Eliminators (2016)

19079
Share
Copy the link

ကျွန်တော်တို့ငယ်ငယ်ကတော့ စာရေးဆရာမဟာဆွေစာအုပ်တွေဖတ်ဖြစ်တယ် သူ့ဇာတ်လိုက်တွေလို အလေးတွေမကျန်းမာရေးကောင်းအောင်လုပ် ယောင်္ကျားပီရသအောင်နေရမယ် စာရိတ္တကောင်းအောင်နေရမယ် ကိုယ်ခံပညာတတ်ကျွမ်းရမယ်နောက်ပိုင်းရုပ်ရှင်တွေကြည့်တော့လည်း အက်ရှင်ကားတွေအတော်ကြိုက်မိတယ်

သူတို့ဆီကမင်းသားတွေအတော်များများကကိုယ်ခံပညာတွေအတော်တတ်ကြတာကိုးယောက်ျားပီသတယ် အနစ်နာခံကိုယ်ကြိုးစွန့်တယ် ကျွန်တော်တို့သိပ်သဘောကျမိတဲ့ ဇာတ်ကောင်စရိုက်တွေပေါ့…… ဒီကားရဲ့မင်းသား Scott Adkins ကိုအားလုံးရင်းနှီးကြမှာပါ…

Undisputed ကားတွေ Ninja,Ninja: Shadow of a Tear,Holby City, Doctor Strange, The Bourne Ultimatum, Zero Dark Thirty,EastEnders, Hollyoaks, Doctorsစတဲ့ကားတွေမှာပါဝင်သရုပ်ဆောင်ထားတယ်….

သူတတ်တဲ့ကိုယ်ခံပညာတွေတော့အတော်များတယ်. Taekwondo. Kickboxing Ninjutsu, Karate, Capoeira, Jujutsu,Judo, Jeet Kune Do, Krav Maga, Wushu နဲ့ gymnastics စတဲ့ကိုယ်ခံပညာတွေတတ်ကျွမ်းပါတယ် Judo သင်တန်းလည်းဖွင့်ထားတယ်….

သူ့အက်ရှင်ခန်းတွေဘာလို့လန်းနေလဲဆိုတာ ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်…ဒီကားထဲမှာတော့ Scltt Adkins ဟာ သိုးမက်စ်အမည်နဲ့သရုပ်ဆောင်ထားပါတယ်… သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်…ဒီသမီးလေးဟာသူ့ဘဝမို့အစစအရာရာဂရုစိုက်တယ်

တစ်နေတော့ လူဆိုး ၃ယောက်ဟာ အိမ်မှားပြီး သိုးမက်စ်တို့သားအဖ အိမ်ထဲဝင်လာတယ်…သမီးကိုကယ်ချင်ဇောနဲ့ သူတုန့်ပြန်လိုက်တာ လူဆိုး ၃ယောက် သေဆုံးသွားတယ်…
သူလည်းဒဏ်ရာပျင်းထန်စွာရပြီးသတိမေ့သွားတယ် ဆေးရုံမှာသတိရလောတော့လူသတ်မှုကြောင့် လက်ထိပ်ခတ်ခံထားရတယ်…

ဒါပေမဲ့ သမီးကိုရှာချင်တဲ့စိတ်ကြောင့် ဆေးရုံကထွက်ပြေးခဲ့တယ်…သမီးရှာနေတုန်းမှာပဲ သူ့ကိုလုပ်ကြံတဲ့သူတွေကိုရင်ဆိုင်ရတယ်..ကြေးစားလူသတ်သမားတွေဖြစ်လို့ သိုးမက်စ်အတွက်ရင်ဆိုင်ဖြေရှင်းရတာအတော်ခက်ခဲပါတယ်…ကိုင်း ဒီအခဲတွေကရုန်းထွက်ပြီး သမီးလေးကိုပြန်ရှာတွေ့မလား…..

နောက်ကွယ်က ဘယ်သူတွေကြိုးကိုင်နေလဲဆိုတာကိုတော့ ပြိတ်သတ်ကြီးရေ…

Zawgyi









megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *