Gifted (2017)
16864ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။
ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။
သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။
ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာၤဉာဏ်ကြီးရှင်ပါပဲ။
မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာၤတက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။
အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်။ လက်ရှိ ၂၀၁၇ အထိကို တစ်ပုဒ်ပဲ အဖြေရှာနိုင်သူရှိပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ မေရီလေးကို သူ့အဘွားက ဒီပုစ္ဆာတွေရှင်းနိင်ဖို့နဲ့ သူ့လက်အောက်မှာ ပျိုးထောင်ဖို့ ဖရန့်ဆီကနေ လာခေါ်ပါတယ်။
ဖရန့်ကတော့ သူ့အမေရဲ့ ဖြစ်ခဲ့သလို မေရီ့ကို မဖြစ်စေချင်ဘဲ သာမာန်ကလေးဘဝနဲ့ ကြီးပြင်းစေချင်တာမို့ လုံးဝငြင်းဆန်လိုက်တဲ့အခါ သားအမိနှစ်ယောက် ကလေးလုဖို့အတွက် ရှေ့နေကိုယ်စီနဲ့ တရားရုံးမှာ ရင်ဆိုင်တွေ့ရပါတော့တယ်။
ဖရန့်က ကလေးတက်လမ်းအတွက် မေရီ့ကို လက်လွှတ်နိုင်မလား၊ ဆက်ခေါ်ထားဖို့ ဆုံးဖြတ်မလား။ မေရီကို ပိုင်ဆိုင်တဲ့သူက အနိုင်လား အရှုံးလား၊ လက်လွှတ်ရတဲ့သူက အနိင်လား အရှုံးလား။ မေရီအတွက်ကရော ဘယ်လမ်းက အမှန်လည်း ဘယ်လမ်းကအမှားလည်း။
ပြိုင်ပွဲတစ်ခုဆိုတာ အနိုင်အရှုံး ရိုးရှင်းပေမယ့် မေတ္တာတရားနဲ့ ရောယှက်လာရင်တော့ ဒီမေးခွန်းတွေဟာ အင်မတန်ကို ဖြေရခက်ပါလိမ့်မယ်။ မထင်ထားတဲ့ဟာတွေနဲ့ လှည့်ကွက်တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ခံစားကြည့်ပါလို့ ညွှန်းချင်ပါတယ်။
Zawgyi
ဒီကားေလးကို ႐ုပ္ရွင္႐ုံထဲမွာ ထေရလာ ျမင္မိကတည္းက စိတ္ဝင္စားေနတာပါ။ မင္းသားက ခရစ္စ္ အီဗန္။ ဒါ႐ိုက္တာကလည္း 500 days of summer ထဲက မာ့ခ္ ဝဘ္ ဆိုေတာ့ အေတာ္ေတာ့ေကာင္းလိမ့္မယ္ တြက္ထားပါတယ္။ အခုထြက္လာေတာ့ ၾကည့္လိုက္ေတာ့လည္း ေက်နပ္စရာပါပဲ။
ကြၽန္ေတာ္အရမ္းႀကိဳက္လို႔ ဘာသာျပန္ၿပီး တင္ေပးထားပါတယ္။ rating ကေတာ့ IMDb မွာ 7.6 ပါ။ဇာတ္လမ္းအက်ဥ္းေလး နည္းနည္းေျပာျပပါမယ္။ မထင္ထားတာေလးေတြ ပါလို႔ spoiler မျဖစ္ေအာင္ ေလွ်ာ့ေျပာပါရေစ။ နယ္ၿမိဳ႕ေလးတစ္ခုမွ ဖရန႔္ နဲ႔ ေမရီဆိုတဲ့ သားအဖ ၂ ေယာက္တည္း အတူေနၾကတယ္ဗ်ာ။
သမီးေလး ၇ ႏွစ္ျပည့္ခ်ိန္မွာ ေက်ာင္းကိုလႊတ္တာကေန စပါတယ္။ သူတို႔ ၂ ေယာက္ကို သံေယာဇဥ္ျဖစ္ေနတဲ့ အိမ္နီးခ်င္းမိန္းမႀကီးကေတာ့ တားပါတယ္ ကေလးကို ေက်ာင္းကိုမလႊတ္ပါနဲ႔ေပါ့။ ဘာလို႔ပါလိမ့္။ ေက်ာင္းမွာအေျဖေပၚလာတာပါပဲ ကေလးက ပါရမီရွင္ master brain ျဖစ္ေနလို႔ပါ။
ကေလးအေၾကာင္းသိသြားရင္ သူတို႔ ၂ ေယာက္ကို ခြဲမယ့္သူေတြ ေပၚလာမွာ စိုးရိမ္လို႔ တားမိတာပါပဲ။ တကယ္လည္း ကေလးကို ခြဲမယ့္သူ ေပၚလာပါတယ္၊ အဲဒါကေတာ့ သူတို႔ကို ၇ႏွစ္လုံး ပစ္ထားခဲ့တဲ့ ေမရီရဲ႕အဘြားပါပဲ။ တကယ္ေတာ့ ေမရီေလးရဲ႕ အေမဟာ သခ်ာဉၤာဏ္ႀကီးရွင္ပါပဲ။
မၿပီးဆုံးေသးတဲ့ အလုပ္တစ္ခုကို ထားခဲ့ၿပီး သူ႔ကိုယ္သူ သတ္ေသသြားခဲ့တာပါ။ ေမရီအေမ ထားခဲ့တဲ့ ပုစာၦဟာ millennium problems ေတြထဲက တစ္ခုပါ။ Millennium problems ေတြဆိုတာ ၂၀၀၀ ခုႏွစ္တုန္းက Clay သခ်ာတၤကၠသိုလ္ႀကီးကေန သက္ေသျပေပးဖို႔ ထုတ္ခဲ့တဲ့ ပုစာၦ ၇ ပုဒ္ပါ။
အေျဖရွာႏိုင္သူဟာ ေဒၚလာသန္းခ်ီၿပီး ဆုရရွိမယ့္အျပင္ ဆုတံဆိပ္ေတြနဲ႔ ႏိုဘယ္ဆုအထိကို မွန္းႏိုင္ပါလိမ့္မယ္။ လက္ရွိ ၂၀၁၇ အထိကို တစ္ပုဒ္ပဲ အေျဖရွာႏိုင္သူရွိပါေသးတယ္။ ဒီဇာတ္လမ္းမွာေတာ့ ေမရီေလးကို သူ႔အဘြားက ဒီပုစာၦေတြရွင္းနိင္ဖို႔နဲ႔ သူ႔လက္ေအာက္မွာ ပ်ိဳးေထာင္ဖို႔ ဖရန႔္ဆီကေန လာေခၚပါတယ္။
ဖရန႔္ကေတာ့ သူ႔အေမရဲ႕ ျဖစ္ခဲ့သလို ေမရီ႕ကို မျဖစ္ေစခ်င္ဘဲ သာမာန္ကေလးဘဝနဲ႔ ႀကီးျပင္းေစခ်င္တာမို႔ လုံးဝျငင္းဆန္လိုက္တဲ့အခါ သားအမိႏွစ္ေယာက္ ကေလးလုဖို႔အတြက္ ေရွ႕ေနကိုယ္စီနဲ႔ တရား႐ုံးမွာ ရင္ဆိုင္ေတြ႕ရပါေတာ့တယ္။
ဖရန႔္က ကေလးတက္လမ္းအတြက္ ေမရီ႕ကို လက္လႊတ္ႏိုင္မလား၊ ဆက္ေခၚထားဖို႔ ဆုံးျဖတ္မလား။ ေမရီကို ပိုင္ဆိုင္တဲ့သူက အႏိုင္လား အရႈံးလား၊ လက္လႊတ္ရတဲ့သူက အနိင္လား အရႈံးလား။ ေမရီအတြက္ကေရာ ဘယ္လမ္းက အမွန္လည္း ဘယ္လမ္းကအမွားလည္း။
ၿပိဳင္ပြဲတစ္ခုဆိုတာ အႏိုင္အရႈံး ႐ိုးရွင္းေပမယ့္ ေမတၱာတရားနဲ႔ ေရာယွက္လာရင္ေတာ့ ဒီေမးခြန္းေတြဟာ အင္မတန္ကို ေျဖရခက္ပါလိမ့္မယ္။ မထင္ထားတဲ့ဟာေတြနဲ႔ လွည့္ကြက္ေတြကိုေတာ့ ဇာတ္လမ္းထဲမွာပဲ ဆက္ခံစားၾကည့္ပါလို႔ ၫႊန္းခ်င္ပါတယ္။


(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Yoteshin) Large Size ~ Download