Fat Girl – Link 1

23922
Share
Copy the link

အာနာရစ်စ် ဟာ ဆယ့်နှစ်နှစ်အရွယ်မိန်းမငယ်တစ်ယောက်၊ကမ္ဘာကြီးကို သူ့ပုခုံးပေါ်ထမ်းတင်ထားရသလိုစိတ်ဖိစီးနေသူပါ။ အစားမက်တဲ့ ဝတုတ်မလေးသူ့မှာ ဆယ့်ငါးနှစ်အရွယ်အစ်မတစ်ယောက်ရှိပြီးအဲ့ဒီအစ်မဟာရက်ရက်စက်စက်လှလွန်းတဲ့သူဖြစ်တယ်။ သိစိတ်ကချစ်မက်ပေမယ့် မသိစိတ်ကပြိုင်ဘက်လိုသဘောထားတဲ့ အစ်မဖြစ်သူကို ချစ်တဲ့စိတ်နဲ့မုန်းတဲ့စိတ်ကြား လွန်ဆွဲနေတတ်ပါတယ်။ သူတို့ ထွက်နေတဲ့ အပန်းဖြေခရီးမှာ သူ့အစ်မထက် အသက်ကြီးအတွေ့အကြုံရှိပုံရတဲ့လူငယ်တစ်ယောက်နဲ့ချစ်ဇာတ်လမ်းစခဲ့ချိန်မှာတော့ သူ့အစ်မ သွားလေရာတစ်ကောက်ကောက်လိုက်ရတဲ့ အာနာရစ်စ်တစ်ယောက်အဆိုးအကောင်း အကျိုးအကြောင်း မခွဲခြားတတ်သေးတဲ့ ကလေးသာသာအရွယ်နဲ့မမြင်အပ်တာတွေ မကြားဝံ့စရာတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရပါတော့တယ်။

ငယ်ရွယ်သူတွေရဲ့အချစ်ကို ချစ်စရာကြည်နူးစရာဇာတ်လမ်းလေးတွေအဖြစ်ယူဆကြပေမယ့်အရွယ်မတိုင်ခင် လိင်မှုကိစ္စအတွေ့အကြုံတွေကတော့များသောအားဖြင့် မုသားတွေ အပေါ်အခြေခံတည်ဆောက်ထားလေ့ရှိပြီး နာကျင်စရာတွေဖြစ်သွားတတ်ပါတယ်။ယောက်ျားလေးတစ်ယောက်ဟာ လိုချင်တာရဖို့ ဘာမဆိုပြောဖို့အသင့်ရှိနေသလိုရင်ဖိုလှိုက်မောနေတဲ့ အတွေ့အကြုံသစ်မှာ လက်ပစ်ကူးဖို့အသင့်ရှိနေတဲ့အပျိုဖြန်းလေးတစ်ယောက်ဟာလဲ ယုံလိုက်ဖို့ ဝန်မလေးပါဘူး။မိန်းကလေး သဘာ၀ စပ်စုချင်တဲ့ စိတ်ကလေးကလဲ ပါသေးတယ် မဟုတ်လား?“Fat Girl” ဟာ ၁၅နှစ်အရွယ် အပျိုဖြန်းမိန်းမလှလေးနဲ့သူ့ညီမ ၁၂အရွယ် ခပ်ဖိုင့်ဖိုင့်ကောင်မလေးတို့ရဲ့ ပထမဆုံးလိင်မှုကိစ္စအတွေ့အကြုံအကြောင်းကိုရက်ရက်စက်စက်နဲ့ လက်တွေ့နဲ့အနီးစပ်ဆုံးချဉ်းကပ်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။အဓိကဇာတ်ကောင်ဟာ အသက် ၁၂ အရွယ်မိန်းကလေးဖြစ်သလိုတကယ်တမ်း သူ့နေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသမီးဟာလဲဇာတ်ကားရိုက်ကူးစဉ်က၁၃ နှစ်ပဲရှိခဲ့သေးတာပါ။ဒီပြင်သစ်ဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေအကြိုက်တွေ့ခဲ့ကြပေမယ့် ဝေဖန်မှုတွေကြမ်းကြမ်းတမ်းတမ်းကြုံခဲ့ရသလိုတစ်ချို့နေရာတွေမှာ ပြသခွင့်ပိတ်ပင်ခံခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *