First Man (2018)
17124အချိန်ကာလကတော့ ၁၉၆၉ ခုနှစ် …..ဇူလိုင်လ ၁၆ရက် ၁၃:၃၂နာရီ ခန့်ပေါ့…………စိတ်ကူးယဉ်ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ကျွန်တော် ထွက်ခွာသွားရတော့မှာ ….အောင်မြင်မှာလား ကျရှုံးမှာလား.. …ကျွန်တော် ဆက်မတွေးတော့ပါဘူး…….ဆုံးသွားတဲ့ ကျွန်တော့်ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား…. ….
ကျွန်တော့်ထက်အရင် လကမ္ဘာကိုသွားရောက်ဖို့ ကြိုးစားခဲ့တဲ့ သူငယ်ချင်းတွေရော.. .ကောင်းမွန်တဲ့ဘုံဘဝမှာ ပျော်ရွှင်ကျေနပ်နေပြီလား…..ဒါမှမဟုတ် ကျွန်တော်ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်နှိုးမဲ့အချိန်ကိုစောင့်စားရင်း ခြောက်ခြားနေမိတာလား … .
ကျွန်တော်တို့ရဲ့ အမြင်အာရုံကလဲ အကန့်အသတ်နဲ့ပဲမြင်နေရတယ်လက်တစ်ဝါးသာသာလောက် မှန်ပြတင်းလေးကနေ ကောင်းကင်ကြီးကို မျှော်ကြည့်ရင်းကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ်ကျွန်တော်ချစ်ခင်တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်ကအိမ်လေးထဲမှာ ကျန်နေခဲ့မှာလေ
ဘယ်သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာကျွန်တော်တို့ အထီးကျန်နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်မရောက်လာနိုင်ခဲ့ရင်ရော…….အဲ့လိုတွေးနေရင်းနဲ့ပဲ……ခရီးစဉ်ထွက်ခွာဖို့အတွက်တဆယ်…..ကိုး….ရှစ်……ဆိုပြီး… .အချိန်မှတ်နေတဲ့အသံကိုမိုက်ခရိုဖုန်းထဲကနေ ကြားလိုက်ရတယ်……အတိတ်ကိုတွေးပြီး လွမ်းဆွေးနေလို့ မဖြစ်တဲ့အချိန်ကို ရောက်နေပြီလေ…..
အာရုံကိုစုစည်းပြီး….လက်ရှိပစ္စုပ္ပန်ကိုပဲ ရင်ဆိုင်ဖြေရှင်းမှကျွန်တော်တို့ အသက်ရှင်နိုင်မှာပေါ့…..သူ့နာမည်က နေးလ် အမ်းစထရောင်း…တဲ့၁၉၃၀ ဩဂုတ်လ ၅ရက်နေ့မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်..ဝါပါကိုနီတာမြို့မှာ မွေးဖွားခဲ့ပါတယ်
လူသားတို့ရဲ့သမိုင်းမှာပထမဦးဆုံးသောလကမ္ဘာပေါ် ခြေချနိုင်ခဲ့သူလဲ ဖြစ်တယ်အဲ့အချိန်ကာလတုန်းက သိပ္ပံပညာရှင်တွေဟာအာကာသအကြောင်းကိုအများကြီး သိပ်မသိကြသေးပါဘူး….လေထဲပျံသန်းတဲ့ နည်းစနစ်ကိုလည်းသူတို့ခေတ်ကာလကနေ တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်ခန့်ကမှစတင်သိရှိခဲ့ကြတာပါ
အမေရိကန်ဟာ ဆိုဗီယက်နိုင်ငံကို အနိုင်ရချင်တဲ့ဇောနဲ့သာအချိန်တိုလေးအတွင်းမှာ ထွက်ခွာနိုင်ဖို့ ပြင်ဆင်ခဲ့ကြပေမယ့်အရမ်းလွယ်ကူတဲ့ အရာမျိုးတော့ မဟုတ်ခဲ့ပါဘူးလကမ္ဘာပေါ်ခြေချနိုင်ဖို့ ပေးဆပ်ခဲ့ရတဲ့ တန်ကြေးတွေလည်း မနည်းခဲ့ပါဘူးငွေကြေးတစ်ခုတည်းတင် မကဘဲ အာကာသယာဉ်မှူးများစွာရဲ့အသက်တွေကိုလည်းစတေးခဲ့ကြရပါတယ်
နိုင်ငံရေးအရ အဆင်မပြေခဲ့တာတွေလဲ ရှိခဲ့ပါသေးတယ်အောင်မြင်တော့မှသာ ဝိုင်းဝန်းလက်ခုပ်တီးခဲ့ကြတာဖြစ်ပြီးမအောင်မြင်ခင်မှာတော့ အဓိပ္ပါယ်မရှိဘူးလို့ လက်ညှိုးထိုးခံခဲ့ရတဲ့ ကိစ္စတစ်ခုပါ….သူဟာ အဖက်ဖက်က ထိုးနှက်တိုက်ခိုက်တာတွေကို နာကျည်းစရာလို့မမြင်ဘဲခွန်အားအဖြစ်ပြောင်းလဲ အသုံးပြုခဲ့တဲ့သူတစ်ယောက်ပါပဲ
ပြီးတော့နောက်တစ်ချက်က ” အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာထက်မြတ်တဲ့မိန်းမတစ်ယောက် ရှိတယ်”ဆိုတဲ့စကားအတိုင်းပဲသူ့ရဲ့အမျိုးသမီးကလည်း အကောင်းဆုံးသော ပါရမီဖြည့်ဖက်တစ်ယောက်ဖြစ်ခဲ့ပါတယ်
ကိုယ့်ယောကျာ်းအပေါ်ကို နားလည်မှု အပေးနိုင်ဆုံးမိန်းမတစ်ယောက်အဖြစ် ဒီရုပ်ရှင်လေးမှာ မြင်ရမှာပါ…..အနှစ်ချုပ်ပြောရရင်တော့ First Man ဇာတ်ကားဟာ IMDB 7.3ရရှိထားပြီးအနှစ်သာရပြည့်ဝတဲ့ လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့သူ“နေးလ် အမ်းစထရောင်း”ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
Zawgyi
အခ်ိန္ကာလကေတာ့ ၁၉၆၉ ခုႏွစ္ …..ဇူလိုင္လ ၁၆ရက္ ၁၃:၃၂နာရီ ခန႔္ေပါ့…………စိတ္ကူးယဥ္ခဲ့ရတဲ့ လမင္းႀကီးဆီကို သမိုင္းရဲ႕ ပထမဆုံးအေနနဲ႔ကြၽန္ေတာ္ ထြက္ခြာသြားရေတာ့မွာ ….ေအာင္ျမင္မွာလား က်ရႈံးမွာလား.. …ကြၽန္ေတာ္ ဆက္မေတြးေတာ့ပါဘူး…….ဆုံးသြားတဲ့ ကြၽန္ေတာ့္ရဲ႕သမီးေလးကို ဝမ္းနည္းစြာ သတိရေနတာလား…. ….
ကြၽန္ေတာ့္ထက္အရင္ လကမာၻကိုသြားေရာက္ဖို႔ ႀကိဳးစားခဲ့တဲ့ သူငယ္ခ်င္းေတြေရာ.. .ေကာင္းမြန္တဲ့ဘုံဘဝမွာ ေပ်ာ္႐ႊင္ေက်နပ္ေနၿပီလား…..ဒါမွမဟုတ္ ကြၽန္ေတာ္ပဲ ဒီအခန္းက်ဥ္းေလးထဲမွာ စက္ႏႈိးမဲ့အခ်ိန္ကိုေစာင့္စားရင္း ေျခာက္ျခားေနမိတာလား … .
ကြၽန္ေတာ္တို႔ရဲ႕ အျမင္အာ႐ုံကလဲ အကန႔္အသတ္နဲ႔ပဲျမင္ေနရတယ္လက္တစ္ဝါးသာသာေလာက္ မွန္ျပတင္းေလးကေန ေကာင္းကင္ႀကီးကို ေမွ်ာ္ၾကည့္ရင္းကမာၻေလာကႀကီးကို ႏႈတ္ဆက္ထြက္ခြာရေတာ့မယ္ကြၽန္ေတာ္ခ်စ္ခင္တဲ့ မိသားစုေလးကေတာ့ ကမာၻေျမေပၚကအိမ္ေလးထဲမွာ က်န္ေနခဲ့မွာေလ
ဘယ္သူမွ မရွိတဲ့ လကမာၻေပၚမွာကြၽန္ေတာ္တို႔ အထီးက်န္ေနမွာလား ၿပီးေတာ့ ကမာၻေျမေပၚ ျပန္မေရာက္လာႏိုင္ခဲ့ရင္ေရာ…….အဲ့လိုေတြးေနရင္းနဲ႔ပဲ……ခရီးစဥ္ထြက္ခြာဖို႔အတြက္တဆယ္…..ကိုး….ရွစ္……ဆိုၿပီး… .အခ်ိန္မွတ္ေနတဲ့အသံကိုမိုက္ခ႐ိုဖုန္းထဲကေန ၾကားလိုက္ရတယ္……အတိတ္ကိုေတြးၿပီး လြမ္းေဆြးေနလို႔ မျဖစ္တဲ့အခ်ိန္ကို ေရာက္ေနၿပီေလ…..
အာ႐ုံကိုစုစည္းၿပီး….လက္ရွိပစၥဳပၸန္ကိုပဲ ရင္ဆိုင္ေျဖရွင္းမွကြၽန္ေတာ္တို႔ အသက္ရွင္ႏိုင္မွာေပါ့…..သူ႔နာမည္က ေနးလ္ အမ္းစထေရာင္း…တဲ့၁၉၃၀ ဩဂုတ္လ ၅ရက္ေန႔မွာ အေမရိကန္ႏိုင္ငံ အိုဟိုင္းယိုးျပည္နယ္..ဝါပါကိုနီတာၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္
လူသားတို႔ရဲ႕သမိုင္းမွာပထမဦးဆုံးေသာလကမာၻေပၚ ေျခခ်ႏိုင္ခဲ့သူလဲ ျဖစ္တယ္အဲ့အခ်ိန္ကာလတုန္းက သိပၸံပညာရွင္ေတြဟာအာကာသအေၾကာင္းကိုအမ်ားႀကီး သိပ္မသိၾကေသးပါဘူး….ေလထဲပ်ံသန္းတဲ့ နည္းစနစ္ကိုလည္းသူတို႔ေခတ္ကာလကေန တြက္ၾကည့္ရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၆၀ေက်ာ္ခန႔္ကမွစတင္သိရွိခဲ့ၾကတာပါ
အေမရိကန္ဟာ ဆိုဗီယက္ႏိုင္ငံကို အႏိုင္ရခ်င္တဲ့ေဇာနဲ႔သာအခ်ိန္တိုေလးအတြင္းမွာ ထြက္ခြာႏိုင္ဖို႔ ျပင္ဆင္ခဲ့ၾကေပမယ့္အရမ္းလြယ္ကူတဲ့ အရာမ်ိဳးေတာ့ မဟုတ္ခဲ့ပါဘူးလကမာၻေပၚေျခခ်ႏိုင္ဖို႔ ေပးဆပ္ခဲ့ရတဲ့ တန္ေၾကးေတြလည္း မနည္းခဲ့ပါဘူးေငြေၾကးတစ္ခုတည္းတင္ မကဘဲ အာကာသယာဥ္မႉးမ်ားစြာရဲ႕အသက္ေတြကိုလည္းစေတးခဲ့ၾကရပါတယ္
ႏိုင္ငံေရးအရ အဆင္မေျပခဲ့တာေတြလဲ ရွိခဲ့ပါေသးတယ္ေအာင္ျမင္ေတာ့မွသာ ဝိုင္းဝန္းလက္ခုပ္တီးခဲ့ၾကတာျဖစ္ၿပီးမေအာင္ျမင္ခင္မွာေတာ့ အဓိပၸါယ္မရွိဘူးလို႔ လက္ညႇိဳးထိုးခံခဲ့ရတဲ့ ကိစၥတစ္ခုပါ….သူဟာ အဖက္ဖက္က ထိုးႏွက္တိုက္ခိုက္တာေတြကို နာက်ည္းစရာလို႔မျမင္ဘဲခြန္အားအျဖစ္ေျပာင္းလဲ အသုံးျပဳခဲ့တဲ့သူတစ္ေယာက္ပါပဲ
ၿပီးေတာ့ေနာက္တစ္ခ်က္က ” ေအာင္ျမင္တဲ့ ေယာက်ာ္းတစ္ေယာက္ရဲ႕ ေနာက္ကြယ္မွာထက္ျမတ္တဲ့မိန္းမတစ္ေယာက္ ရွိတယ္”ဆိုတဲ့စကားအတိုင္းပဲသူ႔ရဲ႕အမ်ိဳးသမီးကလည္း အေကာင္းဆုံးေသာ ပါရမီျဖည့္ဖက္တစ္ေယာက္ျဖစ္ခဲ့ပါတယ္
ကိုယ့္ေယာက်ာ္းအေပၚကို နားလည္မႈ အေပးႏိုင္ဆုံးမိန္းမတစ္ေယာက္အျဖစ္ ဒီ႐ုပ္ရွင္ေလးမွာ ျမင္ရမွာပါ…..အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ First Man ဇာတ္ကားဟာ IMDB 7.3ရရွိထားၿပီးအႏွစ္သာရျပည့္ဝတဲ့ လကမာၻေပၚ ပထမဆုံးေျခခ်ခဲ့သူ“ေနးလ္ အမ္းစထေရာင္း”ရဲ႕အတၳဳပၸတၱိကို ျပန္လည္႐ိုက္ကူးထားတဲ့႐ုံတင္ဇာတ္ကားေကာင္းေလးတစ္ကားပဲျဖစ္ပါတယ္


(Direct Link) Large Size ~ Download
(Users Drive) Large Size ~ Download
(Yoteshin Portal) Large Size ~ Download
(Megaup.net) Large Size ~ Download
(Up Stream) Large Size ~ Download