Driving Miss Daisy (1989)

14883
Share
Copy the link

သည်တစ်ခါမှာ ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ လူသားတွေရဲ့ မေတ္တာထားပုံနဲ့ပတ်သက်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။

အမည်ကတော့ Driving Miss Daisy ဖြစ်ပြီးတော့ Oscar ဆုရရှိခဲ့သလို Rating အနေနဲ့ IMDb 7.3/10, Rotten Tomatoes rating 82% ရရှိထားပြီး Metacritic rating လည်း 81% ရရှိထားတဲ့ဇာတ်ကားလေးပါ။

သည်ဇာတ်ကားလေးကတော့ မာနကြီးတဲ့ ဂျူးလူမျိုးအဘွားလေး တစ်ဦးနဲ့ သူ့ရဲ့ လူမဲ ဒရိုင်ဘာအဘိုးကြီး တစ်ဦး တို့ကြားက သံယောဇဥ်အကြောင်းကိုဖော်ကျူးထားတာပါ။

လူတွေဟာ ငယ်ရွယ်စဥ်မှာ စိတ်ရဲ့အလိုလိုက်မှုအရ အချစ်ဆိုတာကိုရှာဖွေ အိမ်ထောင်တွေပြု ကလေးတွေမွေးခဲ့ ကြပေမယ့်လို့ တစ်ကယ်တည်း အသက်တွေကြီးလာတဲ့အခါ မိမိနားမှာ မိမိကိုနားလည်အဖော်ပြုပေးနိုင်တဲ့သူဟာ သိပ်ကိုရှားပါးလှပါတယ်။

သည်ကားလေးမှာ မစ္စဒေစီဆိုတဲ့ မာနကြီးဂျူးအဘွားအိုလေးဟာ တစ်ကိုယ်တည်းကားမောင်းပြီးသွားရင်း မိမိရဲ့အထီးကျန်မှုကိုဖြေဖျောက်တဲ့သူတစ်ဦးပါ။ တစ်နေ့မှာ မတော်တဆမှု ကြောင့် သားဖြစ်သူက ကားဆက်မမောင်းသင့်တော့ဘူးလို့ သိတာနဲ့ လူမဲ အဘိုးကြီး ဟုတ်ခ်ကိုကားဆရာအဖြစ်ခန့်ထားလိုက်ပါတယ်။ သည်တော့ မာနကြီးတဲ့ အဘွားလေးအနေနဲ့ ဟုတ်ခ်ကိုအမျိုးမျိိုး အချိုးမကျတာတွေအပြစ်ပြောရင်း နောက်ဆုံးမှာ ကားဆရာအဖြစ်အသိအမှတ်ပြုလိုက်ပါတယ်။

သည်ကားလေးက နည်းနည်းလေးဟာသဆန်သလို လူတွေရဲ နှလုံးသားနဲ့ပိုနီးစပ်တဲ့ဇာတ်ကားလေးပါ။ အဖော်မရှိတဲ့အခါ လူတစ်ဦးတစ်ယောက်ကိုအမှီပြုရင်း မျှော်လင့်ချက်ထား အသက်ရှင်ရခြင်း ကို စကားတွေအများကြီးမပြောဘဲနဲ့ သူတို့နှစ်ဦးရဲ့ အပြုအမူတွေကတစ်ဆင့်သိရှိနိုင်ပါတယ်။

တကယ်ကိုကားကောင်းလေးတစ်ကားဖြစ်မို့ လက်မလွတ်မခံသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။

Zawgyi

သည္တစ္ခါမွာ ပရိသတ္ႀကီးကို မိတ္ဆက္ေပးခ်င္တာကေတာ့ လူသားေတြရဲ႕ ေမတၱာထားပုံနဲ႔ပတ္သက္တဲ့ ဇာတ္ကားေလးတစ္ကားပဲ ျဖစ္ပါတယ္။

အမည္ကေတာ့ Driving Miss Daisy ျဖစ္ၿပီးေတာ့ Oscar ဆုရရွိခဲ့သလို Rating အေနနဲ႔ IMDb 7.3/10, Rotten Tomatoes rating 82% ရရွိထားၿပီး Metacritic rating လည္း 81% ရရွိထားတဲ့ဇာတ္ကားေလးပါ။

သည္ဇာတ္ကားေလးကေတာ့ မာနႀကီးတဲ့ ဂ်ဴးလူမ်ိဳးအဘြားေလး တစ္ဦးနဲ႔ သူ႔ရဲ႕ လူမဲ ဒ႐ိုင္ဘာအဘိုးႀကီး တစ္ဦး တို႔ၾကားက သံေယာဇဥ္အေၾကာင္းကိုေဖာ္က်ဴးထားတာပါ။

လူေတြဟာ ငယ္႐ြယ္စဥ္မွာ စိတ္ရဲ႕အလိုလိုက္မႈအရ အခ်စ္ဆိုတာကိုရွာေဖြ အိမ္ေထာင္ေတြျပဳ ကေလးေတြေမြးခဲ့ ၾကေပမယ့္လို႔ တစ္ကယ္တည္း အသက္ေတြႀကီးလာတဲ့အခါ မိမိနားမွာ မိမိကိုနားလည္အေဖာ္ျပဳေပးႏိုင္တဲ့သူဟာ သိပ္ကိုရွားပါးလွပါတယ္။

သည္ကားေလးမွာ မစၥေဒစီဆိုတဲ့ မာနႀကီးဂ်ဴးအဘြားအိုေလးဟာ တစ္ကိုယ္တည္းကားေမာင္းၿပီးသြားရင္း မိမိရဲ႕အထီးက်န္မႈကိုေျဖေဖ်ာက္တဲ့သူတစ္ဦးပါ။ တစ္ေန႔မွာ မေတာ္တဆမႈ ေၾကာင့္ သားျဖစ္သူက ကားဆက္မေမာင္းသင့္ေတာ့ဘူးလို႔ သိတာနဲ႔ လူမဲ အဘိုးႀကီး ဟုတ္ခ္ကိုကားဆရာအျဖစ္ခန္႔ထားလိုက္ပါတယ္။ သည္ေတာ့ မာနႀကီးတဲ့ အဘြားေလးအေနနဲ႔ ဟုတ္ခ္ကိုအမ်ိဳးမ်ိိုး အခ်ိဳးမက်တာေတြအျပစ္ေျပာရင္း ေနာက္ဆုံးမွာ ကားဆရာအျဖစ္အသိအမွတ္ျပဳလိုက္ပါတယ္။

သည္ကားေလးက နည္းနည္းေလးဟာသဆန္သလို လူေတြရဲ ႏွလုံးသားနဲ႔ပိုနီးစပ္တဲ့ဇာတ္ကားေလးပါ။ အေဖာ္မရွိတဲ့အခါ လူတစ္ဦးတစ္ေယာက္ကိုအမွီျပဳရင္း ေမွ်ာ္လင့္ခ်က္ထား အသက္ရွင္ရျခင္း ကို စကားေတြအမ်ားႀကီးမေျပာဘဲနဲ႔ သူတို႔ႏွစ္ဦးရဲ႕ အျပဳအမူေတြကတစ္ဆင့္သိရွိႏိုင္ပါတယ္။

တကယ္ကိုကားေကာင္းေလးတစ္ကားျဖစ္မို႔ လက္မလြတ္မခံသင့္ပါေၾကာင္း တိုက္တြန္းလိုက္ပါရေစ။

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *