Gandhi (1982)

17870
Share
Copy the link

ခေတ်သစ် Civil Disobidence အယူအဆကိုဖန်တီဖော်ထုတ်ခဲ့တာကတော့အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီလို့ဆိုပါတယ်။၊Civil DisobedienceMovementရဲ့ သက်ရောက်မှုကိုသိပ်အယုံအကြည်မရှိတဲ့လူတွေရှိကောင်းရှိပါလိမ့်မယ်။

ဂန္ဒီလုပ်ခဲ့တဲ့ CDMရဲ့ သက်ရောက်မှုဟာတစ်စတစ်စနဲ့ ဗြိတိသျှတို့ရဲ့ ကြီးမားလှတဲ့အင်ပါယာကြီးကိုတောင် အတော်လေးအထိနာစေခဲ့ပါတယ်။ သူရဲ့ဝါဒကတော့ရှင်းပါတယ်။ အကြမ်းမဖက်ဘူးမပူးပေါင်း မနာခံဘူး။အကြမ်းမဖက်တာက ပြောတော့လွယ်ပါတယ်တစ်ဖက်က အကြမ်းဖက်လို့ကိုယ့်အသားနာလာရင် သွေးရူးသွေးတန်းနဲ့ပြန်အကြမ်းဖက်မိနိုခြေသိပ်များပါတယ်။

အထူးသဖြင့် အကြမ်းမဖက်လို့ ရနိုင်မယ့်အကျိုးကျေးဇူးကို မသိရင်ပေါ့။ပြောရရင်CDMရဲ့ နောက်ဆက်တွဲအကျိူးကျေးဇူးကိုမသိရင်ပေါ့။ ဂန္ဒီလက်ကိုင်ထားခဲ့တဲ့ဝါဒဟာCivil Disobidenceပါပဲ။ CDMနဲ့ပက်သက်ပြီး ဒီရုပ်ရှင်မှာ ဖြစ်ရပ်မှန်သာဓကတွေအများကြီးပါပါတယ်။

CDMကို ဒီရုပ်ရှင်သာမကြည့်ခဲ့မိရင်ဒီလောက်အထိစွမ်းမယ်လို့လုံး၀ဥဿုံ ထင်ချင်မှလည်းထင်မိမှာပါ။မိတ်ဆွေတို့ကိုတော့ မဆိုလိုဘူးပေါ့။ဒါကျွန်တော့်ရဲ့တုံးအမှုပါပဲ။ဂန္ဒီပြောသလိုပါပဲ “သူတို့ ကျုပ်တို့ကိုကြိုက်တာလုပ်လို့ရပါတယ်။

ဒါပေမဲ့ကျုပ်ရဲ့ နာခံမှုကိုတော့ ကျုပ်မပေးမချင်းသူတို့မရနိုင်ပါဘူး”CDMဟာအင်အားချင်းမတုံ့ပြန်နိုင်တဲ့လူတွေအတွက်အကောင်းဆုံးလက်နက်ပါပဲ။မိတ်ဆွေဒီထက်နားလည်သွားမှာတွေအများကြီးပိုပါပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်မပြောပြတတ်ပါဘူး။ မပြောချင်တာမဟုတ်ပါဘူး။

နိုင်ငံရေးနဲ့ပက်သက်ပြီးကျွန်တော် ဘာမှနားလည်တဲ့လူတော့မဟုတ်ပါဘူး ဒါပေမဲ့ သေချာတာကခင်ဗျား ဒီရုပ်ရှင်ကိုကြည့်ပြီးCDMအစစ်ရဲ့ သက်ရောက်မှုကိုကောင်းကောင်းကြီးသိသွားမှာပါ။ဒါပါပဲ။ CDMနဲ့တစ်နိုင်ငံလုံးပက်သက်နေတဲ့အချိန်မှာ ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။

ကြည့်ကြစေချင်ပါတယ်။ဒါကျွန်တော့်ရဲ့ စိစေတနာအမှန်ပါပဲ။တစ်ခါတလေကျ ဒီကမ္ဘာကြီးမှာကျွန်တော်တို့ ဘာမှမတတ်နိုင်ပါဘူးလို့ထင်ကောင်းထင်ရတဲ့ နေ့တွေရှိမယ်။ကိုယ့်ဖြစ်တည်မှုရဲ့ သိမ်ဖျင်းသေးနုပ်မှုကိုစိတ်ပျက်အားငယ်မိတဲ့နေ့တွေရှိမယ်။

တစ်ခါတလေ ဒီကမ္ဘာကြီးကအဓိပ္ပာယ်မရှိပါဘူးလို့တွေးမိတဲ့ အခါတွေများမှာအဓိပ္ပာယ်ရှိခဲ့တဲ့လူတစ်ယောက်ရဲ့ဘ၀အကြောင်းကို သိထားတာဟာကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးထင်ရတဲကမ္ဘာကြီးမှာ မျှော်လင့်စရာကလေးတွေကျန်သေးကြောင်း အသိပေးကောင်းပေးနိုင်ပါလိမ့်မယ်။

တကယ်လို့်များမိတ်ဆွေစိတ်ပျက်အားငယ်မိရင်ဂန္ဒီပြောဖူးတဲ့စကားလေးတစ်ခုကိုသတိရလိုက်ပါ။” ကျုပ်စိတ်ပျက်အားငယ်တဲ့အခါအမှန်တရားနဲ့ ချစ်ခြင်းမေတ္တာရဲ့လမ်းစဉ်က အမြဲအောင်နိုင်ခဲ့တယ်ဆိုတာကိုသတိရမိတယ်။

ကမ္ဘာကြီးမှာ မင်းဆိုးမင်းညစ်အာဏာရှင်တွေ လူသတ်သမားတွေ ရှိခဲ့ကြပြီးပြီအချိန်တစ်ခုထိတော့ သူတို့လိုလူတွေကမကျရှုံးနိုင်ဘူးထင်ရတယ်။အဆုံးမှာတော့ သူတို့ အမြဲကျရှုံးရတာပါပဲဒါကိုအမြဲတွေးပါ”

Zawgyi

ေခတ္သစ္ Civil Disobidence အယူအဆကိုဖန္တီေဖာ္ထုတ္ခဲ့တာကေတာ့အိႏၵိယလြတ္လပ္ေရးဖခင္ႀကီး မဟတၱမဂႏၵီလို႔ဆိုပါတယ္။၊Civil DisobedienceMovementရဲ႕ သက္ေရာက္မႈကိုသိပ္အယုံအၾကည္မရွိတဲ့လူေတြရွိေကာင္းရွိပါလိမ့္မယ္။

ဂႏၵီလုပ္ခဲ့တဲ့ CDMရဲ႕ သက္ေရာက္မႈဟာတစ္စတစ္စနဲ႔ ၿဗိတိသွ်တို႔ရဲ႕ ႀကီးမားလွတဲ့အင္ပါယာႀကီးကိုေတာင္ အေတာ္ေလးအထိနာေစခဲ့ပါတယ္။ သူရဲ႕ဝါဒကေတာ့ရွင္းပါတယ္။ အၾကမ္းမဖက္ဘူးမပူးေပါင္း မနာခံဘူး။အၾကမ္းမဖက္တာက ေျပာေတာ့လြယ္ပါတယ္တစ္ဖက္က အၾကမ္းဖက္လို႔ကိုယ့္အသားနာလာရင္ ေသြး႐ူးေသြးတန္းနဲ႔ျပန္အၾကမ္းဖက္မိႏိုေျခသိပ္မ်ားပါတယ္။

အထူးသျဖင့္ အၾကမ္းမဖက္လို႔ ရႏိုင္မယ့္အက်ိဳးေက်းဇူးကို မသိရင္ေပါ့။ေျပာရရင္CDMရဲ႕ ေနာက္ဆက္တြဲအက်ိဴးေက်းဇူးကိုမသိရင္ေပါ့။ ဂႏၵီလက္ကိုင္ထားခဲ့တဲ့ဝါဒဟာCivil Disobidenceပါပဲ။ CDMနဲ႔ပက္သက္ၿပီး ဒီ႐ုပ္ရွင္မွာ ျဖစ္ရပ္မွန္သာဓကေတြအမ်ားႀကီးပါပါတယ္။

CDMကို ဒီ႐ုပ္ရွင္သာမၾကည့္ခဲ့မိရင္ဒီေလာက္အထိစြမ္းမယ္လို႔လုံး၀ဥႆုံ ထင္ခ်င္မွလည္းထင္မိမွာပါ။မိတ္ေဆြတို႔ကိုေတာ့ မဆိုလိုဘူးေပါ့။ဒါကြၽန္ေတာ့္ရဲ႕တုံးအမႈပါပဲ။ဂႏၵီေျပာသလိုပါပဲ “သူတို႔ က်ဳပ္တို႔ကိုႀကိဳက္တာလုပ္လို႔ရပါတယ္။

ဒါေပမဲ့က်ဳပ္ရဲ႕ နာခံမႈကိုေတာ့ က်ဳပ္မေပးမခ်င္းသူတို႔မရႏိုင္ပါဘူး”CDMဟာအင္အားခ်င္းမတုံ႔ျပန္ႏိုင္တဲ့လူေတြအတြက္အေကာင္းဆုံးလက္နက္ပါပဲ။မိတ္ေဆြဒီထက္နားလည္သြားမွာေတြအမ်ားႀကီးပိုပါပါေသးတယ္။ ဒါေပမဲ့ ကြၽန္ေတာ္မေျပာျပတတ္ပါဘူး။ မေျပာခ်င္တာမဟုတ္ပါဘူး။

ႏိုင္ငံေရးနဲ႔ပက္သက္ၿပီးကြၽန္ေတာ္ ဘာမွနားလည္တဲ့လူေတာ့မဟုတ္ပါဘူး ဒါေပမဲ့ ေသခ်ာတာကခင္ဗ်ား ဒီ႐ုပ္ရွင္ကိုၾကည့္ၿပီးCDMအစစ္ရဲ႕ သက္ေရာက္မႈကိုေကာင္းေကာင္းႀကီးသိသြားမွာပါ။ဒါပါပဲ။ CDMနဲ႔တစ္ႏိုင္ငံလုံးပက္သက္ေနတဲ့အခ်ိန္မွာ ဒီ႐ုပ္ရွင္ကိုၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ၾကပါ။

ၾကည့္ၾကေစခ်င္ပါတယ္။ဒါကြၽန္ေတာ့္ရဲ႕ စိေစတနာအမွန္ပါပဲ။တစ္ခါတေလက် ဒီကမာၻႀကီးမွာကြၽန္ေတာ္တို႔ ဘာမွမတတ္ႏိုင္ပါဘူးလို႔ထင္ေကာင္းထင္ရတဲ့ ေန႔ေတြရွိမယ္။ကိုယ့္ျဖစ္တည္မႈရဲ႕ သိမ္ဖ်င္းေသးႏုပ္မႈကိုစိတ္ပ်က္အားငယ္မိတဲ့ေန႔ေတြရွိမယ္။

တစ္ခါတေလ ဒီကမာၻႀကီးကအဓိပၸာယ္မရွိပါဘူးလို႔ေတြးမိတဲ့ အခါေတြမ်ားမွာအဓိပၸာယ္ရွိခဲ့တဲ့လူတစ္ေယာက္ရဲ႕ဘ၀အေၾကာင္းကို သိထားတာဟာကြၽန္ေတာ္တို႔ ဘာမွမတတ္ႏိုင္ဘူးထင္ရတဲကမာၻႀကီးမွာ ေမွ်ာ္လင့္စရာကေလးေတြက်န္ေသးေၾကာင္း အသိေပးေကာင္းေပးႏိုင္ပါလိမ့္မယ္။

တကယ္လို႔္မ်ားမိတ္ေဆြစိတ္ပ်က္အားငယ္မိရင္ဂႏၵီေျပာဖူးတဲ့စကားေလးတစ္ခုကိုသတိရလိုက္ပါ။” က်ဳပ္စိတ္ပ်က္အားငယ္တဲ့အခါအမွန္တရားနဲ႔ ခ်စ္ျခင္းေမတၱာရဲ႕လမ္းစဥ္က အၿမဲေအာင္ႏိုင္ခဲ့တယ္ဆိုတာကိုသတိရမိတယ္။

ကမာၻႀကီးမွာ မင္းဆိုးမင္းညစ္အာဏာရွင္ေတြ လူသတ္သမားေတြ ရွိခဲ့ၾကၿပီးၿပီအခ်ိန္တစ္ခုထိေတာ့ သူတို႔လိုလူေတြကမက်ရႈံးႏိုင္ဘူးထင္ရတယ္။အဆုံးမွာေတာ့ သူတို႔ အၿမဲက်ရႈံးရတာပါပဲဒါကိုအၿမဲေတြးပါ”

mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *