Going by the Book (2007)

14622
Share
Copy the link

အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရစေမယ်ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့်ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ်လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။

“- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ “ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါတယ်။CJ Entertatinment ကထုတ်လုပ်ထားပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။

Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ဒီကားစတင်ပြသတဲ့ အပတ်မှာဝင်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါတယ်။ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ရှိပါဘူး။ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။script ကောင်းလို့ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။

sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည်နိုင်တဲ့ ဟာသ၊စူပါဟီးရိုးတွေ ကို သောက်တစ်လွဲပြန်ရိုက်ထားတဲ့ ဟာသအချစ်ဟာသ ဒီလိုဟာသတွေနဲ့ မဟုတ်ဘဲမိသားစုလိုက် လူကြီးတွေနဲ့ ပါကြည့်လို့ရတဲ့ ဟာသကားမျိုးပါ။မကျေနပ်သေးရင် ဘုန်းကြီး တွေ နဲ့ ပါတူတူကြည့်လို့ရပါတယ်။ရိုင်းတဲ့ ဟာသမပါဘူးလို့ ပြောချင်တာပါ။

နောက်တစ်ခုက ရိုင်းမှရယ်ရတာမဟုတ်ဘူးဆိုတဲ့sex comedy တော်လှန်ရေးထဲမှာဒီ ဟာသကားလဲ ပါပါတယ်။Hangover ဇာတ်လမ်းတွေ နဲ့ ကျောရိုးခြင်းတူပါတယ်ဟာသဇာတ်ကွက်ကို ဇာတ်လမ်းသွားတဲ့ ထဲမှာဘဲလုပ်ပြသွားပြီး ထိထိမိမိရယ်ရပါတယ်။

Hangover တို့ American Pie တို့ ပြီးရင် ကြည့်သင့်တယ်လိုထင်ပါတယ်။ကြောင်တောင်တောင်စရိုက်တစ်ယောက်တစ်မျိုးစီနဲ့ဇာတ်ဆောင်တွေအပြင်ဒါပြီးရင်ဘာလုပ်မလဲဆိုတဲ့ ခံစားမှုနဲ့ပါဝင်ထားတဲ့ဇာတ်ဆောင်တွေ ရဲ့ အသက်ဝင်မှုတေကြောင့် ဆွဲဆောင်မှုလေးတစ်မျိုးရှိနေပါတယ်။

မင်းသားက က အဓိကပါဘဲ ဒီဇာတ်ကားတစ်ခုလုံးမှာသူ့နေရာက ဇာတ်လမ်းထဲမှာ အခရာဖြစ်နေပြီးသူ့ ဇာတ်ကောင်ကလဲ စာအုပ်ကြီး (ဝါ) ဂေါက်သီး ဖြစ်နေပါတယ်။တစ်ကားလုံးမှာသူရယ်တာ တစ်နေရာမှမတွေ့ ပါဘူး။ကြည့်တဲ့သူဘဲရယ်သွားရပါတယ်။ဒီလို ဂေါက်သီး ပုံနဲ့ ဇာတ်ကောင်ကြောင့်ဟာသက ပိုပြီးထိမီသွားပါတယ်။

ဒီကားက ဟာသ ဆိုပေမယ့် လူ့အဖွဲ့အစည်းထဲကနားခါးတဲ့ အမှန်တရားကို သိအောင် ထုတ်ပြပေးပြီးလူ့အဖွဲ့အစည်းထဲက ဖရိုဖရဲဖြစ်နေတဲ့ နေရာတွေကို သရောပြီး ထောက်ပြထားပါသေးတယ်။မှန်တာပြောရင် ရွှာပြင်ထုတ်ခံရဆိုတဲ့အတိုင်းကိုယ်မှန်ကြီး ဖြစ်လွန်းနေတာကလဲ ၂၁ ရာစု အပြစ်ကြီး ဆိုတာကိုမင်းသားဇာတ်ကောင်နေရာကနေ ထောက်ပြထားပါတယ်။

ဒီဇာတ်ကားမှာအကောင်းဆုံး က ဇာတ်ညွှန်းလို့ထင်ပါတယ်။ဟာသဇာတ်ကွက်တွေကို လုပ်ထားတာတမင်ဟာက ဇာတ်ကွက်ဖန်တီးထားတာမဟုတ်ဘဲဇာတ်လမ်းအတိုင်းဘဲ လုပ်ပြသွားပါတယ်။ပြောချင်တာကအနှစ်သာရရှိတဲ့ဟာသဖြစ်တယ်ဆိုတာပါ။

တစ်ချို့ အနောက်တိုင်း ဟာသတွေ ကတော်တော် ကြည့်လို့ကောင်းပေမယ့်ဟာသဖြစ်အောင် မဖြစ်နိုင်တဲ့ ဇာတ်ကွက်ကြီး တွေကောင်းကင်ပေါ် သေနတ်ထောင်ပစ်လိုက်ရင်စန်တာ ကလော့ဘိုးဘိုးကြီး ထိပြီး ပြုတ်ကျလာတို့ လိုover ဆန်တဲ့ ဟာကွက်တွေ မဟုတ်ဘဲ

သူဘာများ ထပ်လုပ်ဦးမှာပါလိမ့် ဆိုပြီးမြင့်မြတ်အကယ်ဒမီ အထိမ်းအမှတ်ဆော်လေး သူ့ပိုင့်လယ်ကွက်လေးကို Live လွှင့်ဂုဏ်ပြုတာကိုကြည့်သလိုဇာတ်ရှိန်က ကြာလေမြင့်လာလေပါဘဲ။ဒါပေမယ့် နောက် ဆုံးမှာသူ့လိုတော့ ဂျင်းမထည့်ပါဘူး။

ကိုရီးယား ဟာသ အများစုက ဇာတ်သိမ်းပိုင်းရောက်လေ ဒရာမာ ချိုးလေ လုပ်တက်ပါတယ်ဒီကားမှာလဲ နောက်ဆုံး ပိုင်းလောက်မှာဒရာမာ နည်းနည်းဖြစ်ချင်ပေမယ့် ဇာတ်မအေးသွားပါဘူး။သူ့ပုံစံက ဇာတ်လဲသိမ်း ဟာသလဲ သိမ်းနောက်ဆုံးအထိဟာသ ဇာတ်ကွက်ကို ထည့်ထားပါတယ်။

ဒီဇာတ်လမ်း က လက်ရှိလောက(အစိုးရဌာန)မှာဖြစ်နေတဲ့အထက်လူကြီး နဲ့အောက်ပိုင်းက လူတွေ ကြားက ဆက်ဆံရေးတွေအထက်ပိုင်းရောက်ရင် အချိုးပြောင်းပြီး ဖော်ရှိုးမုန့် တို့ရှီုရှောင် အချိုရည်တို့ကို သိပ်ကြိုက်ပြီးဒီကအခေါ်ဝေါ်အရဆို ကွီးတို့ ဘဘတို့ လိုကိုယ်တော်ကြီး ကိုယ်တော်လေးတွေ ရဲ့မကောင်းကွက်ကို ဦးတည်ဖော်ပြထားတာပါ။

ဒါတွေဟာသအနေနဲ့ ရိုက်ထားပြီးကိုနရင်းကို လက်ဖျားနဲ့ အုပ်သလိုခပ်ပါးပါးလေးပုတ်ထားပါတယ်။ဒီကားကြည့်နေရင် ဝင်လာတဲ့အတွေးကရိုးသားရင် စံမဟုတ်ဘူး ခံဆိုတဲ့ သဘာ၀ ပါဘဲလား။မရိုးသားနဲ့ လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။သူတစ်ပါးကို မထိခိုက်ဘူးဆိုရင် လိမ်သင့်လိမ်ရမယ် အဲ့လိုဆိုလိုချင်တာပါ။

ဟာသကကောင်းကောင်းလေးတွေ ကိုစနေနေ့အလုပ်ပိတ်တဲ့ သူတွေ ဆိုFriday မှာညမှာကြည့်ဖို့ အသင့်တော်ဆုံးပါဘဲ။ဘာလို့ဆို တစ်ပတ်လုံး ပင်ပန်းလာသမျှအလုပ်ကပြန်ရင် မနက်ဖြန်အလုပ်ပိတ်ပြီ ဆိုတဲ့ ခံစားချက်အသိ ရှိနေတော့စိတ်ထဲမှာ တစ်ခြားနေ့တွေထပ် လွတ်လပ်မှုကို ရရှိနေပါမယ်။

နောက် သွားစရာလာစရာတွေ ရှိရင်လဲစနေနေ့ သို့ တနင်္ဂနွေ ကို ရွှေးချယ်ကြတာများတာမို့Friday ညကမှာလုပ်စရာ သိပ်မရှိတက်ဘဲ ငါဘာလုပ်ရမလဲ စဉ်းစားနေတက်တာမို့အဲ့လို အချိန်မျိုးမှာ ဟာသကားကြည့်ရတာသင်္ကြန် မဖလန်းရဘဲ တရားစခန်းဝင်ပြီး ပြန်ထွက်လာရသလိုခံစားချက်လိုနေတိုင်းရှုနေကြ လေတောင် အရသာရှိသွားတဲ့ ခံစားချက်မျိုးပါ ။

ပင်ပန်းလာသမျှ ကို ဇာတ်လမ်းနဲ့ ရောပြီ ရယ်ချပလိုက်ရင် စိတ်လဲပေါ့ပါး သွားပါတယ်။ပြီးတော့ဇာတ်ကားတွေ ကိုကြည့်ရင် ညဘက် ကြည့်တာ ဇာတ်လမ်းကို ပိုခံစားမိစေပြီးဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ ကောင်းနေမှာပါ။

Zawgyi

အေကာင္းဆုံးထဲမပါေပမယ့္ ၂ မိနစ္ျခားတစ္ခါရယ္ၿပီး တစ္ႀကိမ္ကို ၅၈ စကၠန႔္ ေလာက္ရယ္ရေစမယ္ဒီကားၾကည့္ေနရင္း စင္ကာပူကိုေက်ာ္မည္ႏွင့္ထူးဆန္းေသာ ေျမေအာက္ၿမိဳ႕ေတာ္ႀကီး ဇာတ္လမ္းလိုခြီကနဲ ခြီကနဲ ျဖစ္သြားေစမယ့္ ကားပါ။

“- လက္ေဝွ႔ခ်န္ပီယံနဲ႔ ဝူရႈးခ်န္ပီယံ ဖိုက္ရင္ ဘယ္သူႏိုင္မလဲ “ဒီကားကို ၂၀၀၇ ခုႏွစ္ ေအာက္တိုဘာမွစျပသခဲ့ၿပီး တစ္ကားလုံးကို ၁၀၂ မိနစ္ၾကာျမင့္ပါတယ္။IMDb Rating 7.4 ၊ AsianWiKi 93 ရရွိထားပါတယ္။CJ Entertatinment ကထုတ္လုပ္ထားၿပီး ကိုရီးယား ဘာသာစကားေျပာ႐ုပ္ရွင္ျဖစ္ပါတယ္။

Box office မွာ ကန္ေဒၚလာ ၁၄ သန္းေက်ာ္ရရွိခဲ့ပါတယ္။ဒီကားစတင္ျပသတဲ့ အပတ္မွာဝင္ေငြအေကာင္းဆုံး ကားအျဖစ္ရပ္တည္ခဲ့ပါတယ္။ဒီကားမွာ ဆုေတြရထားတာေတာ့မေတြ႕ရွိပါဘူး။ဒီဇာတ္လမ္း ရဲ႕ script က ေတာ္ေတာ္ေလးေကာင္းပါတယ္။script ေကာင္းလို႔ၾကည့္ရတာ ပိုၿပီးအရသာရွိသြားတာပါ။

sex အသားေပးဟာသ ၊ လူငယ္ေတြဘဲနားလည္ႏိုင္တဲ့ ဟာသ၊စူပါဟီး႐ိုးေတြ ကို ေသာက္တစ္လြဲျပန္႐ိုက္ထားတဲ့ ဟာသအခ်စ္ဟာသ ဒီလိုဟာသေတြနဲ႔ မဟုတ္ဘဲမိသားစုလိုက္ လူႀကီးေတြနဲ႔ ပါၾကည့္လို႔ရတဲ့ ဟာသကားမ်ိဳးပါ။မေက်နပ္ေသးရင္ ဘုန္းႀကီး ေတြ နဲ႔ ပါတူတူၾကည့္လို႔ရပါတယ္။႐ိုင္းတဲ့ ဟာသမပါဘူးလို႔ ေျပာခ်င္တာပါ။

ေနာက္တစ္ခုက ႐ိုင္းမွရယ္ရတာမဟုတ္ဘူးဆိုတဲ့sex comedy ေတာ္လွန္ေရးထဲမွာဒီ ဟာသကားလဲ ပါပါတယ္။Hangover ဇာတ္လမ္းေတြ နဲ႔ ေက်ာ႐ိုးျခင္းတူပါတယ္ဟာသဇာတ္ကြက္ကို ဇာတ္လမ္းသြားတဲ့ ထဲမွာဘဲလုပ္ျပသြားၿပီး ထိထိမိမိရယ္ရပါတယ္။

Hangover တို႔ American Pie တို႔ ၿပီးရင္ ၾကည့္သင့္တယ္လိုထင္ပါတယ္။ေၾကာင္ေတာင္ေတာင္စ႐ိုက္တစ္ေယာက္တစ္မ်ိဳးစီနဲ႔ဇာတ္ေဆာင္ေတြအျပင္ဒါၿပီးရင္ဘာလုပ္မလဲဆိုတဲ့ ခံစားမႈနဲ႔ပါဝင္ထားတဲ့ဇာတ္ေဆာင္ေတြ ရဲ႕ အသက္ဝင္မႈေတေၾကာင့္ ဆြဲေဆာင္မႈေလးတစ္မ်ိဳးရွိေနပါတယ္။

မင္းသားက က အဓိကပါဘဲ ဒီဇာတ္ကားတစ္ခုလုံးမွာသူ႔ေနရာက ဇာတ္လမ္းထဲမွာ အခရာျဖစ္ေနၿပီးသူ႔ ဇာတ္ေကာင္ကလဲ စာအုပ္ႀကီး (ဝါ) ေဂါက္သီး ျဖစ္ေနပါတယ္။တစ္ကားလုံးမွာသူရယ္တာ တစ္ေနရာမွမေတြ႕ ပါဘူး။ၾကည့္တဲ့သူဘဲရယ္သြားရပါတယ္။ဒီလို ေဂါက္သီး ပုံနဲ႔ ဇာတ္ေကာင္ေၾကာင့္ဟာသက ပိုၿပီးထိမီသြားပါတယ္။

ဒီကားက ဟာသ ဆိုေပမယ့္ လူ႔အဖြဲ႕အစည္းထဲကနားခါးတဲ့ အမွန္တရားကို သိေအာင္ ထုတ္ျပေပးၿပီးလူ႔အဖြဲ႕အစည္းထဲက ဖ႐ိုဖရဲျဖစ္ေနတဲ့ ေနရာေတြကို သေရာၿပီး ေထာက္ျပထားပါေသးတယ္။မွန္တာေျပာရင္ ႐ႊာျပင္ထုတ္ခံရဆိုတဲ့အတိုင္းကိုယ္မွန္ႀကီး ျဖစ္လြန္းေနတာကလဲ ၂၁ ရာစု အျပစ္ႀကီး ဆိုတာကိုမင္းသားဇာတ္ေကာင္ေနရာကေန ေထာက္ျပထားပါတယ္။

ဒီဇာတ္ကားမွာအေကာင္းဆုံး က ဇာတ္ၫႊန္းလို႔ထင္ပါတယ္။ဟာသဇာတ္ကြက္ေတြကို လုပ္ထားတာတမင္ဟာက ဇာတ္ကြက္ဖန္တီးထားတာမဟုတ္ဘဲဇာတ္လမ္းအတိုင္းဘဲ လုပ္ျပသြားပါတယ္။ေျပာခ်င္တာကအႏွစ္သာရရွိတဲ့ဟာသျဖစ္တယ္ဆိုတာပါ။

တစ္ခ်ိဳ႕ အေနာက္တိုင္း ဟာသေတြ ကေတာ္ေတာ္ ၾကည့္လို႔ေကာင္းေပမယ့္ဟာသျဖစ္ေအာင္ မျဖစ္ႏိုင္တဲ့ ဇာတ္ကြက္ႀကီး ေတြေကာင္းကင္ေပၚ ေသနတ္ေထာင္ပစ္လိုက္ရင္စန္တာ ကေလာ့ဘိုးဘိုးႀကီး ထိၿပီး ျပဳတ္က်လာတို႔ လိုover ဆန္တဲ့ ဟာကြက္ေတြ မဟုတ္ဘဲ

သူဘာမ်ား ထပ္လုပ္ဦးမွာပါလိမ့္ ဆိုၿပီးျမင့္ျမတ္အကယ္ဒမီ အထိမ္းအမွတ္ေဆာ္ေလး သူ႔ပိုင့္လယ္ကြက္ေလးကို Live လႊင့္ဂုဏ္ျပဳတာကိုၾကည့္သလိုဇာတ္ရွိန္က ၾကာေလျမင့္လာေလပါဘဲ။ဒါေပမယ့္ ေနာက္ ဆုံးမွာသူ႔လိုေတာ့ ဂ်င္းမထည့္ပါဘူး။

ကိုရီးယား ဟာသ အမ်ားစုက ဇာတ္သိမ္းပိုင္းေရာက္ေလ ဒရာမာ ခ်ိဳးေလ လုပ္တက္ပါတယ္ဒီကားမွာလဲ ေနာက္ဆုံး ပိုင္းေလာက္မွာဒရာမာ နည္းနည္းျဖစ္ခ်င္ေပမယ့္ ဇာတ္မေအးသြားပါဘူး။သူ႔ပုံစံက ဇာတ္လဲသိမ္း ဟာသလဲ သိမ္းေနာက္ဆုံးအထိဟာသ ဇာတ္ကြက္ကို ထည့္ထားပါတယ္။

ဒီဇာတ္လမ္း က လက္ရွိေလာက(အစိုးရဌာန)မွာျဖစ္ေနတဲ့အထက္လူႀကီး နဲ႔ေအာက္ပိုင္းက လူေတြ ၾကားက ဆက္ဆံေရးေတြအထက္ပိုင္းေရာက္ရင္ အခ်ိဳးေျပာင္းၿပီး ေဖာ္ရႈိးမုန႔္ တို႔ရႈီေရွာင္ အခ်ိဳရည္တို႔ကို သိပ္ႀကိဳက္ၿပီးဒီကအေခၚေဝၚအရဆို ကြီးတို႔ ဘဘတို႔ လိုကိုယ္ေတာ္ႀကီး ကိုယ္ေတာ္ေလးေတြ ရဲ႕မေကာင္းကြက္ကို ဦးတည္ေဖာ္ျပထားတာပါ။

ဒါေတြဟာသအေနနဲ႔ ႐ိုက္ထားၿပီးကိုနရင္းကို လက္ဖ်ားနဲ႔ အုပ္သလိုခပ္ပါးပါးေလးပုတ္ထားပါတယ္။ဒီကားၾကည့္ေနရင္ ဝင္လာတဲ့အေတြးက႐ိုးသားရင္ စံမဟုတ္ဘူး ခံဆိုတဲ့ သဘာ၀ ပါဘဲလား။မ႐ိုးသားနဲ႔ လို႔ ဆိုလိုခ်င္တာမဟုတ္ပါဘူး။သူတစ္ပါးကို မထိခိုက္ဘူးဆိုရင္ လိမ္သင့္လိမ္ရမယ္ အဲ့လိုဆိုလိုခ်င္တာပါ။

ဟာသကေကာင္းေကာင္းေလးေတြ ကိုစေနေန႔အလုပ္ပိတ္တဲ့ သူေတြ ဆိုFriday မွာညမွာၾကည့္ဖို႔ အသင့္ေတာ္ဆုံးပါဘဲ။ဘာလို႔ဆို တစ္ပတ္လုံး ပင္ပန္းလာသမွ်အလုပ္ကျပန္ရင္ မနက္ျဖန္အလုပ္ပိတ္ၿပီ ဆိုတဲ့ ခံစားခ်က္အသိ ရွိေနေတာ့စိတ္ထဲမွာ တစ္ျခားေန႔ေတြထပ္ လြတ္လပ္မႈကို ရရွိေနပါမယ္။

ေနာက္ သြားစရာလာစရာေတြ ရွိရင္လဲစေနေန႔ သို႔ တနဂၤေႏြ ကို ေ႐ႊးခ်ယ္ၾကတာမ်ားတာမို႔Friday ညကမွာလုပ္စရာ သိပ္မရွိတက္ဘဲ ငါဘာလုပ္ရမလဲ စဥ္းစားေနတက္တာမို႔အဲ့လို အခ်ိန္မ်ိဳးမွာ ဟာသကားၾကည့္ရတာသၾကၤန္ မဖလန္းရဘဲ တရားစခန္းဝင္ၿပီး ျပန္ထြက္လာရသလိုခံစားခ်က္လိုေနတိုင္းရႈေနၾက ေလေတာင္ အရသာရွိသြားတဲ့ ခံစားခ်က္မ်ိဳးပါ ။

ပင္ပန္းလာသမွ် ကို ဇာတ္လမ္းနဲ႔ ေရာၿပီ ရယ္ခ်ပလိုက္ရင္ စိတ္လဲေပါ့ပါး သြားပါတယ္။ၿပီးေတာ့ဇာတ္ကားေတြ ကိုၾကည့္ရင္ ညဘက္ ၾကည့္တာ ဇာတ္လမ္းကို ပိုခံစားမိေစၿပီးဇာတ္လမ္းက ပိုစိတ္ဝင္စားစရာ ေကာင္းေနမွာပါ။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Up Stream) Large Size ~ Download

(Megaup.net) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *