Gold (2018)

17507
Share
Copy the link

Gold (သို့မဟုတ် ) အိပ်မက်အဟောင်းအအို အား တူးဖော်ခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~ကျွန်တော် မှတ်မိပါသေးတယ်။ကျွန်တော့်အိပ်မက်ကို စတင်ဖြစ်စေခဲ့တဲ့1936 ခုနှစ်တုန်းကပေါ့ ။” ဘာလင်မြေပေါ်မှာ ဂျာမဏီကိုအနိုင်ယူပြီးသကာလ အိုလံပစ်ရွှေတံဆိပ်တွေနဲ့ ကျွန်တော်တို့ အိန္ဒိယဟော်ကီအသင်းသားတွေ။

ဒီအချိန်မှာ ယူနီယံဂျက်အလံကြီးကဖျတ်ဖျတ်လွင့်ရင်း မလွတ်လပ်သေးတဲ့အိန္ဒိယနိုင်ငံကို လှောင်ရယ်နေခဲ့တယ်။ဒီအခြေအနေဟာ ဗြိတိသျှအိန္ဒိယလို့ခေါ်ဝေါ်ခံရတဲ့ ကျွန်တော်တို့အတွက်တော့ ကြီးမြတ်တဲ့ အောင်မြင်မှုအပြည့်အ၀ မဟုတ်ခဲ့ရပါဘူး ”ဒီမှာတင် ဂျူနီယာမန်နေဂျာ ဖြစ်တဲ့ ကျွန်တော် Tupan Das နဲ့ ဟောကီအသင်းသားတွေဟာအိပ်မက်တစ်ခု ကို အတူတကွ မက်ခဲ့ကြတယ်။

ဒါဟာ လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံအဖြစ်နဲ့ အိုလံပစ်ရွှေတံဆိပ်ကို ပြန်ယူပြမယ်။ပြီးရင် ြင်မ်သက်အနေအထားနဲ့ ဇာတိမာန် သီချင်းကို ဆိုကြမယ်။ ရင်ဘတ်ထဲက သုံးရောင်ခြယ် နိုင်ငံတော်အလံကို လွှင့်ထူမယ်။ဒါပေမယ့်ဗျာ။ ကမ္ဘာ့စစ်တွေကြောင့် အိုလံပစ် ကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းလိုက်ကြတယ်။

ဒီတော့ ကျွန်တော်ဟာ စိတ်လေရတယ်။ ကျွန်တော် အရက်တွေချည်း ဖိသောက်တယ်။ မိန်းမရဲ့လက်ဝတ်လက်စား တွေပါမကျန် ခိုးရောင်းပြီး အရက်သောက်ပစ်တယ်။ဒါက ကျွန်တော်ဆိုးသွမ်းခဲ့တဲ့ အမှန်တရားတွေ ။ တစ်ဖက်မှာလည်း အမှန်တရားရှိပါတယ်။ ဒါကတော့ ကျွန်တော်ဟာဟောကီကို မြတ်နိုးပြီး နိုင်ငံကို ချစ်တတ်တယ် ဆိုတာပါပဲ။

တစ်နေ့မှာတော့ သတင်းစာဖြတ်ပိုင်းလေးတစ်ခုက ကျွန်တော့်ရင်ကို လှုပ်နှိုးလိုက်ပါတော့တယ်။“1948 ခုနှစ် အိုလံပစ်ပြိုင်ပွဲအား လန်ဒန်၌ ကျင်းပမည် ”ဟာ …… ကျွန်တော် ပြန်ရပ်တည်ရတော့မယ်။ ကျွန်တော် ကြိုးစားရတော့မယ်။

ဒီတော့ ကျွန်တော် ဟာ ဟောကီအဖွဲ့အစည်း အကြီးအကဲ ဆီ သွားတယ်။အိန္ဒိယ အသင်းကို ကျွန်တော်ဦးစီးပါရစေ ဆိုပြီး တောင်းခံတယ်။သူကလည်း အခွင့်အရေး ပေးလိုက်ပါတယ်။ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ အနေအထားတွေပဲဗျာ။အဲ့ဒီနောက် ဟော်ကီကစားသမား ဟောင်းတွေကို ပြန်စုတယ်။

မျိုးဆက်သစ်တွေကိုလည်း လက်တွဲခေါ်ပြီးရွေးချယ်ခဲ့တယ်။တစ်ယောက်ချင်းရဲ့ အလေးသာမှု တွေကို ကြည့်ပြီး လေ့ကျင့်ခဲ့တယ်။ဒါ့ကြောင့်လန်ဒန်မြေက ရွှေကို အမိမြေဆီသယ်လာဖို့ ကျွန်တော်တို့ စိတ်ပြင်းပြနေခဲ့ကြတယ်။ဒါပေမဲ့ လောက ဟာ အချိုးအကွေ့တွေသိပ်များတယ်။

ပြုံးခါနီးမှ ငိုရမယ့် မျက်လုံးတွေ ကို ပြန်ငှားရတယ်။ သိပ်ကို အထာကျတဲ့ ဒုက္ခပြက်လုံးတွေပေါ့ဗျာ။အဲ့ဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံကို အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး ခွဲကွာစေလိုက်ကြတဲ့အခါမှာတော့ကျွန်တော်တို့လည်း ……………?ကဲ ………ဘယ်လိုဖြစ်သွားကြမှာလိမ့် ။

ဇာတ်ကား သို့ချဉ်းကပ်ခြင်း••••••••••••••••••••••••••••••••••••ကျွန်တော်အနေနဲ့ ဒီဇာတ်ကားကို ချဉ်းကပ်ကြည့်ရရင် အင်မတန်မှ ရည်ရွယ်ချက် ကောင်းမွန်လှတဲ့ ဇာတ်အိမ်ဟုသာ ဆိုလိုက်ချင်ပါတယ်။

လွတ်လပ်ရေးမရမီ နိုင်ငံသားတစ်ယောက်ရဲ့ ခံယူချက်တွေ / အချုပ်အနှောင်ကင်းတဲ့ သုံးရောင်ခြယ်အလံတလူလူနဲ့ အမျိုးသားရေးစိတ်ကို အနုပညာနဲ့ဖော်ကျူးသွားခဲ့ပါတယ်။အားကစားဖက်ကို ရိုက်ကူးပြရာတွင်လည်း ဟန်ပြ ထက် သေချာလေ့ကျင့်စေပြီးမှ အသက်ဝင်စေခဲ့ပါတယ်။

ဟောကီ စစ်သည်တော်ကြီး Sandeep Sigh ကို ခေါ်ယူ သင်ကြားပေးစေပြီးမှ ပီပြင်စေခဲ့တာပါ။Sandeep Sigh ဆိုတာကလည်း Soorma ဇာတ်ကားထဲက ဟောကီဂန္တဝင်။အောက်ပိုင်းသေပြီးမှ ဟောကီကွင်းထဲ ပြန်ရောက်ခဲ့တဲ့ စစ်သည်တော်။ဒါ့ကြောင့် ဒီဇာတ်ကားဟာ အားကစား အရည်အသွေးမနိမ့်ပါဘူး။

ဟော်ကီကစားသမား ချင်းကြားက စည်းလုံးမှုတည်ဆောက်ပုံတွေကလည်း အားကျဖို့ကောင်းလှပါတယ်။ဒါ့ပြင် ဒီဇာတ်ကားရဲ့ နောက်တစ်ကွက်က #မတ်ခ်တွန်း ပြောခဲ့တဲ့ စကားလေးအတိုင်းပါပဲ ။

( သေနတ် ဇာတ်ဝင်ခန်းကို အရှေ့မှာပြသခဲ့ရင် နောက်ဇာတ်ဝင်ခန်းတွေမှာ ပစ်ကို ပစ်ပြရပါမယ် ) -မတ်ခ်တွန်းဒီ Gold ဇာတ်ကားမှာတော့ မထင်မှတ်ထားတဲ့ ဇာတ်ဝင်ခန်းက ဇာတ်သိမ်းခန်းအထိ အရေးသိပ်ကြီးခဲ့ပါတယ်။ သိပ်ကိုထောင့်စေ့မှုရှိတဲ့ ဇာတ်ညွှန်းတစ်ခုပါပဲ။

အချုပ်ဆိုရရင် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် အဖြစ်အပျက်များကို အခြေပြုရင်း စိတ်ကူးစိတ်သန်းစုံလင်စွာ ပေါင်းစည်းမှုတစ်ခု ဖြစ်ခဲ့တယ်။ ဖြစ်ရပ်မှန် အပြည့်အ၀ မဟုတ်သော်ငြားလည်း ၁၂ နှစ်ကြာမှရရှိခဲ့တဲ့ ရွှေတံဆိပ် ဟာ အခုထိ အရောင်တလက်လက် ဖြစ်နေခဲ့ပါတော့တယ်။

ဒါဟာ အိပ်မက်အဟောင်းအအို လေးမှဖြစ်တည်လာသော စည်းလုံးခြင်းမှသည် လုံးဝလွတ်လပ်သော အိန္ဒိယနိုင်ငံသားတိုင်းရဲ့ တူညီသော အိပ်မက်တစ်ခု ရှင်သန်ပေါက်ဖွားခဲ့ခြင်းသာ ဖြစ်ပါလိမ့်မယ် ဟု ထင်မြင်ရင်း ………။

Zawgyi

Gold (သို႔မဟုတ္ ) အိပ္မက္အေဟာင္းအအို အား တူးေဖာ္ျခင္း~~~~~~~~~~~~~~~~~~~~~~~~~~~~ကြၽန္ေတာ္ မွတ္မိပါေသးတယ္။ကြၽန္ေတာ့္အိပ္မက္ကို စတင္ျဖစ္ေစခဲ့တဲ့1936 ခုႏွစ္တုန္းကေပါ့ ။” ဘာလင္ေျမေပၚမွာ ဂ်ာမဏီကိုအႏိုင္ယူၿပီးသကာလ အိုလံပစ္ေ႐ႊတံဆိပ္ေတြနဲ႔ ကြၽန္ေတာ္တို႔ အိႏၵိယေဟာ္ကီအသင္းသားေတြ။

ဒီအခ်ိန္မွာ ယူနီယံဂ်က္အလံႀကီးကဖ်တ္ဖ်တ္လြင့္ရင္း မလြတ္လပ္ေသးတဲ့အိႏၵိယႏိုင္ငံကို ေလွာင္ရယ္ေနခဲ့တယ္။ဒီအေျခအေနဟာ ၿဗိတိသွ်အိႏၵိယလို႔ေခၚေဝၚခံရတဲ့ ကြၽန္ေတာ္တို႔အတြက္ေတာ့ ႀကီးျမတ္တဲ့ ေအာင္ျမင္မႈအျပည့္အ၀ မဟုတ္ခဲ့ရပါဘူး ”ဒီမွာတင္ ဂ်ဴနီယာမန္ေနဂ်ာ ျဖစ္တဲ့ ကြၽန္ေတာ္ Tupan Das နဲ႔ ေဟာကီအသင္းသားေတြဟာအိပ္မက္တစ္ခု ကို အတူတကြ မက္ခဲ့ၾကတယ္။

ဒါဟာ လြတ္လပ္တဲ့ အိႏၵိယႏိုင္ငံအျဖစ္နဲ႔ အိုလံပစ္ေ႐ႊတံဆိပ္ကို ျပန္ယူျပမယ္။ၿပီးရင္ ျင္မ္သက္အေနအထားနဲ႔ ဇာတိမာန္ သီခ်င္းကို ဆိုၾကမယ္။ ရင္ဘတ္ထဲက သုံးေရာင္ျခယ္ ႏိုင္ငံေတာ္အလံကို လႊင့္ထူမယ္။ဒါေပမယ့္ဗ်ာ။ ကမာၻ႔စစ္ေတြေၾကာင့္ အိုလံပစ္ ကို ႏွစ္ႀကိမ္တိုင္တိုင္ ဖ်က္သိမ္းလိုက္ၾကတယ္။

ဒီေတာ့ ကြၽန္ေတာ္ဟာ စိတ္ေလရတယ္။ ကြၽန္ေတာ္ အရက္ေတြခ်ည္း ဖိေသာက္တယ္။ မိန္းမရဲ႕လက္ဝတ္လက္စား ေတြပါမက်န္ ခိုးေရာင္းၿပီး အရက္ေသာက္ပစ္တယ္။ဒါက ကြၽန္ေတာ္ဆိုးသြမ္းခဲ့တဲ့ အမွန္တရားေတြ ။ တစ္ဖက္မွာလည္း အမွန္တရားရွိပါတယ္။ ဒါကေတာ့ ကြၽန္ေတာ္ဟာေဟာကီကို ျမတ္ႏိုးၿပီး ႏိုင္ငံကို ခ်စ္တတ္တယ္ ဆိုတာပါပဲ။

တစ္ေန႔မွာေတာ့ သတင္းစာျဖတ္ပိုင္းေလးတစ္ခုက ကြၽန္ေတာ့္ရင္ကို လႈပ္ႏႈိးလိုက္ပါေတာ့တယ္။“1948 ခုႏွစ္ အိုလံပစ္ၿပိဳင္ပြဲအား လန္ဒန္၌ က်င္းပမည္ ”ဟာ …… ကြၽန္ေတာ္ ျပန္ရပ္တည္ရေတာ့မယ္။ ကြၽန္ေတာ္ ႀကိဳးစားရေတာ့မယ္။

ဒီေတာ့ ကြၽန္ေတာ္ ဟာ ေဟာကီအဖြဲ႕အစည္း အႀကီးအကဲ ဆီ သြားတယ္။အိႏၵိယ အသင္းကို ကြၽန္ေတာ္ဦးစီးပါရေစ ဆိုၿပီး ေတာင္းခံတယ္။သူကလည္း အခြင့္အေရး ေပးလိုက္ပါတယ္။ ကြၽန္ေတာ့္အတြက္ ေပ်ာ္စရာေကာင္းတဲ့ အေနအထားေတြပဲဗ်ာ။အဲ့ဒီေနာက္ ေဟာ္ကီကစားသမား ေဟာင္းေတြကို ျပန္စုတယ္။

မ်ိဳးဆက္သစ္ေတြကိုလည္း လက္တြဲေခၚၿပီးေ႐ြးခ်ယ္ခဲ့တယ္။တစ္ေယာက္ခ်င္းရဲ႕ အေလးသာမႈ ေတြကို ၾကည့္ၿပီး ေလ့က်င့္ခဲ့တယ္။ဒါ့ေၾကာင့္လန္ဒန္ေျမက ေ႐ႊကို အမိေျမဆီသယ္လာဖို႔ ကြၽန္ေတာ္တို႔ စိတ္ျပင္းျပေနခဲ့ၾကတယ္။ဒါေပမဲ့ ေလာက ဟာ အခ်ိဳးအေကြ႕ေတြသိပ္မ်ားတယ္။

ၿပဳံးခါနီးမွ ငိုရမယ့္ မ်က္လုံးေတြ ကို ျပန္ငွားရတယ္။ သိပ္ကို အထာက်တဲ့ ဒုကၡျပက္လုံးေတြေပါ့ဗ်ာ။အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ႏိုင္ငံကို အိႏၵိယနဲ႔ ပါကစၥတန္ဆိုၿပီး ခြဲကြာေစလိုက္ၾကတဲ့အခါမွာေတာ့ကြၽန္ေတာ္တို႔လည္း ……………?ကဲ ………ဘယ္လိုျဖစ္သြားၾကမွာလိမ့္ ။

ဇာတ္ကား သို႔ခ်ဥ္းကပ္ျခင္း••••••••••••••••••••••••••••••••••••ကြၽန္ေတာ္အေနနဲ႔ ဒီဇာတ္ကားကို ခ်ဥ္းကပ္ၾကည့္ရရင္ အင္မတန္မွ ရည္႐ြယ္ခ်က္ ေကာင္းမြန္လွတဲ့ ဇာတ္အိမ္ဟုသာ ဆိုလိုက္ခ်င္ပါတယ္။

လြတ္လပ္ေရးမရမီ ႏိုင္ငံသားတစ္ေယာက္ရဲ႕ ခံယူခ်က္ေတြ / အခ်ဳပ္အေႏွာင္ကင္းတဲ့ သုံးေရာင္ျခယ္အလံတလူလူနဲ႔ အမ်ိဳးသားေရးစိတ္ကို အႏုပညာနဲ႔ေဖာ္က်ဴးသြားခဲ့ပါတယ္။အားကစားဖက္ကို ႐ိုက္ကူးျပရာတြင္လည္း ဟန္ျပ ထက္ ေသခ်ာေလ့က်င့္ေစၿပီးမွ အသက္ဝင္ေစခဲ့ပါတယ္။

ေဟာကီ စစ္သည္ေတာ္ႀကီး Sandeep Sigh ကို ေခၚယူ သင္ၾကားေပးေစၿပီးမွ ပီျပင္ေစခဲ့တာပါ။Sandeep Sigh ဆိုတာကလည္း Soorma ဇာတ္ကားထဲက ေဟာကီဂႏၲဝင္။ေအာက္ပိုင္းေသၿပီးမွ ေဟာကီကြင္းထဲ ျပန္ေရာက္ခဲ့တဲ့ စစ္သည္ေတာ္။ဒါ့ေၾကာင့္ ဒီဇာတ္ကားဟာ အားကစား အရည္အေသြးမနိမ့္ပါဘူး။

ေဟာ္ကီကစားသမား ခ်င္းၾကားက စည္းလုံးမႈတည္ေဆာက္ပုံေတြကလည္း အားက်ဖို႔ေကာင္းလွပါတယ္။ဒါ့ျပင္ ဒီဇာတ္ကားရဲ႕ ေနာက္တစ္ကြက္က #မတ္ခ္တြန္း ေျပာခဲ့တဲ့ စကားေလးအတိုင္းပါပဲ ။

( ေသနတ္ ဇာတ္ဝင္ခန္းကို အေရွ႕မွာျပသခဲ့ရင္ ေနာက္ဇာတ္ဝင္ခန္းေတြမွာ ပစ္ကို ပစ္ျပရပါမယ္ ) -မတ္ခ္တြန္းဒီ Gold ဇာတ္ကားမွာေတာ့ မထင္မွတ္ထားတဲ့ ဇာတ္ဝင္ခန္းက ဇာတ္သိမ္းခန္းအထိ အေရးသိပ္ႀကီးခဲ့ပါတယ္။ သိပ္ကိုေထာင့္ေစ့မႈရွိတဲ့ ဇာတ္ၫႊန္းတစ္ခုပါပဲ။

အခ်ဳပ္ဆိုရရင္ ဒီဇာတ္ကားဟာ ျဖစ္ရပ္မွန္ အျဖစ္အပ်က္မ်ားကို အေျချပဳရင္း စိတ္ကူးစိတ္သန္းစုံလင္စြာ ေပါင္းစည္းမႈတစ္ခု ျဖစ္ခဲ့တယ္။ ျဖစ္ရပ္မွန္ အျပည့္အ၀ မဟုတ္ေသာ္ျငားလည္း ၁၂ ႏွစ္ၾကာမွရရွိခဲ့တဲ့ ေ႐ႊတံဆိပ္ ဟာ အခုထိ အေရာင္တလက္လက္ ျဖစ္ေနခဲ့ပါေတာ့တယ္။

ဒါဟာ အိပ္မက္အေဟာင္းအအို ေလးမွျဖစ္တည္လာေသာ စည္းလုံးျခင္းမွသည္ လုံးဝလြတ္လပ္ေသာ အိႏၵိယႏိုင္ငံသားတိုင္းရဲ႕ တူညီေသာ အိပ္မက္တစ္ခု ရွင္သန္ေပါက္ဖြားခဲ့ျခင္းသာ ျဖစ္ပါလိမ့္မယ္ ဟု ထင္ျမင္ရင္း ………။

megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *