Godzilla (2014)
172182014 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..IMDb Rating6.4 ရရှိထားပြီးတော့ Rotten Tomatoes 75% အထိလည်းရရှိထားပါတယ်..ဒါရိုက်တာ Gareth Edwards ကနေ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..
ဂျပန်နိုင်ငံက ရိုက်ကူးခဲ့တဲ့ Godzilla ဇာတ်လမ်းတွဲကို အမေရိကပုံစံ အသက်သွင်းပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..အချွန်အတက်များနဲ့ရက်စက်ယုတ်မာစွာ..အဖျက်စွမ်းအားကောင်းတဲ့အထပ်မြင့်မိုးမျှော်အဆောက်အဦးများထက်ကြီးမားတဲ့သတ္တဝါကြီးတွေဟာ လူသားတွေရဲ့ရပ်တည်မှုကိုခြိမ်းခြောက်လာစဉ်မှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်..
ဒီတစ်ခါတော့ ဟောလိဝုဒ်က ဂျပန်တွေရဲ့ Godzilla ဇာတ်လမ်းကို ကောင်းအောင် ရိုက်နိုင်ခဲ့ပါပြီ။ ၁၉၉၈ တုန်းက နာမည်ပျက်ခဲ့တဲ့ Godzilla ဇာတ်ကား နဲ့ဒီကားက တစ်ခြားစီပါပဲ။ လက်ရှိ Godzilla ဇာတ်ကားက ဂျပန် တွေတီထွင်ခဲ့တဲ့ Gojira (Godzilla) ရဲ့ မူလ ဇာတ်လမ်းကို မှီငြမ်းပြီး ရိုက်ကူးခဲ့ပါတယ်။
ဇာတ်လမ်းကတော့ ၁၉၅၄ ကျော်လောက်ကတည်း Castle Bravo Nuclear Bomb Testing လုပ်တာကို ပြခဲ့ပြီးအဲ့ဒီတုန်းက ဗုံးက စမ်းသပ်ဗုံးမဟုတ်ပဲ Godzilla ကို သတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။၁၉၉၉ ခုနှစ် မှာတော့ ဖီလစ်ပိုင်မှာ ဂေါ်ဇီလာရုပ်ကြွင်းကိုတွေခဲ့သလို ဥနှစ်လုံးကိုလည်း တွေ့ခဲ့ပါတယ်။
တစ်လုံးကတော့ ဥပေါက်သွားပြီး ထွက်သားပြီးဖြစ်နေတာကို တွေ့ရပါတယ်။အဲ့ဒီအချိန်မှာ Breaking Bad မင်းသား Bryan Cranston (Joe Brody) နဲ့ သူ့မိန်းမက ဂျပန် Nuclear Plant မှာ အလုပ်လုပ်နေတာဖြစ်ပြီး၊ရုတ်တရက် ငလျင် လှုပ်ခတ်သွားသလို၊ EMP (Electromagnetic Pulse) ကြောင့် မီးတွေလည်းပျက်သွားခဲ့သလိုPower Plant ပြိုကျမှုကြောင့် (Trailer ထဲမှာပါတဲ့) သူ့မိန်းမ လည်း သေသွားခဲ့ပါတယ်။
သူ့မိန်းမသေတဲ့ အခန်းက ရိုက်ထားတာ အရမ်းပီပြင်ပြီး သူကိုယ်တိုင် တံခါးပိတ်လိုက်ရတာဖြစ်လို့လည်း ကြည့်ရတဲ့သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။Joe က ဒီ Nuclear Plant ပြိုကျတာဟာ သဘာဝဘေးအန္တရာယ်မဟုတ်ဘူးလို့ ခံယူထားပြီး အစိုးရက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ယုံကြည်နေပါတယ်။
၁၅ နှစ်ကြာပြီးမှာတော့ သူ့ရဲ့ သား Aaron Taylor-Johnson (Kick-Ass မင်းသား ဖြစ်ပြီး၊ Avengers:Age of Ultron မှာ Quicksilver အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။) က မိန်းမနဲ့ကလေးနဲ့ ရှိနေသလို စစ်ထပ်ထဲမှာလည်း Bomb Specialist အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။
သူ တာဝန်ပြီးလို့ ပြန်လာတဲ့အချိန်မှာပဲ သူ့အဖေက Japan မှာ ဖမ်းခံနေရလို့ အာမခံနဲ့သွားထုတ်ပေးရာက စပြီး လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်အပျက်တွေရဲ့ အဖြစ်မှန်ကို သိခဲ့ရပါတယ်။Nuclear Power Plant ပြိုကျခဲ့တာက သဘာ၀ အတိုင်း ငလျင်မဟုတ်ပဲ MUTO (Massive Unidentified Terrestrial Object) ကြောင့်ပြိုကျခဲ့တာဖြစ်ပါတယ်။
၁၉၉၉ ဖီလစ်ပိုင်မှာတွေ့တဲ့ MUTO ဥနှစ်ဥထဲက အထီးရဲ့ ဥက အကောင်ပေါက်ပြီး ဂျပန်ကိုရောက်လာတာဖြစ်ပါတယ်။MUTO တွေရဲ့ အဓိက အစာက Nuclear Radiation ဖြစ်တာကြောင့် Nuclear Power Plant မှာလာပြီး အသိုက်လုပ်နေနေပါတယ်။
အဲ့ဒီအချိန်ထဲက လူတွေက မသတ်ရဲသလို မသတ် ပဲနဲ့ လေ့လာမှုတွေလုပ်နေခဲ့ကြပါတယ်။ (သတ်လိုက်ရင် သူဆီက Radiation တွေ Nuclear ဗုံးဖောက်သလို ပွင့်ထွက်မှာ စိုးလို့လို့ ရှင်းပြထားပါတယ်။)
MUTO နဲ့ Godzilla တို့က လူတွေထက်နှ်စ်သန်းပေါင်းများစွာစောပြီး ကမ္ဘာကြီးမှာ Radiation တွေ ရှိနေတဲ့ အချိန်ထဲက ရှင်သန်နေတာဖြစ်ပါတယ်။ သူတို့က ဒီ Radiation ကနေ အဟာရဖြစ်ပြီး နေလာရာက တစ်ဖြည်းဖြည်း Radiation နည်းလာတဲ့နောက် ရေအောက်ထဲကို ဆင်းပြီးနေလာ ကြပါတယ်။
ရေအောက် ကြမ်းပြင်က ကမ္ဘာ့ဗဟိုနဲ့ နည်းပြီး Radiation ပိုရလို့ဖြစ်ပါတယ်။ ဖီလစ်ပိုင်မှာတွေ့တဲ့ Godzilla ရုပ်ကြွင်းက MUTO တွေကြောင့် သေတာဖြစ်မယ်လို့လည်း ရှင်းထားပါတယ်။MUTO အမရဲ့ဥကိုတော့ Nevada, USA ကို သယ်သွားခဲ့ပြီး အဲ့ဒီမှာရှိတဲ့ Nuclear Waste ထားတဲ့ တောင်ကြားထဲမှာ ထားထားပါတယ်။
အမက ဥကနေ အကောင်မပေါက်သေးပဲ အထီးက အရွယ်ရောက်လို့ အချက်ပေးတော့မှ သူက အကောင်ပေါက်လာတာဖြစ်ပါတယ်။၁၅ နှစ်ကြာပြီးတဲ့နောက်မှာ Japan က အထီးနဲ့ Nevada က အမတို့ San Francisco မှာ တွေ့ကြပြီး မျိုးပွားဖို့ အစီအစဉ်ဖြစ်ပါတယ်။
ဒါပေမယ့် အထီးက အမကို Signal ထုတ်လွှတ်ပြီး ဆက်သွယ်ရာမှာ ကြားထဲက Godzilla က ကြားသွားပြီး တဖန် နိုးထလာပါတယ်။အဲ့ဒီကနေ Godzilla နဲ့ MUTO နှစ်ကောင်ရဲ့ တိုက်ပွဲ ကို ပရိတ်သတ်ကြီးရင်သက်ရှုမောဖွယ် ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။
Godzilla က ဒီကားမှာ လူတွေကို ဒုက္ခပေးဖို့မဟုတ်ပဲ “Godzilla came to restore balance to the nature” လို့ပြောထားပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးကို ဒုက္ခပေးဖို့ လာတဲ့ ရန်သူတွေကို Godzilla က အမြဲ ရင်ဆိုင်ရပြီး ကမ္ဘာကြီးကို စောင့်လျှောက်နေတာဖြစ်ပါတယ် (Original Japan ကားကြည့်ဖူးသူတွေသိမှာပါ။)
အရင်ကားဟောင်းတွေရဲ့ အရသာမပျက်ပဲ အမြင်ဆန်းနဲ့ ရိုက်ကူးထားနိုင်ပြီး Visual Effect ကောင်းကောင်း နဲ့ ကြည့်ရသလို၊ ဇာတ်လမ်း ဇာတ်သွားလည်း အရမ်းကောင်းပါတယ်။Fight Scene တွေကလည်း အထူးကောင်းမွန်ပြီး၊ Godzilla ကို တင်ဆက်သွားတာလည်း အရမ်းပီပြင်ပါတယ်။
ဇာတ်လမ်း၊ သရုပ်ဆောင်၊ ဇာတ်ရှိန်အတက်အကျ ဘာမှပြောစရာမရှိသလို၊ Godzilla ရဲ့ အဓိက လက်နှက်ဖြစ်တဲ့ Atomic Ray ကိုလည်း မြင်တွေ့ခံစားရမှာဖြစ်ပြီး၊ ဒီဘက်ခေတ်လူငယ်တွေ၊ ၁၉၅၀ ကျော်က ဂျပန် ကားမကြည့်ဖူးတဲ့လူတွေအတွက် ဒီကားက Godzilla ရဲ့ အနှစ်သာရကို အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။
တစ်ခုရှိတာက Godzilla က အရင်တုန်းကနဲ့ ယှဉ်ရင် အနည်းငယ်ဝနေတာကိုတွေ့ရပါတယ်။အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရုံမှာ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ကား ကောင်း ဖြစ်ပါတယ်။ (No Sex, No Nudity) ပါ။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ကလေး လူကြီးမရွေးကြည့်သင့်တဲ့ကားဖြစ်ပြီး Rated PG-13 ပါ။
Zawgyi
2014 ခု ႏွစ္မွာထြက္ရွိခဲ့တဲ့ Godzilla ႐ုပ္ရွင္ဇာတ္ကားကိုတင္ဆက္ေပးလိုက္ပါတယ္..IMDb Rating6.4 ရရွိထားၿပီးေတာ့ Rotten Tomatoes 75% အထိလည္းရရွိထားပါတယ္..ဒါ႐ိုက္တာ Gareth Edwards ကေန ႐ိုက္ကူးတင္ဆက္ထားျခင္းျဖစ္ပါတယ္..
ဂ်ပန္ႏိုင္ငံက ႐ိုက္ကူးခဲ့တဲ့ Godzilla ဇာတ္လမ္းတြဲကို အေမရိကပုံစံ အသက္သြင္းျပန္လည္႐ိုက္ကူးတင္ဆက္ထားျခင္းျဖစ္ပါတယ္..အခြၽန္အတက္မ်ားနဲ႔ရက္စက္ယုတ္မာစြာ..အဖ်က္စြမ္းအားေကာင္းတဲ့အထပ္ျမင့္မိုးေမွ်ာ္အေဆာက္အဦးမ်ားထက္ႀကီးမားတဲ့သတၱဝါႀကီးေတြဟာ လူသားေတြရဲ႕ရပ္တည္မႈကိုၿခိမ္းေျခာက္လာစဥ္မွာ ဘယ္လိုေတြျဖစ္လာမလဲဆိုတာကို ၾကည့္ရႈခံစားရမွာပဲျဖစ္ပါတယ္..
ဒီတစ္ခါေတာ့ ေဟာလိဝုဒ္က ဂ်ပန္ေတြရဲ႕ Godzilla ဇာတ္လမ္းကို ေကာင္းေအာင္ ႐ိုက္ႏိုင္ခဲ့ပါၿပီ။ ၁၉၉၈ တုန္းက နာမည္ပ်က္ခဲ့တဲ့ Godzilla ဇာတ္ကား နဲ႔ဒီကားက တစ္ျခားစီပါပဲ။ လက္ရွိ Godzilla ဇာတ္ကားက ဂ်ပန္ ေတြတီထြင္ခဲ့တဲ့ Gojira (Godzilla) ရဲ႕ မူလ ဇာတ္လမ္းကို မွီျငမ္းၿပီး ႐ိုက္ကူးခဲ့ပါတယ္။
ဇာတ္လမ္းကေတာ့ ၁၉၅၄ ေက်ာ္ေလာက္ကတည္း Castle Bravo Nuclear Bomb Testing လုပ္တာကို ျပခဲ့ၿပီးအဲ့ဒီတုန္းက ဗုံးက စမ္းသပ္ဗုံးမဟုတ္ပဲ Godzilla ကို သတ္ဖို႔ႀကိဳးစားခဲ့တာပဲျဖစ္ပါတယ္။၁၉၉၉ ခုႏွစ္ မွာေတာ့ ဖီလစ္ပိုင္မွာ ေဂၚဇီလာ႐ုပ္ႂကြင္းကိုေတြခဲ့သလို ဥႏွစ္လုံးကိုလည္း ေတြ႕ခဲ့ပါတယ္။
တစ္လုံးကေတာ့ ဥေပါက္သြားၿပီး ထြက္သားၿပီးျဖစ္ေနတာကို ေတြ႕ရပါတယ္။အဲ့ဒီအခ်ိန္မွာ Breaking Bad မင္းသား Bryan Cranston (Joe Brody) နဲ႔ သူ႔မိန္းမက ဂ်ပန္ Nuclear Plant မွာ အလုပ္လုပ္ေနတာျဖစ္ၿပီး၊႐ုတ္တရက္ ငလ်င္ လႈပ္ခတ္သြားသလို၊ EMP (Electromagnetic Pulse) ေၾကာင့္ မီးေတြလည္းပ်က္သြားခဲ့သလိုPower Plant ၿပိဳက်မႈေၾကာင့္ (Trailer ထဲမွာပါတဲ့) သူ႔မိန္းမ လည္း ေသသြားခဲ့ပါတယ္။
သူ႔မိန္းမေသတဲ့ အခန္းက ႐ိုက္ထားတာ အရမ္းပီျပင္ၿပီး သူကိုယ္တိုင္ တံခါးပိတ္လိုက္ရတာျဖစ္လို႔လည္း ၾကည့္ရတဲ့သူေတြကိုပါ စိတ္မေကာင္းျဖစ္ေစခဲ့ပါတယ္။Joe က ဒီ Nuclear Plant ၿပိဳက်တာဟာ သဘာဝေဘးအႏၲရာယ္မဟုတ္ဘူးလို႔ ခံယူထားၿပီး အစိုးရက တစ္ခုခုကို ဖုံးကြယ္ထားတယ္လို႔ ယုံၾကည္ေနပါတယ္။
၁၅ ႏွစ္ၾကာၿပီးမွာေတာ့ သူ႔ရဲ႕ သား Aaron Taylor-Johnson (Kick-Ass မင္းသား ျဖစ္ၿပီး၊ Avengers:Age of Ultron မွာ Quicksilver အျဖစ္ပါဝင္မွာ ျဖစ္ပါတယ္။) က မိန္းမနဲ႔ကေလးနဲ႔ ရွိေနသလို စစ္ထပ္ထဲမွာလည္း Bomb Specialist အျဖစ္ တာဝန္ထမ္းေဆာင္ဖူးပါတယ္။
သူ တာဝန္ၿပီးလို႔ ျပန္လာတဲ့အခ်ိန္မွာပဲ သူ႔အေဖက Japan မွာ ဖမ္းခံေနရလို႔ အာမခံနဲ႔သြားထုတ္ေပးရာက စၿပီး လြန္ခဲ့တဲ့ ၁၅ ႏွစ္က အျဖစ္အပ်က္ေတြရဲ႕ အျဖစ္မွန္ကို သိခဲ့ရပါတယ္။Nuclear Power Plant ၿပိဳက်ခဲ့တာက သဘာ၀ အတိုင္း ငလ်င္မဟုတ္ပဲ MUTO (Massive Unidentified Terrestrial Object) ေၾကာင့္ၿပိဳက်ခဲ့တာျဖစ္ပါတယ္။
၁၉၉၉ ဖီလစ္ပိုင္မွာေတြ႕တဲ့ MUTO ဥႏွစ္ဥထဲက အထီးရဲ႕ ဥက အေကာင္ေပါက္ၿပီး ဂ်ပန္ကိုေရာက္လာတာျဖစ္ပါတယ္။MUTO ေတြရဲ႕ အဓိက အစာက Nuclear Radiation ျဖစ္တာေၾကာင့္ Nuclear Power Plant မွာလာၿပီး အသိုက္လုပ္ေနေနပါတယ္။
အဲ့ဒီအခ်ိန္ထဲက လူေတြက မသတ္ရဲသလို မသတ္ ပဲနဲ႔ ေလ့လာမႈေတြလုပ္ေနခဲ့ၾကပါတယ္။ (သတ္လိုက္ရင္ သူဆီက Radiation ေတြ Nuclear ဗုံးေဖာက္သလို ပြင့္ထြက္မွာ စိုးလို႔လို႔ ရွင္းျပထားပါတယ္။)
MUTO နဲ႔ Godzilla တို႔က လူေတြထက္ႏွ္စ္သန္းေပါင္းမ်ားစြာေစာၿပီး ကမာၻႀကီးမွာ Radiation ေတြ ရွိေနတဲ့ အခ်ိန္ထဲက ရွင္သန္ေနတာျဖစ္ပါတယ္။ သူတို႔က ဒီ Radiation ကေန အဟာရျဖစ္ၿပီး ေနလာရာက တစ္ျဖည္းျဖည္း Radiation နည္းလာတဲ့ေနာက္ ေရေအာက္ထဲကို ဆင္းၿပီးေနလာ ၾကပါတယ္။
ေရေအာက္ ၾကမ္းျပင္က ကမာၻ႔ဗဟိုနဲ႔ နည္းၿပီး Radiation ပိုရလို႔ျဖစ္ပါတယ္။ ဖီလစ္ပိုင္မွာေတြ႕တဲ့ Godzilla ႐ုပ္ႂကြင္းက MUTO ေတြေၾကာင့္ ေသတာျဖစ္မယ္လို႔လည္း ရွင္းထားပါတယ္။MUTO အမရဲ႕ဥကိုေတာ့ Nevada, USA ကို သယ္သြားခဲ့ၿပီး အဲ့ဒီမွာရွိတဲ့ Nuclear Waste ထားတဲ့ ေတာင္ၾကားထဲမွာ ထားထားပါတယ္။
အမက ဥကေန အေကာင္မေပါက္ေသးပဲ အထီးက အ႐ြယ္ေရာက္လို႔ အခ်က္ေပးေတာ့မွ သူက အေကာင္ေပါက္လာတာျဖစ္ပါတယ္။၁၅ ႏွစ္ၾကာၿပီးတဲ့ေနာက္မွာ Japan က အထီးနဲ႔ Nevada က အမတို႔ San Francisco မွာ ေတြ႕ၾကၿပီး မ်ိဳးပြားဖို႔ အစီအစဥ္ျဖစ္ပါတယ္။
ဒါေပမယ့္ အထီးက အမကို Signal ထုတ္လႊတ္ၿပီး ဆက္သြယ္ရာမွာ ၾကားထဲက Godzilla က ၾကားသြားၿပီး တဖန္ ႏိုးထလာပါတယ္။အဲ့ဒီကေန Godzilla နဲ႔ MUTO ႏွစ္ေကာင္ရဲ႕ တိုက္ပြဲ ကို ပရိတ္သတ္ႀကီးရင္သက္ရႈေမာဖြယ္ ၾကည့္ရႈ ခံစားရမွာျဖစ္ပါတယ္။
Godzilla က ဒီကားမွာ လူေတြကို ဒုကၡေပးဖို႔မဟုတ္ပဲ “Godzilla came to restore balance to the nature” လို႔ေျပာထားပါတယ္။ ဆိုလိုတာက ကမာၻႀကီးကို ဒုကၡေပးဖို႔ လာတဲ့ ရန္သူေတြကို Godzilla က အၿမဲ ရင္ဆိုင္ရၿပီး ကမာၻႀကီးကို ေစာင့္ေလွ်ာက္ေနတာျဖစ္ပါတယ္ (Original Japan ကားၾကည့္ဖူးသူေတြသိမွာပါ။)
အရင္ကားေဟာင္းေတြရဲ႕ အရသာမပ်က္ပဲ အျမင္ဆန္းနဲ႔ ႐ိုက္ကူးထားႏိုင္ၿပီး Visual Effect ေကာင္းေကာင္း နဲ႔ ၾကည့္ရသလို၊ ဇာတ္လမ္း ဇာတ္သြားလည္း အရမ္းေကာင္းပါတယ္။Fight Scene ေတြကလည္း အထူးေကာင္းမြန္ၿပီး၊ Godzilla ကို တင္ဆက္သြားတာလည္း အရမ္းပီျပင္ပါတယ္။
ဇာတ္လမ္း၊ သ႐ုပ္ေဆာင္၊ ဇာတ္ရွိန္အတက္အက် ဘာမွေျပာစရာမရွိသလို၊ Godzilla ရဲ႕ အဓိက လက္ႏွက္ျဖစ္တဲ့ Atomic Ray ကိုလည္း ျမင္ေတြ႕ခံစားရမွာျဖစ္ၿပီး၊ ဒီဘက္ေခတ္လူငယ္ေတြ၊ ၁၉၅၀ ေက်ာ္က ဂ်ပန္ ကားမၾကည့္ဖူးတဲ့လူေတြအတြက္ ဒီကားက Godzilla ရဲ႕ အႏွစ္သာရကို အျပည့္အ၀ ရရွိေစမွာျဖစ္ပါတယ္။
တစ္ခုရွိတာက Godzilla က အရင္တုန္းကနဲ႔ ယွဥ္ရင္ အနည္းငယ္ဝေနတာကိုေတြ႕ရပါတယ္။အရမ္းေကာင္းတဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ ႐ုံမွာ မလြတ္တမ္း ၾကည့္ရႈသင့္တဲ့ကား ေကာင္း ျဖစ္ပါတယ္။ (No Sex, No Nudity) ပါ။ မိသားစုတူတူ ၾကည့္ႏိုင္ပါတယ္။ ကေလး လူႀကီးမေ႐ြးၾကည့္သင့္တဲ့ကားျဖစ္ၿပီး Rated PG-13 ပါ။


(Megaup.net) Large Size ~ Download
(Megaup.net) Small Size ~ Download
(Users Drive) Large Size ~ Download
(Disk Yandex) Large Size ~ Download
(Up Stream) Large Size ~ Download
(Yoteshin) Large Size ~ Download
(Yoteshin) Small Size ~ Download