Good Will Hunting (1997)

18434
Share
Copy the link

ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ..ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn’t describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ ပြောကြတဲ့ဇာတ်ကားပါ

ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကို ဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ

သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams က အကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ ——–

ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့ သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက် အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း

ဒါပေမယ့် သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာ သူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ် လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ရွံတယ် ဒီလိုနဲ့ သူ့ရဲ့အရည်အချင်းကို Field’s Medal (သင်္ချာပါရဂူ)ဆုရှင်ပရော်ဖက်ဆာတစ်ယောက်က သတိထားမိသွားတယ်….

ဖြစ်နိုင်ရင်အညွှန်းကိုတစ်လုံးမှမရေးဘဲတင်လိုက်ချင်တာ….ဘာလို့ဆို ဒီကားရဲ့ရသတွေဟာ ကျွန်တော့်ရဲ့ခပ်ညံညံရေးသားချက်အောက်မှာ မှေးမှိန်သွားမှာစိုးလို့ပါ…

Zawgyi







megaup.net (Megaup.net) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *