Fengshui (2018)
13030ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။
ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။
တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။
မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။
သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့….
ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ… ? ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်…..
ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon Chae-won ကလည်း ဒီကားလေးထဲမှာ ဖခင်အတွက် လက်စားချေဖို့ ကြိုးစားနေသူ ဂေဟာမယ်ခေါင်းဆောင် ချိုဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသေးပါတယ်နော်….
ပညာရှင် ပတ်ဂျေဆန်း အဖြစ် Cho Seung-wooဟုန်ဆိုးမင်းသားအဖြစ် Ji Sungချိုဆန်းအဖြစ် Moon Chae-won တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်
Zawgyi
ဖုန္းေ႐ႊပညာရပ္အရ မဂၤလာေျမဟာ လူသားေတြရဲ႕ကံဇာတာကို တိုးတက္ေစဖို႔ မ်ားစြာကူညီေပးတယ္ဆိုတာကိုေတာ့ ေတာ္ေတာ္မ်ားမ်ားၾကားဖူးၾကမွာပါ။
ဒီကားေလးထဲမွာေတာ့ အထက္တန္းစားမ်ိဳးႏြယ္ျဖစ္တဲ့ ကင္မ်ိဳးႏြယ္စုဟာ မိမိတို႔ အလိုျပည့္ဖို႔ ဖုန္းေ႐ႊပညာနဲ႔ ေျမရဲ႕စြမ္းအားေတြကို မသမာတဲ့နည္းလမ္းနဲ႔အသုံးျပဳၾကသူေတြျဖစ္ၿပီး သူတို႔လမ္းမွာ ဝင္ေႏွာင့္ယွက္သူေတြကိုလည္း ရွင္းပစ္ဖို႔ဝန္မေလးတဲ့သူေတြပါ။
တိုင္းျပည္အေပၚသစၥာေစာင့္သိတဲ့ သာမာန္ဖုန္းေ႐ြပညာရွင္ေလး ပတ္ေဂ်ဆန္း ကေတာ့ အမတ္ႀကီးရဲ႕မ်က္မုန္းက်ိဳးခံရၿပီး မိသားစုကို ဆုံးရႈံးခဲ့ရၿပီးေနာက္ ကင္မိသားစုရဲ႕ မသမာမႈေတြကို တားဆီးဖို႔ႀကိဳးစားရင္း ဖုန္းေ႐ႊပညာကို လူသားေတြအက်ိဳးအတြက္သာအသုံးျပဳခ်င္သူပဲျဖစ္ပါတယ္။
ေျမစြမ္းအားကို အသုံးျပဳၿပီး ေတာ္ဝင္မိသားစုကို ႀကိဳက္သလို ျခယ္လွယ္ေနတဲ့ ကင္အမတ္ႀကီး အုပ္စိုးမႈေအာက္မွာ ႐ူးခ်င္ေယာင္ေဆာင္ခဲ့ရတဲ့ ဟုန္ဆိုးမင္းသားတစ္ေယာက္ သူ႔ရဲ႕အေပါင္းအပါေတြနဲ႔အတူ တူေတာ္မင္းႀကီးကို ကူညီရင္း ဖုန္းေ႐ႊပညာရွင္ေလးနဲ႔ ပူးေပါင္းမိၾကပါတယ္။
သူကိုယ္တိုင္ အႏွိမ္ခံေတာ္ဝင္ေခြးအျဖစ္နဲ႔ ႀကီးျပင္းခဲ့ရတဲ့ ဟုန္ဆိုးမင္းသားတစ္ေယာက္ မ်ိဳးဆက္ႏွစ္ဆက္ မင္းျဖစ္ေစႏိုင္တယ္ဆိုတဲ့ ေျမစြမ္းအားကို တပ္မက္မိတဲ့အခါမွာေတာ့….
ဂ်ိဳဆြန္းျပည္ႀကီး ဘယ္လို အျဖစ္အပ်က္ေတြနဲ႔ ႀကဳံေတြ႕ရမွာလဲ… ? ဆိုတဲ့ အျဖစ္အပ်က္ေလးေတြကို ဒီကားေလးထဲမွာ ပရိသတ္ႀကီး စိတ္ဝင္တစားၾကည့္ရႈရမွာျဖစ္ပါတယ္…..
ဒီလို မင္းမ်ိဳးႏြယ္ေတြရဲ႕ အရႈပ္အေထြးေတြၾကား နာမည္ႀကီး မင္းသမီးတစ္လက္ျဖစ္တဲ့ Moon Chae-won ကလည္း ဒီကားေလးထဲမွာ ဖခင္အတြက္ လက္စားေခ်ဖို႔ ႀကိဳးစားေနသူ ေဂဟာမယ္ေခါင္းေဆာင္ ခ်ိဳဆန္းအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားေသးပါတယ္ေနာ္….
ပညာရွင္ ပတ္ေဂ်ဆန္း အျဖစ္ Cho Seung-wooဟုန္ဆိုးမင္းသားအျဖစ္ Ji Sungခ်ိဳဆန္းအျဖစ္ Moon Chae-won တို႔က ပါဝင္သ႐ုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္


(Users Drive) Large Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download