Friend 2 (2013)
19683အကြမ်းပတမ်း သွေးထွက်သံယို ကားမှကြိုက်တတ်တဲ့ဖိုက်တာပရိသတ်ကြီးများအတွက် ကိုရီးယားအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ…ဆန်ဟွန်း(ကင်ဝူဘင်) ဟာ မိခင်တစ်ဦးတည်းရဲ့ အုပ်ထိန်းမှုအောက်မှာ ဖခင်မေတ္တာငတ်မွတ်ရင်း ကြီးပြင်းလာရသူပါ……ပထွေးတော့ရှိတယ်ပေါ့လေ…
ဒါပေမယ့် ရှိတဲ့ပထွေးကလည်း အချိုးမပြေတဲ့အပြင် သူ့အမေကိုပါ ရိုက်လားနှက်လားတောင် လုပ်တတ်ပါသေးတယ်…ဆန်ဟွန်းလည်း သည်းမခံနိုင်တဲ့အဆုံး တူ(ခေါက်ဆွဲတူ)တစ်ချောင်းနဲ့ဆုံးမတာ လက်လွန်ပြီး ထောင်ကျသွားပါလေရော(ဘယ်လိုဆုံးမလဲတော့ကွကိုသာကြည့်တော့ :3)…
သူ့သားလေးထောင်ထဲမယ် အနှိပ်စက်ခံရမှာစိုးတဲ့ သားဇောနဲ့ ဆန်ဟွန်းရဲ့အမေလည်း ထောင်ထဲမှာရှိနှင့်နေတဲ့ ငယ်သူငယ်ချင်း(Big Boss)ကို သွားအကူအညီတောင်းရပါတော့တယ်…ဒီလိုနဲ့ ထောင်သက် ၁၇ နှစ်ရှိနေတဲ့ Big Boss ဂျွန်ဆုတ်နဲ့ ဆန်ဟွန်း ထောင်ထဲမှာ ရင်းနှီးသွားပါတယ်…
Big Bossဟာလည်း သူ မကျူးလွန်ပေမယ့် အကြောင်းတစ်ခုကြောင့် ထောင်ဒဏ်ကျခံခဲ့ရတဲ့ ဘူဆန်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ…ဆန်ဟွန်းနဲ့ Big Bossထောင်က ရှေ့ဆင့်နောက်ဆင့်လွတ်အပြီးမှာတော့ Big Bossဟာ သူမရှိတဲ့ ၁၇နှစ်အတွင်း အလုယူခံလိုက်ရတဲ့ ဘူဆန်ဂိုဏ်းကို ပြန်အုပ်စိုးဖို့ ဆန်ဟွန်းနဲ့ပူးပေါင်းလိုက်ပါတယ်…
ကိုယ့် လူဆိုးဂိုဏ်းကိုယ် ပြန်လုကြမယ်ပေါ့…အားကြိုးမာန်တက် လူစုနေကြတုန်းမှာပဲ…Big Bossဟာ ဆန်ဟွန်းအဖေကိုသတ်ဖို့ အမိန့်ပေးခဲ့သူ ဆိုတဲ့အကြောင်းကို ဆန်ဟွန်းသိလိုက်ရပါတော့တယ်…ဒီလိုနဲ့…ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ပရိသတ်ကြီးကိုယ်တိုင် မျက်စိလျှင်လျှင်နဲ့သာ ခံစားကြည့်လိုက်ကြပါလို့…
(မျိုးဆက်သုံးခုအကြောင်း ဇာတ်ကြောင်းပြန်တာတွေကြောင့်ပါ…) ကဲ ခံစားလိုက်ကြပါဦး
Zawgyi


(Megaup.net) Large Size ~ Download
(Disk Yandex) Large Size ~ Download
(Yoteshin) Large Size ~ Download