From Vegas to Macau II (2015)
13023မြန်မာပရိသတ်တွေနဲ့ ရင်း နှီးပြီးသားဖြစ်တဲ့ ဟောင်ကောင် နေအောင်လို့ လူသိများသူ ချောင် ယွန်ဖတ်ခေါင်းဆောင် ပါဝင် ထားတာမို့ အက်ရှင်ဇာတ်လမ်း ကောင်းကြိုက်သူတွေ နှစ်သက် ဦးမယ်ထင်ပါတယ်။ မင်းသားချောင်ယွန်ဖတ်က သူမတူအောင် ကျွမ်းကျင်လှတဲ့ ဖဲလိမ်သမား ကင်အဖြစ် သရုပ် ဆောင်ထားပါတယ်။
တချို့ပြကွက်တွေက အထူးပြုလုပ်ချက်တွေများလွန်းပေမယ့် ကြည့်လို့တော့ အဆင်ပြေမှာပါ။ကင်ရဲ့ ခေါင်းကိုင်သားဖြစ် တဲ့ ဗင်းဆင့်ဟာ လူဆိုးလောက ထဲမဝင်ဘဲ ရဲဝန်ထမ်းဘဝကို ရွေး ချယ်ခဲ့တာကြောင့် ကင်နဲ့ သဘော ထား ကွဲလွဲခဲ့ပါတယ်။
ဗင်းဆင့် ဟာ အင်တာပိုလ်အဖွဲ့ထဲကိုဝင် ပြီး DOA ဆိုတဲ့ လူဆိုးဂိုဏ်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေ တာမို့ ကင်ကိုပူးပေါင်းဆောင် ရွက်ပေးဖို့ အကူအညီတောင်းခံ တာကြောင့် ကင်တစ်ယောက် ငြင်းမရဘဲ ကူညီဖြစ်ခဲ့ပါတယ်။
ပထမဇာတ်လမ်းမှာ DOA ရဲ့ စီအီးအို မစ္စတာကို သေဆုံးခဲ့ တာကြောင့် ဒီဇာတ်လမ်းမှာတော့ လေဒီဘော့စ်အွိုင်က စီအီးအိုနေ ရာ ဆက်ခံကာ တရားမဝင် ကာစီ နိုကစားဝိုင်းတွေ ဆက်လုပ်ခဲ့ပါ တယ်။
ဗင်းဆင့်တို့အဖွဲ့ဟာ ပိုက် ဆံသန်းနဲ့ချီပြီး အလွဲသုံးစားလုပ် ထားလို့ ဘန်ကောက်မှာ ပုန်းခိုနေ တဲ့ DOA အဖွဲ့ရဲ့ စီနီယာစာရင်း ကိုင် မာ့ခ်ကို လက်ဝယ်ရရေး ကြိုး ပမ်းပါတော့တယ်။
ဒါကြောင့်မို့ ကင်လည်း ဗင်း ဆင့်ကို ကူညီဖို့အတွက် ဘန် ကောက်ကို လိုက်သွားခဲ့ပြီး ကင် ရဲ့ လောင်းကစားအရည်အသွေး တွေဟာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ် အတွက် အသုံးတည့်ခဲ့ပြန်ပါ တယ်။ တရုတ်အက်ရှင်ကားတွေ ရဲ့ ထုံးစံအတိုင်း အတိုက်အခိုက် အက်ရှင်ပြကွက်တွေရဲ့ သွက် လက်မြန်ဆန်မှုတွေကို ပရိသတ် အကြိုက်တွေ့မယ် ထင်ပါတယ်။
ဒီလိုနဲ့ တိုက်ရင်းခိုက်ရင်း ကင်တစ်ယောက် အချစ်နဲ့တွေ့ သွားခဲ့ပါတယ်။ သူကတော့ DOA အဖွဲ့ဝင် မော်လီဖြစ်တာကြောင့်ကင်ရဲ့ အချစ်ဇာတ်လမ်းက ဘာဖြစ်သွားမှာလဲ။ DOA အဖွဲ့ကို အပြတ်ရှင်းချင်တဲ့ ဗင်းဆင့်တို့အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေ အရာထင်မှာလားဆိုတာကတော့ ရုပ်ရှင်အရသာ ပေါ့သွားမှာစိုးလို့အကုန်မပြော တော့ဘူးနော်။
ချောင်ယွန်ဖတ် နဲ့အတူ နစ်ခ်ချန်၊ ကာရီနာလူ၊ ရှန်ယွဲ့တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
Zawgyi
ျမန္မာပရိသတ္ေတြနဲ႔ ရင္း ႏွီးၿပီးသားျဖစ္တဲ့ ေဟာင္ေကာင္ ေနေအာင္လို႔ လူသိမ်ားသူ ေခ်ာင္ ယြန္ဖတ္ေခါင္းေဆာင္ ပါဝင္ ထားတာမို႔ အက္ရွင္ဇာတ္လမ္း ေကာင္းႀကိဳက္သူေတြ ႏွစ္သက္ ဦးမယ္ထင္ပါတယ္။ မင္းသားေခ်ာင္ယြန္ဖတ္က သူမတူေအာင္ ကြၽမ္းက်င္လွတဲ့ ဖဲလိမ္သမား ကင္အျဖစ္ သ႐ုပ္ ေဆာင္ထားပါတယ္။
တခ်ိဳ႕ျပကြက္ေတြက အထူးျပဳလုပ္ခ်က္ေတြမ်ားလြန္းေပမယ့္ ၾကည့္လို႔ေတာ့ အဆင္ေျပမွာပါ။ကင္ရဲ႕ ေခါင္းကိုင္သားျဖစ္ တဲ့ ဗင္းဆင့္ဟာ လူဆိုးေလာက ထဲမဝင္ဘဲ ရဲဝန္ထမ္းဘဝကို ေ႐ြး ခ်ယ္ခဲ့တာေၾကာင့္ ကင္နဲ႔ သေဘာ ထား ကြဲလြဲခဲ့ပါတယ္။
ဗင္းဆင့္ ဟာ အင္တာပိုလ္အဖြဲ႕ထဲကိုဝင္ ၿပီး DOA ဆိုတဲ့ လူဆိုးဂိုဏ္းနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေန တာမို႔ ကင္ကိုပူးေပါင္းေဆာင္ ႐ြက္ေပးဖို႔ အကူအညီေတာင္းခံ တာေၾကာင့္ ကင္တစ္ေယာက္ ျငင္းမရဘဲ ကူညီျဖစ္ခဲ့ပါတယ္။
ပထမဇာတ္လမ္းမွာ DOA ရဲ႕ စီအီးအို မစၥတာကို ေသဆုံးခဲ့ တာေၾကာင့္ ဒီဇာတ္လမ္းမွာေတာ့ ေလဒီေဘာ့စ္အြိဳင္က စီအီးအိုေန ရာ ဆက္ခံကာ တရားမဝင္ ကာစီ ႏိုကစားဝိုင္းေတြ ဆက္လုပ္ခဲ့ပါ တယ္။
ဗင္းဆင့္တို႔အဖြဲ႕ဟာ ပိုက္ ဆံသန္းနဲ႔ခ်ီၿပီး အလြဲသုံးစားလုပ္ ထားလို႔ ဘန္ေကာက္မွာ ပုန္းခိုေန တဲ့ DOA အဖြဲ႕ရဲ႕ စီနီယာစာရင္း ကိုင္ မာ့ခ္ကို လက္ဝယ္ရေရး ႀကိဳး ပမ္းပါေတာ့တယ္။
ဒါေၾကာင့္မို႔ ကင္လည္း ဗင္း ဆင့္ကို ကူညီဖို႔အတြက္ ဘန္ ေကာက္ကို လိုက္သြားခဲ့ၿပီး ကင္ ရဲ႕ ေလာင္းကစားအရည္အေသြး ေတြဟာ ရဲတပ္ဖြဲ႕ရဲ႕ လုပ္ငန္းစဥ္ အတြက္ အသုံးတည့္ခဲ့ျပန္ပါ တယ္။ တ႐ုတ္အက္ရွင္ကားေတြ ရဲ႕ ထုံးစံအတိုင္း အတိုက္အခိုက္ အက္ရွင္ျပကြက္ေတြရဲ႕ သြက္ လက္ျမန္ဆန္မႈေတြကို ပရိသတ္ အႀကိဳက္ေတြ႕မယ္ ထင္ပါတယ္။
ဒီလိုနဲ႔ တိုက္ရင္းခိုက္ရင္း ကင္တစ္ေယာက္ အခ်စ္နဲ႔ေတြ႕ သြားခဲ့ပါတယ္။ သူကေတာ့ DOA အဖြဲ႕ဝင္ ေမာ္လီျဖစ္တာေၾကာင့္ကင္ရဲ႕ အခ်စ္ဇာတ္လမ္းက ဘာျဖစ္သြားမွာလဲ။ DOA အဖြဲ႕ကို အျပတ္ရွင္းခ်င္တဲ့ ဗင္းဆင့္တို႔အဖြဲ႕ရဲ႕ ႀကိဳးပမ္းမႈေတြ အရာထင္မွာလားဆိုတာကေတာ့ ႐ုပ္ရွင္အရသာ ေပါ့သြားမွာစိုးလို႔အကုန္မေျပာ ေတာ့ဘူးေနာ္။
ေခ်ာင္ယြန္ဖတ္ နဲ႔အတူ နစ္ခ္ခ်န္၊ ကာရီနာလူ၊ ရွန္ယြဲ႕တို႔က ပါဝင္သ႐ုပ္ေဆာင္ ထားၾကပါတယ္။


(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Yoteshin) Large Size ~ Download