေရင်း ဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းနေပါပြီ။ဗ

ာရွန်းအမှုမှာ လက်သည်မပေါ်တဲ့အတွက် ၊ တရားခံဟာ သူတို့မိသားစုဖြစ်ကြောင်းသိပေမယ့်တရားဥပဒေရဲ့ ဟာကွက်တွေကြောင့် လူတိုင်းက အပြစ်မရှိကြောင်း လက်ခံပြီး ၊ဒီအမှုကိုလိုက်တဲ့ ရဲဌာနဟာလည်း လူပုံအလယ်မှာ ပြက်ရယ်ပြုစရာ ဖြစ်နေခဲ့ပါတယ်။

ပထမရုပ်ရှင်ထဲမှာ ဒီအမှုကိုဦးစီးကိုင်တွယ်ခဲ့တဲ့ အရာရှိတွေဖြစ်တဲ့ဗာရွန်းရဲ့မိခင် ဂီသာပရာဘာကားဟာ အလုပ်ကနေ အငြိမ်းစားယူလိုက်ရပြီး ၊အရာရှိဆဟာဒေဝမ်ဟာလည်း နယ်ပြောင်းခံလိုက်ရပါတယ်။အရာရာပြောင်းလဲသွားခဲ့ပေမယ့်ကာယကံရှင်မိသားစုနှစ်ခုကတော့ ဒီအတိတ်ဆိုးကြီးရဲ့ ခြောက်လှန့်မှုကိုခံနေရဆဲပါပဲ ။

ဗာရွန်းရဲ့မိဘနှစ်ပါးအနေနဲ့သားပျောက်သွားတဲ့အတွက်နိစ္စဓူ၀သောကရောက်နေခဲ့ရသလို ၊ ဂျော့ဂျူတီမိသားစုဟာလည်း ဘယ်အချိန်မှာ ရဲလာဖမ်းမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရတယ်။

ဒီလိုနဲ့ ဒီအမှုဖြစ်ပြီးတဲ့ ၆နှစ်အကြာမှာတော့သူတို့မြို့ကို အရာရှိအသစ်တစ်ယောက် ရောက်ရှိလာပြီးဂျော့ဂျူတီနဲ့ သူ့မိသားစုရဲ့ ပတ်ဝန်းကျင်မှာအသွင်ယူထားတဲ့ ရဲအရာရှိတွေကို တာဝန်ပေးပြီး တိတ်တဆိတ်စုံစမ်းပါတော့တယ်။

ဒီအချိန်မှာပဲ ဗာရွန်းသေပြီးနောက်ပိုင်းမှာ အမေရိကားကို ထွက်သွားခဲ့တဲ့ဗာရွန်းရဲ့မိဘတွေ ဒီမြို့ကို အလည်တစ်ခေါက်ပြန်ရောက်လာတဲ့အခါမှာတော့…..။

ဇာတ်လမ်းကို အများကြီးကောက်နှုတ်မပြတာဟာဒီဇာတ်လမ်းရဲ့အရသာကို ပေါ့သွားစေမှာစိုးလို့ ဖြစ်ပြီး ၊တရားခွင်မှာသုံးနှုန်းတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေ လွဲမှားခဲ့သည်ရှိသော်ကျွန်တော်တို့ ဘာသာပြန်သူတွေရဲ့ ညံ့ဖျင်းမှုသာ ဖြစ်လို့သည်းခံနားလည်ပေးစေလိုပါကြောင်း…။

Zawgyi

မေန႔က ထြက္ရွိလာတဲ့ မာလာယာလမ္းစကားေျပာ အိႏၵိယေတာင္ပိုင္း႐ုပ္ရွင္တစ္ခုကိုတင္ဆက္ေပးလိုက္ပါရေစ…။ဒီဇာတ္ကားဟာ ၂၀၁၃ ခုႏွစ္က ထြက္ခဲ့တဲ့ Drishyam မူရင္းဇာတ္ကားရဲ႕ အဆက္ျဖစ္ၿပီး ၊

ပထမကားဟာ Kannada, Tekugu,Tamil,Hindi,Simhalese,Chinese စတဲ့ ဘာသာစကားေပါင္းမ်ားစြာနဲ႔Remake မ်ားစြာ႐ိုက္ကူးခဲ့ရတဲ့အထိ ေအာင္ျမင္ခဲ့ၿပီး ၊ သူတို႔ရဲ႕ ကာရယ္လာျပည္နယ္ကေပးအပ္တဲ့Best FIlm Award ေတြပါ ရရွိခဲ့တဲ့အျပင္ ၊ ၄၅ႀကိမ္ေျမာက္က်င္းပတဲ့ ႏိုင္ငံတကာအိႏၵိယ႐ုပ္ရွင္ပြဲေတာ္မွာလည္းျပသခဲ့ရပါေသးတယ္။

ျမန္မာျပည္မွာေတာ့ Ajay Devgn ျပန္လည္႐ိုက္ကူးထားတဲ့ Drishyam (2015) ႐ုပ္ရွင္ကိုလူေတြ ပိုသိၾကပါတယ္။အထူးေျပာလိုတာကေတာ့ Ajay Devgn ရဲ႕ဇာတ္ကားကို ၾကည့္ဖူးတဲ့သူျဖစ္ျဖစ္ ၊ဒီဇာတ္ကားရဲ႕ မူရင္းဇာတ္ကားကိုပဲ ၾကည့္ဖူးတဲ့သူျဖစ္ျဖစ္ ယခုထြက္လာတဲ့Drishyam 2 ႐ုပ္ရွင္ကို နားလည္မွာပါ။

(ဘယ္ဇာတ္ကားကိုမွ မၾကည့္ဖူးရင္ေတာ့ပထမထြက္တဲ့ဇာတ္ကားကို အရင္ၾကည့္ဖို႔ တိုက္တြန္းပါရေစ)ဇာတ္လမ္းအက်ဥ္းကို နည္းနည္းေျပာျပပါရေစ…။

ပထမ႐ုပ္ရွင္မွာျပသြားခဲ့တဲ့ ဇာတ္သိမ္းပိုင္းကေန ဒီဇာတ္လမ္းကို အစျပန္ေကာက္ထားတဲ့အတြက္ဒီ႐ုပ္ရွင္မွာေတာ့ ေဂ်ာ့ဂ်ဴတီ(GeorgeKutty) ဟာ ၊ ဗာ႐ြန္းအမႈၿပီးတဲ့ေနာက္မွာေကဘယ္တီဗီလုပ္ငန္းအျပင္ ႐ုပ္ရွင္႐ုံတစ္ခုပါ တည္ေထာင္လိုက္ၿပီး ၊႐ုပ္ရွင္ေလာကကို ဝင္ဖို႔လည္း ဆုံးျဖတ္လိုက္ပါတယ္။

အရင္လို အလုပ္မွာပဲ စိတ္ႏွစ္မထားဘဲ မိသားစုကို အနီးကပ္ေစာင့္ေရွာက္ရင္းလိုအပ္ေနတဲ့ ေႏြးေထြးမႈေတြေပးေနရင္း ဘ၀ကို ေအးေအးေဆးေဆး ျဖတ္သန္းေနပါၿပီ။ဗ

ာ႐ြန္းအမႈမွာ လက္သည္မေပၚတဲ့အတြက္ ၊ တရားခံဟာ သူတို႔မိသားစုျဖစ္ေၾကာင္းသိေပမယ့္တရားဥပေဒရဲ႕ ဟာကြက္ေတြေၾကာင့္ လူတိုင္းက အျပစ္မရွိေၾကာင္း လက္ခံၿပီး ၊ဒီအမႈကိုလိုက္တဲ့ ရဲဌာနဟာလည္း လူပုံအလယ္မွာ ျပက္ရယ္ျပဳစရာ ျဖစ္ေနခဲ့ပါတယ္။

ပထမ႐ုပ္ရွင္ထဲမွာ ဒီအမႈကိုဦးစီးကိုင္တြယ္ခဲ့တဲ့ အရာရွိေတြျဖစ္တဲ့ဗာ႐ြန္းရဲ႕မိခင္ ဂီသာပရာဘာကားဟာ အလုပ္ကေန အၿငိမ္းစားယူလိုက္ရၿပီး ၊အရာရွိဆဟာေဒဝမ္ဟာလည္း နယ္ေျပာင္းခံလိုက္ရပါတယ္။အရာရာေျပာင္းလဲသြားခဲ့ေပမယ့္ကာယကံရွင္မိသားစုႏွစ္ခုကေတာ့ ဒီအတိတ္ဆိုးႀကီးရဲ႕ ေျခာက္လွန႔္မႈကိုခံေနရဆဲပါပဲ ။

ဗာ႐ြန္းရဲ႕မိဘႏွစ္ပါးအေနနဲ႔သားေပ်ာက္သြားတဲ့အတြက္နိစၥဓူ၀ေသာကေရာက္ေနခဲ့ရသလို ၊ ေဂ်ာ့ဂ်ဴတီမိသားစုဟာလည္း ဘယ္အခ်ိန္မွာ ရဲလာဖမ္းမလဲဆိုတာကိုရင္တထိတ္ထိတ္နဲ႔ စိုးရိမ္ေနရတယ္။

ဒီလိုနဲ႔ ဒီအမႈျဖစ္ၿပီးတဲ့ ၆ႏွစ္အၾကာမွာေတာ့သူတို႔ၿမိဳ႕ကို အရာရွိအသစ္တစ္ေယာက္ ေရာက္ရွိလာၿပီးေဂ်ာ့ဂ်ဴတီနဲ႔ သူ႔မိသားစုရဲ႕ ပတ္ဝန္းက်င္မွာအသြင္ယူထားတဲ့ ရဲအရာရွိေတြကို တာဝန္ေပးၿပီး တိတ္တဆိတ္စုံစမ္းပါေတာ့တယ္။

ဒီအခ်ိန္မွာပဲ ဗာ႐ြန္းေသၿပီးေနာက္ပိုင္းမွာ အေမရိကားကို ထြက္သြားခဲ့တဲ့ဗာ႐ြန္းရဲ႕မိဘေတြ ဒီၿမိဳ႕ကို အလည္တစ္ေခါက္ျပန္ေရာက္လာတဲ့အခါမွာေတာ့…..။

ဇာတ္လမ္းကို အမ်ားႀကီးေကာက္ႏႈတ္မျပတာဟာဒီဇာတ္လမ္းရဲ႕အရသာကို ေပါ့သြားေစမွာစိုးလို႔ ျဖစ္ၿပီး ၊တရားခြင္မွာသုံးႏႈန္းတဲ့ စကားလုံးေတြရဲ႕ အဓိပၸာယ္ေတြ လြဲမွားခဲ့သည္ရွိေသာ္ကြၽန္ေတာ္တို႔ ဘာသာျပန္သူေတြရဲ႕ ညံ့ဖ်င္းမႈသာ ျဖစ္လို႔သည္းခံနားလည္ေပးေစလိုပါေၾကာင္း…။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *