Gold (2016)

18447
Share
Copy the link

စီးပွားရေးနဲ့သက်ဆိုင်တဲ့ကားတွေထဲမှာ ကြည့်ပြီးသလောက် ကျွန်တော့ရင်ထဲကို တစ်သသစွဲကျန်စေလောက်အောင်ကောင်းတဲ့ (၂)ကားရှိတယ်…ပထမ တစ်ကားကတော့ The Wolf of Wall Street (2013) ဖြစ်ပြီး ဒုတိယကားကတော့ ယ္ခု Gold(2016) ဆိုတဲ့ကားပါပဲ….

(၂)ကားလုံးဟာ ဖြစ်ရပ်မှန်ကို အခြေခံထားကြသလို သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲမင်းသားတွေဖြစ်တဲ့ Leonardo နဲ့ Matthew တို့ ကိုယ်စီသရုပ်ဆောင်ထားကြတယ်…

Rating အနေအထားအရ The Wolf of Wall Street ကိုတော့မမှီနိုင်ပေမယ့် အဲ့ဒီကားနီးပါးကောင်းတယ်လို့တော့ ပြောလို့ရမယ်ထင်တယ်…ဒီကားအတွက် Matthew ဟာ ကိုယ်အလေးချိန် ပေါင်(၄၀)တက်အောင်ပြုလုပ်ခဲ့ရတယ်…ဗိုက်ရွှဲရွှဲ အရက်တမြမြ စစ်ကရက်မီးခိုးတစ်အူအူနဲ့ Matthewကို အားမာန်ပါပါ ဒီကားထဲမှာတွေ့ရလိမ့်မယ်…

ဇာတ်ကားအကြောင်းကိုနည်းနည်းသွားရအောင်….ကန်နီဝဲလ်စ်ဆိုတဲ့သူတစ်ယောက်ပိုင်တဲ့ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုရှိတယ်…..ကန်နီတို့ ဘိုးဘွားစဉ်ဆက်ပိုင်ခဲ့တဲ့ကုမ္ပဏီဖြစ်သလို သူကိုယ်တိုင်ကလည်း ဒီအလုပ်ကို ချစ်မြတ်နိုးတယ်…သို့ပေမယ့် ကန်နီလက်ထက်မှာ ကုမ္ပဏီက ကျရှုံးလုနီးပါးဖြစ်နေတယ်…

ဒီလိုအခြေအနေမှာ ကုမ္ပဏီကိုပြန်အဖတ်ဆယ်ဖို့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်တစ်ခု လုပ်ဖို့သူဆုံးဖြတ်လိုက်တယ်…အဲ့ဒါကတော့ အင်ဒိုနီးရှာကိုသွားပြီး ရွှေကြောကြီးရှာဖို့ ဘုမိဗေဒပညာရှင်တစ်ယောက်နဲ့ ပေါင်းပြီး ရှာဖွေဖို့ စွန့်စားခဲ့ပါတော့တယ်…

ဒီရှာဖွေဖို့အတွက် ရှိသမျှစည်းစိမ်ပုံအောရသလို သူပူးပေါင်းတဲ့ ဘူမိဗေဒပညာရှင်ပြောဆိုတဲ့ ရွှေတူးဖို့နေရာကလည်းတခြားပညာရှင်တွေအားလုံးက ငြင်းပယ်ထားတဲ့ နေရာကြီးဖြစ်နေပါတယ်..ကိုင်းရွှေကြောကြီးကိုတွေ့မလား…..သူအောင်မြင်မလား…. ခေါင်းပုံဖြတ်ချင်တဲ့ကုမ္ပဏီကြီးတွေကရော ကန်ကို ဘယ်လိုတွေဖိအားပေးမလဲ….ကိုင်းခံစားကြည့်လိုက်ပါဦး….

Zawgyi

စီးပြားေရးနဲ႔သက္ဆိုင္တဲ့ကားေတြထဲမွာ ၾကည့္ၿပီးသေလာက္ ကြၽန္ေတာ့ရင္ထဲကို တစ္သသစြဲက်န္ေစေလာက္ေအာင္ေကာင္းတဲ့ (၂)ကားရွိတယ္…ပထမ တစ္ကားကေတာ့ The Wolf of Wall Street (2013) ျဖစ္ၿပီး ဒုတိယကားကေတာ့ ယၡဳ Gold(2016) ဆိုတဲ့ကားပါပဲ….

(၂)ကားလုံးဟာ ျဖစ္ရပ္မွန္ကို အေျခခံထားၾကသလို သ႐ုပ္ေဆာင္ေတြကလည္း ဒိတ္ဒိတ္က်ဲမင္းသားေတြျဖစ္တဲ့ Leonardo နဲ႔ Matthew တို႔ ကိုယ္စီသ႐ုပ္ေဆာင္ထားၾကတယ္…

Rating အေနအထားအရ The Wolf of Wall Street ကိုေတာ့မမွီႏိုင္ေပမယ့္ အဲ့ဒီကားနီးပါးေကာင္းတယ္လို႔ေတာ့ ေျပာလို႔ရမယ္ထင္တယ္…ဒီကားအတြက္ Matthew ဟာ ကိုယ္အေလးခ်ိန္ ေပါင္(၄၀)တက္ေအာင္ျပဳလုပ္ခဲ့ရတယ္…ဗိုက္႐ႊဲ႐ႊဲ အရက္တျမျမ စစ္ကရက္မီးခိုးတစ္အူအူနဲ႔ Matthewကို အားမာန္ပါပါ ဒီကားထဲမွာေတြ႕ရလိမ့္မယ္…

ဇာတ္ကားအေၾကာင္းကိုနည္းနည္းသြားရေအာင္….ကန္နီဝဲလ္စ္ဆိုတဲ့သူတစ္ေယာက္ပိုင္တဲ့ ေ႐ႊတူးေဖာ္ေရးကုမၸဏီတစ္ခုရွိတယ္…..ကန္နီတို႔ ဘိုးဘြားစဥ္ဆက္ပိုင္ခဲ့တဲ့ကုမၸဏီျဖစ္သလို သူကိုယ္တိုင္ကလည္း ဒီအလုပ္ကို ခ်စ္ျမတ္ႏိုးတယ္…သို႔ေပမယ့္ ကန္နီလက္ထက္မွာ ကုမၸဏီက က်ရႈံးလုနီးပါးျဖစ္ေနတယ္…

ဒီလိုအေျခအေနမွာ ကုမၸဏီကိုျပန္အဖတ္ဆယ္ဖို႔ ဘယ္သူမွမလုပ္ရဲတဲ့အလုပ္တစ္ခု လုပ္ဖို႔သူဆုံးျဖတ္လိုက္တယ္…အဲ့ဒါကေတာ့ အင္ဒိုနီးရွာကိုသြားၿပီး ေ႐ႊေၾကာႀကီးရွာဖို႔ ဘုမိေဗဒပညာရွင္တစ္ေယာက္နဲ႔ ေပါင္းၿပီး ရွာေဖြဖို႔ စြန႔္စားခဲ့ပါေတာ့တယ္…

ဒီရွာေဖြဖို႔အတြက္ ရွိသမွ်စည္းစိမ္ပုံေအာရသလို သူပူးေပါင္းတဲ့ ဘူမိေဗဒပညာရွင္ေျပာဆိုတဲ့ ေ႐ႊတူးဖို႔ေနရာကလည္းတျခားပညာရွင္ေတြအားလုံးက ျငင္းပယ္ထားတဲ့ ေနရာႀကီးျဖစ္ေနပါတယ္..ကိုင္းေ႐ႊေၾကာႀကီးကိုေတြ႕မလား…..သူေအာင္ျမင္မလား…. ေခါင္းပုံျဖတ္ခ်င္တဲ့ကုမၸဏီႀကီးေတြကေရာ ကန္ကို ဘယ္လိုေတြဖိအားေပးမလဲ….ကိုင္းခံစားၾကည့္လိုက္ပါဦး….

(Direct Link) Large Size ~ Download

(Yoteshin Portal) Large Size ~ Download

(Users Drive) Large Size ~ Download

(Megaup.net) Large Size ~ Download

(Up Stream) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *