Feels Good Man (2020)
187အင်တာနက် Meme တွေကိုသိရင် Pepe the frog (ဖားလေးပပ်ပက်) ကိုလည်း သိကြမယ်ထင်ပါတယ်။ နာမည်ကိုမသိရင်တောင် Meme တွေမှာ ခဏခဏတွေ့ရတဲ့ အစိမ်းရောဖားလေးကို မြင်ဖူးနေကြမှာပါ။
ဒေါ်နယ်ထရန့်မဲဆွယ်ကာလတုန်းကလည်း သူ့ရဲ့ Twitter နဲ့ တခြားသော social media တွေမှာ အစိမ်းရောင်ဖားပုံလေးကို တွေ့ဖူးကြမယ်ထင်ပါတယ်။ Pepe ဟာသနဲ့ သရော်ပုံတွေဟာ meme ၀ဘ်ဆိုက်တွေပေါ်မှာ အတော်ခေတ်ထသွားခဲ့တာပါ။
Pepe ဟာ Meme တွေရဲ့ အထင်ကရအရာတစ်ခုလိုတောင် ဖြစ်လာပါတယ်။ သူ့ရဲ့ အပြောင်းအလဲတွေက တကယ်စိတ်၀င်စားစရာပါ။ဒီ Feels Good Man ကတော့ အဲဒီဖားကာတွန်းရုပ်လေးအကြောင်း ရိုက်ထားတဲ့ Documentary film ပါ။ သူ့ကိုဖန်တီးခဲ့တဲ့ ကာတွန်းရေးဆရာ Matt Furie ကိုယ်တိုင် ပါ၀င်ထားပါတယ်။
မက်ဖြူရီဟာ အစိမ်းရောင်ဖားလေး Pepe နဲ့ သူ့ရဲ့အပေါင်းအသင်းတွေအကြောင်း ဟာသကာတွန်းလေးတွေရေးခဲ့ပါတယ်။ Pepe ကို အင်တာနက်ပေါ်တင်လိုက်ရာကစလို့ ဇာတ်လမ်းစတာပါ။ အပျော်ဖတ်ကာတွန်းလေးတစ်ခုက ဇာတ်ကောင်တစ်ခုသာဖြစ်တဲ့ ပပ်ပက်ကိုသုံးပြီး 4chan ဆိုတဲ့ ၀ဘ်ဆိုက်တစ်ခုမှာ meme တွေ ဖန်တီးခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ meme တွေရဲ့ သဘောတရားဟာ ရိုးရိုးဟာသနဲ့ သရော်တာထက်ကို ပိုလာပါတယ်။ လူတွေရဲ့စိတ်ထွက်ပေါက်တစ်ခုလို ဖြစ်လာပါတယ်။Meme ကို အရမ်းရူးသွပ်လာကြတဲ့ သူတွေဟာအကြမ်းဖက်ကိစ္စတွေကိုပါ Meme လုပ်လာကြပြီး Pepe ကလည်း အသုံးချခံတစ်ခု ဖြစ်လာပါတယ်။
ထရန့်မဲဆွယ်ကာလမှာတော့ နိုင်ငံရေးသမားတွေဟာ Meme တွေကို ရည်ရွယ်ချက်ရှိရှိအသုံးချလာခဲ့ကြပါတယ်။ Pepe က အသုံးချအခံရဆုံးပါပဲ။ နောဆုံး Pepe ဟာ ထရန့်ထောက်ခံသူတွေရဲ့ အသုံးချခံဖြစ်လာရုံမက၊ လူမျိုးရေးခွဲခြားသူ၊ လူဖြူဝါဒကြီးစိုးတဲ့ အစွန်းရောဝါဒီတွေရဲ့ လက်ကိုင်တုတ်လို ဖြစ်လာပြီး အမုန်းပွားစေတဲ့ symbol တစ်ခုအထိ ဖြစ်လာခဲ့ပါတယ်။
ဟာသလုပ်တာတွေလို့ဘောထားပြီး တစ်ချိန်လုံး လက်ပိုက်ကြည့်နေခဲ့တဲ့ မက်ဖြူရီတစ်ယောက် မနေသာတော့ပါဘူး။ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်လေးကို အခုလို hate symbol အဖြစ် မြင်နေကြတဲ့အပေါ် သူပါ၀င်ဖို့လိုလာပါပြီ။ အဲဒီလိုနဲ့ Pepe ကို ကာကွယ်ရေးလုပ်လာရပြီး တရားရင်ဆိုင်တာတွေလည်း လုပ်ခဲ့ရပါတယ်။
ကြည့်လိုက်ရင် ရိုးရိုးလေးပေမဲ့ Pepe ရဲ့ ပြောင်းလဲမှုက တကယ်ကိုဆန်းကြယ်ပါတယ်။ လူ့ဘ၀လိုရှုပ်ထွေးပွေလီခဲ့ပါတယ်။ လူတွေရဲ့ အသုံးချခံ၊ အမုန်းခံဘ၀ကနေ မနည်းရုန်းထွက်ခဲ့ရပါတယ်။
Feels Good Man ဟာ ကာတွန်းဇာတ်ကောင်တစ်ခုရဲ့ Documentary ဖြစ်ပေမဲ့ တကယ်ကို စိတ်၀င်စားစရာကောင်းပြီး ဗဟုသုတတွေအများကြီးရသလို သင်ခန်းစာယူစရာတွေလည်း ပါ၀င်နေပါတယ်။
Zawgyi
အင္တာနက္ Meme ေတြကိုသိရင္ Pepe the frog (ဖားေလးပပ္ပက္) ကိုလည္း သိၾကမယ္ထင္ပါတယ္။ နာမည္ကိုမသိရင္ေတာင္ Meme ေတြမွာ ခဏခဏေတြ႕ရတဲ့ အစိမ္းေရာဖားေလးကို ျမင္ဖူးေနၾကမွာပါ။
ေဒၚနယ္ထရန႔္မဲဆြယ္ကာလတုန္းကလည္း သူ႔ရဲ႕ Twitter နဲ႔ တျခားေသာ social media ေတြမွာ အစိမ္းေရာင္ဖားပုံေလးကို ေတြ႕ဖူးၾကမယ္ထင္ပါတယ္။ Pepe ဟာသနဲ႔ သေရာ္ပုံေတြဟာ meme ၀ဘ္ဆိုက္ေတြေပၚမွာ အေတာ္ေခတ္ထသြားခဲ့တာပါ။
Pepe ဟာ Meme ေတြရဲ႕ အထင္ကရအရာတစ္ခုလိုေတာင္ ျဖစ္လာပါတယ္။ သူ႔ရဲ႕ အေျပာင္းအလဲေတြက တကယ္စိတ္၀င္စားစရာပါ။ဒီ Feels Good Man ကေတာ့ အဲဒီဖားကာတြန္း႐ုပ္ေလးအေၾကာင္း ႐ိုက္ထားတဲ့ Documentary film ပါ။ သူ႔ကိုဖန္တီးခဲ့တဲ့ ကာတြန္းေရးဆရာ Matt Furie ကိုယ္တိုင္ ပါ၀င္ထားပါတယ္။
မက္ျဖဴရီဟာ အစိမ္းေရာင္ဖားေလး Pepe နဲ႔ သူ႔ရဲ႕အေပါင္းအသင္းေတြအေၾကာင္း ဟာသကာတြန္းေလးေတြေရးခဲ့ပါတယ္။ Pepe ကို အင္တာနက္ေပၚတင္လိုက္ရာကစလို႔ ဇာတ္လမ္းစတာပါ။ အေပ်ာ္ဖတ္ကာတြန္းေလးတစ္ခုက ဇာတ္ေကာင္တစ္ခုသာျဖစ္တဲ့ ပပ္ပက္ကိုသုံးၿပီး 4chan ဆိုတဲ့ ၀ဘ္ဆိုက္တစ္ခုမွာ meme ေတြ ဖန္တီးခဲ့ပါတယ္။
တျဖည္းျဖည္းနဲ႔ meme ေတြရဲ႕ သေဘာတရားဟာ ႐ိုး႐ိုးဟာသနဲ႔ သေရာ္တာထက္ကို ပိုလာပါတယ္။ လူေတြရဲ႕စိတ္ထြက္ေပါက္တစ္ခုလို ျဖစ္လာပါတယ္။Meme ကို အရမ္း႐ူးသြပ္လာၾကတဲ့ သူေတြဟာအၾကမ္းဖက္ကိစၥေတြကိုပါ Meme လုပ္လာၾကၿပီး Pepe ကလည္း အသုံးခ်ခံတစ္ခု ျဖစ္လာပါတယ္။
ထရန႔္မဲဆြယ္ကာလမွာေတာ့ ႏိုင္ငံေရးသမားေတြဟာ Meme ေတြကို ရည္႐ြယ္ခ်က္ရွိရွိအသုံးခ်လာခဲ့ၾကပါတယ္။ Pepe က အသုံးခ်အခံရဆုံးပါပဲ။ ေနာဆုံး Pepe ဟာ ထရန႔္ေထာက္ခံသူေတြရဲ႕ အသုံးခ်ခံျဖစ္လာ႐ုံမက၊ လူမ်ိဳးေရးခြဲျခားသူ၊ လူျဖဴဝါဒႀကီးစိုးတဲ့ အစြန္းေရာဝါဒီေတြရဲ႕ လက္ကိုင္တုတ္လို ျဖစ္လာၿပီး အမုန္းပြားေစတဲ့ symbol တစ္ခုအထိ ျဖစ္လာခဲ့ပါတယ္။
ဟာသလုပ္တာေတြလို႔ေဘာထားၿပီး တစ္ခ်ိန္လုံး လက္ပိုက္ၾကည့္ေနခဲ့တဲ့ မက္ျဖဴရီတစ္ေယာက္ မေနသာေတာ့ပါဘူး။ သူဖန္တီးခဲ့တဲ့ ဇာတ္ေကာင္ေလးကို အခုလို hate symbol အျဖစ္ ျမင္ေနၾကတဲ့အေပၚ သူပါ၀င္ဖို႔လိုလာပါၿပီ။ အဲဒီလိုနဲ႔ Pepe ကို ကာကြယ္ေရးလုပ္လာရၿပီး တရားရင္ဆိုင္တာေတြလည္း လုပ္ခဲ့ရပါတယ္။
ၾကည့္လိုက္ရင္ ႐ိုး႐ိုးေလးေပမဲ့ Pepe ရဲ႕ ေျပာင္းလဲမႈက တကယ္ကိုဆန္းၾကယ္ပါတယ္။ လူ႔ဘ၀လိုရႈပ္ေထြးေပြလီခဲ့ပါတယ္။ လူေတြရဲ႕ အသုံးခ်ခံ၊ အမုန္းခံဘ၀ကေန မနည္း႐ုန္းထြက္ခဲ့ရပါတယ္။
Feels Good Man ဟာ ကာတြန္းဇာတ္ေကာင္တစ္ခုရဲ႕ Documentary ျဖစ္ေပမဲ့ တကယ္ကို စိတ္၀င္စားစရာေကာင္းၿပီး ဗဟုသုတေတြအမ်ားႀကီးရသလို သင္ခန္းစာယူစရာေတြလည္း ပါ၀င္ေနပါတယ္။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Users Drive) Small Size ~ Download