Forrest Gump (1994)

16968
Share
Copy the link

ခံစားတတ်တဲ့ နှလုံးသားရှိသူတိုင်း ဒီရုပ်ရှင်ကိုကြိုက်ကြပါတယ်။ကျွန်တော့်အတွက်တော့ ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင်တွေထဲမှာ အကြိုက်ဆုံးဇာတ်ကားပါ။ကမ္ဘာပေါ်မှာ အကြည့်သင့်ဆုံးဇာတ်ကားတွေထဲမှာ ပါပါတယ်။

အကြိုက်ဆုံးမင်းသားကိုလဲ Tom Hanks ဖြစ်သွားအောင် ဒီဇာတ်ကားကဆွဲဆောင်နိုင်ခဲ့ပါတယ်။အချစ်၊ဟာသ၊ စစ်ပွဲ၊ အက်ရှင်၊ အလွမ်း၊ အစုံ ပါဝင်တာ ဒီကားတစ်ကားပဲ ရှိတယ်လို့တောင် ပြောလို့ရပါတယ်

Winston Groom ရဲ့ Novel ကိုအခြေခံလို့ Eric Roth ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Robert Zemeckis ရိုက်ကူးခဲ့တဲ့ ဒီကားဟာ အော်စကာ Best picture, Best director, Best actor, Best adapted screenplay, Best visual effects, Best editing ဆုတွေရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။

မင်းသား Tom Hanks အတွက်တော့ ရှားရှားပါးပါး နှစ်နှစ်ဆက်(Philadelphia, Forrest Gump) အော်စကာရရှိစေခဲ့တာပါ။ Tom Hanks အပြင် Robin Wright, Gary sinise, Mykelti Williamson, Sally Field တို့ပါဝင်ပါတယ်။

Tom Hanks ဟာ Forrest Gump အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ Forrest ကလေးဘဝကိုသရုပ်ဆောင်ခဲ့တဲ့ ကောင်လေးရဲ့ စကားပြောဟန်တွေ၊ အမူအရာတွေကိုတုပသင်ယူခဲ့ရပါတယ်။ အဲ့ကောင်လေးက Tom Hanks အော်စကာနှစ်နှစ်ဆက်ရရှိစေတဲ့အကြောင်းရင်းတစ်ရပ်ဆိုလည်းမမှားပါဘူး။

ဒီကားမှာ visual effects တွေကလည်း အံ့ချီးလောက်စရာပါ။ ဒီကားမှာ Forrest Gump ရဲ့ဘဝဖြစ်စဉ်တွေကို ၂၀ရာစုနှောင်းပိုင်း အမေရိကန်ရဲ့ကျော်ကြားတဲ့အဖြစ်အပျက်တွေနဲ့ချိတ်ဆက်ပေးထားတာမို့ အမေရိကန် အထင်ကရ ပုဂ္ဂိုလ်ကြီးတွေနဲ့ Forrest တို့တွေ့ဆုံတဲ့အခန်းတွေပါဝင်ပါတယ်။

အဲဒီအခန်းတွေက တကယ့်သတင်းရုပ်ရှင်တွေမှာ Tom Hanks ရဲ့ရုပ်ပုံတွေကို နည်းပညာသုံးပြီးထည့်သွင်းထားခဲ့တာပါ။ John Lennon, John F.Kennedy, Richard Nixon တို့နဲ့ Forrest တို့စကားစမြည်ပြောတာတွေ၊ လက်ဆွဲနှုတ်ဆက်တာတွေကို အံ့အားသင့်ဖွယ်တွေ့ရပါလိမ့်မယ်။

နောက် Lieutenant Dan ရဲ့ ခြေပြတ်ကြီးကလည်း ပီပြင်လွန်းလှတယ်။ Robert Zemeckis ကတော့သူရိုက်တဲ့ကားတိုင်းလိုလို Special effects တွေလှိုင်လှိုင်ကြီးသုံးတတ်သူပါ။ Motion-capture နည်းပညာသုံးတဲ့ Animation ဇာတ်ကားတွေကိုလည်းစတင်ပြီးတွင်တွင်ကျယ်ကျယ်ရိုက်ကူးခဲ့သူပါ။

The polar express, Beowulf, A christmas carol စတာတွေပေါ့။Forrest Gump ဇာတ်ကားကိုကြိုက်ရခြင်းအကြောင်းတွေမှာ ရုပ်ရှင်တစ်ကားရဲ့ကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံတဲ့အကြောင်းအပြင် Forrest Gump ဆိုတဲ့ Character ကိုလည်းစိတ်ဝင်စားမိလို့ပါ။

Tom Hanks ကအင်တာဗျူးတစ်ခုမှာပြောခဲ့သလို Forrest ရဲ့ခေါင်းထဲမှာ သူ့အမေနဲ့ Jenny တို့ပဲရှိတယ်။ အမုန်းတရားတွေ၊ သူ့အပေါ်မကောင်းကြံတာတွေ၊ မလိုမုန်းထားတာတွေကို သူ့မှာခွဲခြားသိနိုင်တဲ့ ဉာဏ်ရည်မရှိဘူး။ ဒါ့ကြောင့် သူ့ဘဝဟာပကတိအေးချမ်းလှတယ်လို့ ထင်မိပါတယ်။

သူသိတာ သူ့အမေကိုဂရုစိုက်မယ်၊ သူငယ်ချင်းတွေအပေါ်ကောင်းမယ်၊ Jenny ကိုချစ်မယ်။ ဒါပဲ။အရမ်းကိုရိုးရှင်းဖြူ စင်တဲ့ ဘဝတစ်ခုကို မီးမောင်းထိုးပြထားတာပါ။ဇာတ်ကားထဲမှာ အဓိကပေးချင်တဲ့ Main Theme Dialogue ကိုလဲသဘောကျမိပါတယ်။

” ကျွန်တော်တို့ရဲ့ဘဝတွေဟာ ဘယ်အချိန်ဘာဖြစ်မယ်လို့တိတိကျကျသတ်မှတ်ပြီးသားလား၊ ဒါမှမဟုတ် ရည်ရွယ်ရာမရှိဘဲ လေယူရာတိမ်းနေရတာလား၊ နှစ်မျိုးလုံးတစ်ပြိုင်တည်းဖြစ်နေတာလား…..ကျွန်တော်တော့ စဉ်းစားလို့ဉာဏ်မမီပါ။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် သေချာတာကတော့ ကျွန်တော်တို့မှာစီရင်ပိုင်ခွင့်မရှိတာပါပဲ။”

ဇာတ်ကားရဲ့ အဖွင့်ခန်းနဲ့အပိတ်ခန်းမှာ ငှက်တောင်မွှေးလေးကိုထည့်သွင်းထားပါတယ်။ ငှက်တောင်မွှေးလေးဟာ လေအဝှေ့မှာ မိုးပေါ်ထိုးတက်သွားတယ်။ လေအငြိမ်မှာပြန်ကျလာတယ်။ မြေပြင်နဲ့ထိတော့မယ့်ဆဲဆဲ ဘေးကကားတစ်စီးရဲ့အဟုန်နဲ့ အထက်ကိုပြန်တက်သွားတယ်။

တစ်ချိန်ချိန်မှာတော့ ငှက်တောင်မွှေးလေးပြန်ကျလာလိမ့်ဦးမယ်။ အဲဒါပြီးရင်တော့ ပြန်တက်သွားဦးမယ်။ သြော်…….လေယူရာတိမ်းနေရရှာတဲ့ ငှက်တောင်မွှေးလေး………။

Zawgyi

ခံစားတတ္တဲ့ ႏွလုံးသားရွိသူတိုင္း ဒီ႐ုပ္ရွင္ကိုႀကိဳက္ၾကပါတယ္။ကြၽန္ေတာ့္အတြက္ေတာ့ ၾကည့္ခဲ့ဖူးသမွ် ႐ုပ္ရွင္ေတြထဲမွာ အႀကိဳက္ဆုံးဇာတ္ကားပါ။ကမာၻေပၚမွာ အၾကည့္သင့္ဆုံးဇာတ္ကားေတြထဲမွာ ပါပါတယ္။

အႀကိဳက္ဆုံးမင္းသားကိုလဲ Tom Hanks ျဖစ္သြားေအာင္ ဒီဇာတ္ကားကဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။အခ်စ္၊ဟာသ၊ စစ္ပြဲ၊ အက္ရွင္၊ အလြမ္း၊ အစုံ ပါဝင္တာ ဒီကားတစ္ကားပဲ ရွိတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္

Winston Groom ရဲ႕ Novel ကိုအေျခခံလို႔ Eric Roth ဇာတ္ၫႊန္းေရးကာ ဒါ႐ိုက္တာ Robert Zemeckis ႐ိုက္ကူးခဲ့တဲ့ ဒီကားဟာ ေအာ္စကာ Best picture, Best director, Best actor, Best adapted screenplay, Best visual effects, Best editing ဆုေတြရရွိခဲ့တဲ့ဇာတ္ကားျဖစ္ပါတယ္။

မင္းသား Tom Hanks အတြက္ေတာ့ ရွားရွားပါးပါး ႏွစ္ႏွစ္ဆက္(Philadelphia, Forrest Gump) ေအာ္စကာရရွိေစခဲ့တာပါ။ Tom Hanks အျပင္ Robin Wright, Gary sinise, Mykelti Williamson, Sally Field တို႔ပါဝင္ပါတယ္။

Tom Hanks ဟာ Forrest Gump အျဖစ္ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ဖို႔ Forrest ကေလးဘဝကိုသ႐ုပ္ေဆာင္ခဲ့တဲ့ ေကာင္ေလးရဲ႕ စကားေျပာဟန္ေတြ၊ အမူအရာေတြကိုတုပသင္ယူခဲ့ရပါတယ္။ အဲ့ေကာင္ေလးက Tom Hanks ေအာ္စကာႏွစ္ႏွစ္ဆက္ရရွိေစတဲ့အေၾကာင္းရင္းတစ္ရပ္ဆိုလည္းမမွားပါဘူး။

ဒီကားမွာ visual effects ေတြကလည္း အံ့ခ်ီးေလာက္စရာပါ။ ဒီကားမွာ Forrest Gump ရဲ႕ဘဝျဖစ္စဥ္ေတြကို ၂၀ရာစုေႏွာင္းပိုင္း အေမရိကန္ရဲ႕ေက်ာ္ၾကားတဲ့အျဖစ္အပ်က္ေတြနဲ႔ခ်ိတ္ဆက္ေပးထားတာမို႔ အေမရိကန္ အထင္ကရ ပုဂၢိဳလ္ႀကီးေတြနဲ႔ Forrest တို႔ေတြ႕ဆုံတဲ့အခန္းေတြပါဝင္ပါတယ္။

အဲဒီအခန္းေတြက တကယ့္သတင္း႐ုပ္ရွင္ေတြမွာ Tom Hanks ရဲ႕႐ုပ္ပုံေတြကို နည္းပညာသုံးၿပီးထည့္သြင္းထားခဲ့တာပါ။ John Lennon, John F.Kennedy, Richard Nixon တို႔နဲ႔ Forrest တို႔စကားစျမည္ေျပာတာေတြ၊ လက္ဆြဲႏႈတ္ဆက္တာေတြကို အံ့အားသင့္ဖြယ္ေတြ႕ရပါလိမ့္မယ္။

ေနာက္ Lieutenant Dan ရဲ႕ ေျချပတ္ႀကီးကလည္း ပီျပင္လြန္းလွတယ္။ Robert Zemeckis ကေတာ့သူ႐ိုက္တဲ့ကားတိုင္းလိုလို Special effects ေတြလႈိင္လႈိင္ႀကီးသုံးတတ္သူပါ။ Motion-capture နည္းပညာသုံးတဲ့ Animation ဇာတ္ကားေတြကိုလည္းစတင္ၿပီးတြင္တြင္က်ယ္က်ယ္႐ိုက္ကူးခဲ့သူပါ။

The polar express, Beowulf, A christmas carol စတာေတြေပါ့။Forrest Gump ဇာတ္ကားကိုႀကိဳက္ရျခင္းအေၾကာင္းေတြမွာ ႐ုပ္ရွင္တစ္ကားရဲ႕ေကာင္းျခင္းအျဖာျဖာနဲ႔ျပည့္စုံတဲ့အေၾကာင္းအျပင္ Forrest Gump ဆိုတဲ့ Character ကိုလည္းစိတ္ဝင္စားမိလို႔ပါ။

Tom Hanks ကအင္တာဗ်ဴးတစ္ခုမွာေျပာခဲ့သလို Forrest ရဲ႕ေခါင္းထဲမွာ သူ႔အေမနဲ႔ Jenny တို႔ပဲရွိတယ္။ အမုန္းတရားေတြ၊ သူ႔အေပၚမေကာင္းႀကံတာေတြ၊ မလိုမုန္းထားတာေတြကို သူ႔မွာခြဲျခားသိႏိုင္တဲ့ ဉာဏ္ရည္မရွိဘူး။ ဒါ့ေၾကာင့္ သူ႔ဘဝဟာပကတိေအးခ်မ္းလွတယ္လို႔ ထင္မိပါတယ္။

သူသိတာ သူ႔အေမကိုဂ႐ုစိုက္မယ္၊ သူငယ္ခ်င္းေတြအေပၚေကာင္းမယ္၊ Jenny ကိုခ်စ္မယ္။ ဒါပဲ။အရမ္းကို႐ိုးရွင္းျဖဴ စင္တဲ့ ဘဝတစ္ခုကို မီးေမာင္းထိုးျပထားတာပါ။ဇာတ္ကားထဲမွာ အဓိကေပးခ်င္တဲ့ Main Theme Dialogue ကိုလဲသေဘာက်မိပါတယ္။

” ကြၽန္ေတာ္တို႔ရဲ႕ဘဝေတြဟာ ဘယ္အခ်ိန္ဘာျဖစ္မယ္လို႔တိတိက်က်သတ္မွတ္ၿပီးသားလား၊ ဒါမွမဟုတ္ ရည္႐ြယ္ရာမရွိဘဲ ေလယူရာတိမ္းေနရတာလား၊ ႏွစ္မ်ိဳးလုံးတစ္ၿပိဳင္တည္းျဖစ္ေနတာလား…..ကြၽန္ေတာ္ေတာ့ စဥ္းစားလို႔ဉာဏ္မမီပါ။ ဘယ္လိုမ်ိဳးပဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ ကြၽန္ေတာ္တို႔မွာစီရင္ပိုင္ခြင့္မရွိတာပါပဲ။”

ဇာတ္ကားရဲ႕ အဖြင့္ခန္းနဲ႔အပိတ္ခန္းမွာ ငွက္ေတာင္ေမႊးေလးကိုထည့္သြင္းထားပါတယ္။ ငွက္ေတာင္ေမႊးေလးဟာ ေလအေဝွ႔မွာ မိုးေပၚထိုးတက္သြားတယ္။ ေလအၿငိမ္မွာျပန္က်လာတယ္။ ေျမျပင္နဲ႔ထိေတာ့မယ့္ဆဲဆဲ ေဘးကကားတစ္စီးရဲ႕အဟုန္နဲ႔ အထက္ကိုျပန္တက္သြားတယ္။

တစ္ခ်ိန္ခ်ိန္မွာေတာ့ ငွက္ေတာင္ေမႊးေလးျပန္က်လာလိမ့္ဦးမယ္။ အဲဒါၿပီးရင္ေတာ့ ျပန္တက္သြားဦးမယ္။ ေၾသာ္…….ေလယူရာတိမ္းေနရရွာတဲ့ ငွက္ေတာင္ေမႊးေလး………။

mega.nz (Mega) Large Size ~ Download

megaup.net (Megaup.net) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *