Gosnell: The Trial of America’s Biggest Serial Killer (2019)

15952
Share
Copy the link

ဒီဇာတ်ကားကတော့ ဇာတ်ကားနာမည်ကြည့်တာနဲ့ တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။ဇာတ်ကားရဲ့နာမည်ကမှာ သုံးထားတဲ့ အမေရိကန်နိုင်ငံရဲ့အကြီးမားဆုံးကွင်းဆက်လူသတ်သမား ဆိုတာ Kermit Gosnell လို့ခေါ်တဲ့ ဆရာဝန်ပါ။ဆရာဝန်ဆိုပေမယ့် ရိုးရိုးဆရာဝန်မဟုတ်ပါဘူး၊ ကိုယ်ဝန်ဖျက်ချပေးတဲ့ဆရာဝန်ပါ။

ကိုယ်ဝန်ဖျက်ချပေးတာဟာ ကျွန်တော်တို့နိုင်ငံမှာ တရားမဝင်ပေမယ့် အမေရိကန်နိုင်ငံမှာတော့ တရားဝင်ပြုလုပ်ခွင့်ပေးထားတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။တရားဝင်ဆိုပေမယ့် ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကတော့ တင်းကျပ်ပါတယ်။

Kermit Gosnell ကတော့ အဲဒီစည်းမျဉ်းတွေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။ကိုယ်ဝန်ဆောင်ကာလခြောက်လကျော်ရင် ဖျက်ချပေးခွင့်မရှိတာကို ဖျက်ချပေးတယ်။သတ်မှတ်ဦးရေထက်ပိုပြီး လက်ခံပေးတယ်။ဖျက်ချတဲ့နေရာမှာလည်း ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် သူ့ဆေးခန်းကသူနာပြုတွေကလည်း အတွေ့အကြုံမရှိတဲ့သူတွေ၊ စနစ်တကျလေ့လာသင်ယူမှုမရှိခဲ့တဲ့သူတွေချည်းပါပဲ။Kermit Gosnell ဆိုတဲ့ဆရာဝန်ကို ရဲတွေသံသယစရှိတဲ့အမှုက မူးယစ်ဆေးဝါးမှုပါ။

မူးယစ်ဆေးဝါးမှုနဲ့လိုက်ရင်း သူ့ဆေးခန်းမှာ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ဖူးတဲ့အကြောင်းကို သိရှိသွားတဲ့အခါမှာတော့ Philadelphia ရဲတပ်ဖွဲ့စုံထောက် James Wood ဟာ လူသတ်မှုဖြစ်နေနိုင်တယ်လို့ သံသယရှိသွားတဲ့အတွက် ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုစုံစမ်းစစ်ဆေးရင်းနဲ့ပဲ သူကျူးလွန်ခဲ့တဲ့အမှုတွေဟာ မီးခိုးကြွက်လျှောက်ပေါ်လာပါတော့တယ်။Kermit Gosnell ကျူးလွန်ခဲ့တဲ့အမှုဆိုတာကတော့ ကိုယ်ဝန်ဖျက်ချတဲ့နေရာမှာချမှတ်ထားတဲ့ တရားဝင်စည်းမျဉ်းတွေကို မလိုက်နာဘဲ သန္ဓေသားကိုအရင်ဖွားအောင်လုပ် မိခင်ဝမ်းရဲ့အပြင်ကိုရောက်လာမှ ရက်ရက်စက်စက်သတ်ပစ်တာပါပဲ။

Gosnell ရဲ့ရက်စက်ကြမ်းကြုပ်မှုတွေကို မခံနိုင်တဲ့ ခရိုင်ရှေ့နေ Alexis McGuire ဟာ အဲဒီမှာပဲGosnell ကိုတရားရုံးတင်ပြီး တရားစွဲဆိုဖို့ကြိုးစားပါတော့တယ်။ဒီလိုတရားစွဲရတဲ့ကိစ္စဟာ လုံးဝမလွယ်ကူခဲ့ပါဘူး။

အကယ်၍တရားခွင်မှာ သူရှုံးနိမ့်သွားခဲ့ရင် Gosnell ဟာလူမည်းဖြစ်နေတဲ့အတွက် သူ့ကိုလူမျိုးရေးခွဲခြားသူလို့တံဆိပ်နှိပ်ခံရမယ့်အပြင် အလုပ်ပါပြုတ်သွားနိုင်တဲ့အခြေအနေရှိပါတယ်။သို့ပေမယ့် ရှေ့နေ Alexis McGuire ဟာ တရားမျှတမှုအတွက် အရာအားလုံးကိုစွန့်စားပြီး ရဲရဲဝင့်ဝင့်တရားရင်ဆိုင်ခဲ့ပါတယ်။

တရားရုံးမှာ စွဲချက်တင်ဖို့ကြိုးပမ်းပုံတွေကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ပြီးကြည့်ရှုလိုက်ကြပါ။

Zawgyi

ဒီဇာတ္ကားကေတာ့ ဇာတ္ကားနာမည္ၾကည့္တာနဲ႔ တကယ့္ျဖစ္ရပ္မွန္ကို ျပန္႐ိုက္ထားတယ္ဆိုတာကို သိႏိုင္ပါတယ္။ဇာတ္ကားရဲ႕နာမည္ကမွာ သုံးထားတဲ့ အေမရိကန္ႏိုင္ငံရဲ႕အႀကီးမားဆုံးကြင္းဆက္လူသတ္သမား ဆိုတာ Kermit Gosnell လို႔ေခၚတဲ့ ဆရာဝန္ပါ။ဆရာဝန္ဆိုေပမယ့္ ႐ိုး႐ိုးဆရာဝန္မဟုတ္ပါဘူး၊ ကိုယ္ဝန္ဖ်က္ခ်ေပးတဲ့ဆရာဝန္ပါ။

ကိုယ္ဝန္ဖ်က္ခ်ေပးတာဟာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ တရားမဝင္ေပမယ့္ အေမရိကန္ႏိုင္ငံမွာေတာ့ တရားဝင္ျပဳလုပ္ခြင့္ေပးထားတဲ့လုပ္ငန္းပဲျဖစ္ပါတယ္။တရားဝင္ဆိုေပမယ့္ ခ်မွတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြကေတာ့ တင္းက်ပ္ပါတယ္။

Kermit Gosnell ကေတာ့ အဲဒီစည္းမ်ဥ္းေတြကို လိုက္နာျခင္းမရွိခဲ့ပါဘူး။ကိုယ္ဝန္ေဆာင္ကာလေျခာက္လေက်ာ္ရင္ ဖ်က္ခ်ေပးခြင့္မရွိတာကို ဖ်က္ခ်ေပးတယ္။သတ္မွတ္ဦးေရထက္ပိုၿပီး လက္ခံေပးတယ္။ဖ်က္ခ်တဲ့ေနရာမွာလည္း ျပဌာန္းထားတဲ့ လုပ္ငန္းစဥ္ေတြကို လိုက္နာျခင္းမရွိခဲ့ပါဘူး။

ဒါ့အျပင္ သူ႔ေဆးခန္းကသူနာျပဳေတြကလည္း အေတြ႕အႀကဳံမရွိတဲ့သူေတြ၊ စနစ္တက်ေလ့လာသင္ယူမႈမရွိခဲ့တဲ့သူေတြခ်ည္းပါပဲ။Kermit Gosnell ဆိုတဲ့ဆရာဝန္ကို ရဲေတြသံသယစရွိတဲ့အမႈက မူးယစ္ေဆးဝါးမႈပါ။

မူးယစ္ေဆးဝါးမႈနဲ႔လိုက္ရင္း သူ႔ေဆးခန္းမွာ အမ်ိဳးသမီးတစ္ေယာက္ ေသဆုံးခဲ့ဖူးတဲ့အေၾကာင္းကို သိရွိသြားတဲ့အခါမွာေတာ့ Philadelphia ရဲတပ္ဖြဲ႕စုံေထာက္ James Wood ဟာ လူသတ္မႈျဖစ္ေနႏိုင္တယ္လို႔ သံသယရွိသြားတဲ့အတြက္ ဆက္လက္ၿပီးစုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒီလိုစုံစမ္းစစ္ေဆးရင္းနဲ႔ပဲ သူက်ဴးလြန္ခဲ့တဲ့အမႈေတြဟာ မီးခိုးႂကြက္ေလွ်ာက္ေပၚလာပါေတာ့တယ္။Kermit Gosnell က်ဴးလြန္ခဲ့တဲ့အမႈဆိုတာကေတာ့ ကိုယ္ဝန္ဖ်က္ခ်တဲ့ေနရာမွာခ်မွတ္ထားတဲ့ တရားဝင္စည္းမ်ဥ္းေတြကို မလိုက္နာဘဲ သေႏၶသားကိုအရင္ဖြားေအာင္လုပ္ မိခင္ဝမ္းရဲ႕အျပင္ကိုေရာက္လာမွ ရက္ရက္စက္စက္သတ္ပစ္တာပါပဲ။

Gosnell ရဲ႕ရက္စက္ၾကမ္းၾကဳပ္မႈေတြကို မခံႏိုင္တဲ့ ခ႐ိုင္ေရွ႕ေန Alexis McGuire ဟာ အဲဒီမွာပဲGosnell ကိုတရား႐ုံးတင္ၿပီး တရားစြဲဆိုဖို႔ႀကိဳးစားပါေတာ့တယ္။ဒီလိုတရားစြဲရတဲ့ကိစၥဟာ လုံးဝမလြယ္ကူခဲ့ပါဘူး။

အကယ္၍တရားခြင္မွာ သူရႈံးနိမ့္သြားခဲ့ရင္ Gosnell ဟာလူမည္းျဖစ္ေနတဲ့အတြက္ သူ႔ကိုလူမ်ိဳးေရးခြဲျခားသူလို႔တံဆိပ္ႏွိပ္ခံရမယ့္အျပင္ အလုပ္ပါျပဳတ္သြားႏိုင္တဲ့အေျခအေနရွိပါတယ္။သို႔ေပမယ့္ ေရွ႕ေန Alexis McGuire ဟာ တရားမွ်တမႈအတြက္ အရာအားလုံးကိုစြန႔္စားၿပီး ရဲရဲဝင့္ဝင့္တရားရင္ဆိုင္ခဲ့ပါတယ္။

တရား႐ုံးမွာ စြဲခ်က္တင္ဖို႔ႀကိဳးပမ္းပုံေတြကိုေတာ့ ဇာတ္ကားထဲမွာ ဆက္လက္ၿပီးၾကည့္ရႈလိုက္ၾကပါ။

(Direct Link) Large Size ~ Download

(Mega) Large Size ~ Coming Soon

(Mega) Small Size ~ Coming Soon

(Megaup.net) Large Size ~ Download

(Megaup.net) Small Size ~ Coming Soon

Comments

Your email address will not be published. Required fields are marked *