Five Fingers for Marseilles (2018)

12784
Share
Copy the link

လွန်ခဲ့တဲ့နှစ်ပေါင်း၂၀က မာဆေးလ်မြို့နားမှာရှိတဲ့ မီးရထားလမ်းလို့အမည်ရတဲ့လူတွေစွန့်ပစ်ထားတဲ့နေရာလေးမှာ နေထိုင်ကြတဲ့လူတွေဟာရဲတွေရဲ့ဖိနှိပ်နှိမ်ချစော်ကားမှုတွေကို ခံရလျက်ရှိပါတယ်…အဲ့မီးရထားလမ်းဒေသမှာ “Five Fingers” အမည်ရှိဆယ်ကျော်သက်၅ယောက်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့လေးတစ်ဖွဲ့ရှိခဲ့ပါတယ်…

အဲ့အဖွဲ့ထဲမှာ အသန်မာ၊ အထက်မြက်ဆုံးကတော့ တာအူလို့ခေါ်တဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပေါ့…တစ်နေ့မှာတော့ အကျင့်ပျက်ရဲနှစ်ယောက်ဟာ သူတို့အဖွဲ့ထဲကလယ်ရာတိုလို့ခေါ်တဲ့ကောင်မလေးကို ဖမ်းဆီးသွားတဲ့အတွက်ကြောင့်မို့တာအူဟာ သူတို့နောက်လိုက်ရင်းနဲ့ အဲ့ရဲနှစ်ယောက်ကိုဒေါသတကြီးနဲ့ သတ်ပစ်ခဲ့မိပါတယ်…

အဲ့အဖြစ်အပျက်ကြောင့် တာအူလဲ သူ့သူငယ်ချင်းများကိုထားခဲ့ပြီးအကြောက်တလန့်နဲ့ထွက်ပြေးသွားခဲ့ပါတယ်…နှစ်၂၀ကြာပြီးယခုအချိန်မှာတော့ တာအူထောင်ထဲကနေထွက်လာပါတော့တယ်..သူ့ရဲ့မွေးရပ်ဇာတိကို အပြန်လာမှာတော့ မာဆေးလ်မြို့လေးကို ငြိမ်းချမ်းရေးရပြီးလွတ်လပ်နေပြီလို့ထင်မြင်နေမိပါတယ်…

သူ့ရဲ့သူငယ်ချင်းတွေကလဲမြို့ရဲ့အထင်ကရလူတွေဖြစ်လို့နေပါတယ်…ဒါပေမယ့် လယ်ရာတိုနဲ့အတူ သူ့ရဲ့သားဆီဇွီကိုပြန်တွေ့အပြီးမှာတော့မာဆေးလ်မြို့ဟာ သူထင်သလိုငြိမ်းချမ်းနေတာမဟုတ်ဘဲဘေးအန္တရာယ်ခြိမ်းခြောက်မှုတစ်ခုလက်အောက်ရောက်ရှိနေသည့်အပြင်သူ့သူငယ်ချင်းတွေဟာလဲ အရင်နဲ့မတူတော့ဘဲပြောင်းလဲသွားတာကို သိရှိသွားပါတော့တယ်…

သူ့အနေနဲ့ “Five Fingers” အဖွဲ့ကိုပြန်လည်ထူထောင်ပြီး မာဆေးလ်မြို့ကိုဘယ်လိုကယ်တင်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး

Zawgyi






megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *