Goosebumps (2015)

15175
Share
Copy the link

ဒီဇာတ်လမ်းအစမှာတော့ ဇက်ဆိုတဲ့ကောင်လေးဟာသူ့အမေနဲ့အတူ မူလနေထိုင်ရာမြို့ပြကြီးကနေမက်ဒီဆင် ဒယ်လဝဲလ်မြို့ကိုပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်…ဇက်တစ်ယောက် ခြံထဲမှာ ပစ္စည်းအထုပ်အပိုးတွေကို အိမ်ထဲသို့ပြောင်းရွှေ့နေခိုက်မှာတစ်ဖက်ခြံမှ ဟန်နာလို့ခေါ်တဲ့ကောင်မလေးနဲ့ သိကျွမ်းသွားခဲ့ပါတယ်…

ဒါပေမယ့် ဟန်နာ့ရဲ့ထူးဆန်းတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်ကဇက်ကိုသူတို့ မိသားစုနဲ့မပတ်သတ်ပဲ ခပ်ဝေးဝေးမှာနေဖို့ပြောပါတယ်…တစ်ညမှာတော့ ဇက်ဟာ ဟန်နာ့ကိုသူ့အဖေက နှိပ်စက်နေတယ်လို့သံသယရှိတာကြောင့်အကြောင်းစုံသိရအောင်လို့ သူ့ရဲ့မြို့သစ်မှသူငယ်ချင်းဖြစ်သူချန့်နဲ့အတူ ဟန်နာရဲ့အိမ်ထဲသို့ခိုးဝင်လာခဲ့ပါတယ်…

အဲ့မှာမထင်မှတ်ဘဲ စတိုင်းလ်ရဲ့စာအုပ်စင်မှသော့ခတ်ထားတဲ့စာအုပ်တစ်အုပ်ကိုဖွင့်ကြည့်မိရာ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေ အသက်ဝင်ပြီးထွက်လာပါတော့တယ်…ဒီလိုနဲ့ ဇက်၊ ဟန်နာ၊ ချန့်နဲ့ ဟန်နာ့ရဲ့အဖေစတိုင်းလ်တို့တတွေမကောင်းဆိုးဝါးတွေကိုပြန်လည်ဖမ်းဆီးရမယ့်တာဝန်ရှိလို့လာပါတယ်…

ဘာလို့များ စာအုပ်ထဲကနေမကောင်းဆိုးဝါးတွေထွက်လာရတာလဲ၊ဟန်နာ့ရဲ့ထူးဆန်းလှတဲ့အဖေဖြစ်သူ အာအယ်လ်စတိုင်းလ်ရဲ့သရုပ်မှန်ကရော ဘာများလဲ၊မကောင်းဆိုးဝါးတွေကသူတို့ကိုဘယ်လိုဒုက္ခပေးမလဲ၊အဲ့မကောင်းဆိုးဝါးတွေကိုဘယ်လိုပြန်ဖမ်းဆီးမယ်ဆိုတာကိုဒီ “Goosebumps” ဆိုတဲ့ကားလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်

Zawgyi

ဒီဇာတ္လမ္းအစမွာေတာ့ ဇက္ဆိုတဲ့ေကာင္ေလးဟာသူ႔အေမနဲ႔အတူ မူလေနထိုင္ရာၿမိဳ႕ျပႀကီးကေနမက္ဒီဆင္ ဒယ္လဝဲလ္ၿမိဳ႕ကိုေျပာင္းေ႐ႊ႕လာတာနဲ႔အစပ်ိဳးထားပါတယ္…ဇက္တစ္ေယာက္ ၿခံထဲမွာ ပစၥည္းအထုပ္အပိုးေတြကို အိမ္ထဲသို႔ေျပာင္းေ႐ႊ႕ေနခိုက္မွာတစ္ဖက္ၿခံမွ ဟန္နာလို႔ေခၚတဲ့ေကာင္မေလးနဲ႔ သိကြၽမ္းသြားခဲ့ပါတယ္…

ဒါေပမယ့္ ဟန္နာ့ရဲ႕ထူးဆန္းတဲ့အေဖျဖစ္သူ အာအယ္လ္စတိုင္းလ္ကဇက္ကိုသူတို႔ မိသားစုနဲ႔မပတ္သတ္ပဲ ခပ္ေဝးေဝးမွာေနဖို႔ေျပာပါတယ္…တစ္ညမွာေတာ့ ဇက္ဟာ ဟန္နာ့ကိုသူ႔အေဖက ႏွိပ္စက္ေနတယ္လို႔သံသယရွိတာေၾကာင့္အေၾကာင္းစုံသိရေအာင္လို႔ သူ႔ရဲ႕ၿမိဳ႕သစ္မွသူငယ္ခ်င္းျဖစ္သူခ်န႔္နဲ႔အတူ ဟန္နာရဲ႕အိမ္ထဲသို႔ခိုးဝင္လာခဲ့ပါတယ္…

အဲ့မွာမထင္မွတ္ဘဲ စတိုင္းလ္ရဲ႕စာအုပ္စင္မွေသာ့ခတ္ထားတဲ့စာအုပ္တစ္အုပ္ကိုဖြင့္ၾကည့္မိရာ စာအုပ္ထဲကေနမေကာင္းဆိုးဝါးေတြ အသက္ဝင္ၿပီးထြက္လာပါေတာ့တယ္…ဒီလိုနဲ႔ ဇက္၊ ဟန္နာ၊ ခ်န႔္နဲ႔ ဟန္နာ့ရဲ႕အေဖစတိုင္းလ္တို႔တေတြမေကာင္းဆိုးဝါးေတြကိုျပန္လည္ဖမ္းဆီးရမယ့္တာဝန္ရွိလို႔လာပါတယ္…

ဘာလို႔မ်ား စာအုပ္ထဲကေနမေကာင္းဆိုးဝါးေတြထြက္လာရတာလဲ၊ဟန္နာ့ရဲ႕ထူးဆန္းလွတဲ့အေဖျဖစ္သူ အာအယ္လ္စတိုင္းလ္ရဲ႕သ႐ုပ္မွန္ကေရာ ဘာမ်ားလဲ၊မေကာင္းဆိုးဝါးေတြကသူတို႔ကိုဘယ္လိုဒုကၡေပးမလဲ၊အဲ့မေကာင္းဆိုးဝါးေတြကိုဘယ္လိုျပန္ဖမ္းဆီးမယ္ဆိုတာကိုဒီ “Goosebumps” ဆိုတဲ့ကားေလးမွာ ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ၾကည့္ရႈရမွာပဲျဖစ္ပါတယ္

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

2 thoughts on “Goosebumps (2015)

Comments

Your email address will not be published. Required fields are marked *