Greenland (2020)

16605
Share
Copy the link

ကြယ်ကြွေတာက ဆုတောင်းပြည့်တယ်ဆိုပြီး လူတော်တော်များများက တောင်းဆုပြုတတ်ကြပါတယ်။ ကြယ်ကြွေတာက အလွန်လှတာကြောင့် ကြယ်ကြွေတာကိုတကူးတကစောင့်ကြည့်တတ်ကြသူတွေလည်း ရှိပါတယ်။ တကယ်တော့ မာယာများလှတဲ့ အာကာသလောကကြီးက လူတွေတွေးထင်ထားသလို အမြဲမလှပနေပါဘူး။

အခုဒီ Greenland ဆိုတဲ့ရုပ်ရှင်ကတော့ ကြယ်ကြွေတာနဲ့ပတ်သတ်ပြီး လူတွေကပ်ဘေးဆိုက်ရတဲ့အဖြစ်အပျက်ကို ရိုက်ကူးပုံဖော်ထားတာပါ။ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ဂျွန်အလန်ဂရက်တီတို့မိသားစုဆီကို ဘေးကင်းရာကိုရွှေ့ပြောင်းဖို့အတွက် အသိပေးတဲ့ဖုန်းဝင်လာပါတယ်။

ဖုန်းထဲမှာတော့ ဂျွန်တို့ကိုဘေးကင်းရာကိုရွှေ့ပြောင်းဖို့အတွက် လိုအပ်တာတွေယူပြီး ရော်ဘင်လေတပ်ဌာနချုပ်ကိုလာခိုင်းပါတယ်။ဒီအချိန်မှာတော့ သိပ္ပံပညာရှင်တွေက ကလာ့ခ်ဆိုတဲ့ကြယ်တံခွန်က ကမ္ဘာကိုလာမှန်ခဲ့ရင်တောင် သမုဒ္ဒရာထဲကိုကျမှာဖြစ်လို့ စိတ်ပူစရာမလိုဘူးလို့ တွက်ချက်ထားကြတာပါ။

အိမ်နီးချင်းအားလုံးမှာမှ ဂျွန်ဆီကိုပဲ တိုက်တိုက်ဆိုင်ဆိုင်ဆက်သွယ်တာကြောင့် ယုံရခက်မယုံရခက်ဖြစ်နေချိန်မှာ သိပ္ပံပညာရှင်တွေရဲ့ တွက်ဆမှုနဲ့လွဲချော်ပြီး ကြယ်တံခွန်အပိုင်းအစတစ်ခုက ဖလော်ရီဒါကိုထိမှန်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။

သမ္မတရုံးကရော ကယ်ဆယ်ရေးကိုဘာကြောင့် တရားဝင်မကြေညာတာလဲ။ ကိုယ့်ရဲ့သေရေးရှင်ရေးနဲ့ယှဉ်လာတဲ့အခါ လူတိုင်းလူတိုင်းကရော သဘောထားကြီးကိုယ်ချင်းစာနိုင်မှာလား။ ဂျွန်တို့ရော ဘေးကင်းရာကိုလွတ်မြောက်သွားနိုင်မလားဆိုတာကို Greenland ဆိုတဲ့ရုပ်ရှင်ကိုကြည့်ရင်း အဖြေရှာလိုက်ကြရအောင်ပါ။

Zawgyi

ၾကယ္ေႂကြတာက ဆုေတာင္းျပည့္တယ္ဆိုၿပီး လူေတာ္ေတာ္မ်ားမ်ားက ေတာင္းဆုျပဳတတ္ၾကပါတယ္။ ၾကယ္ေႂကြတာက အလြန္လွတာေၾကာင့္ ၾကယ္ေႂကြတာကိုတကူးတကေစာင့္ၾကည့္တတ္ၾကသူေတြလည္း ရွိပါတယ္။ တကယ္ေတာ့ မာယာမ်ားလွတဲ့ အာကာသေလာကႀကီးက လူေတြေတြးထင္ထားသလို အၿမဲမလွပေနပါဘူး။

အခုဒီ Greenland ဆိုတဲ့႐ုပ္ရွင္ကေတာ့ ၾကယ္ေႂကြတာနဲ႔ပတ္သတ္ၿပီး လူေတြကပ္ေဘးဆိုက္ရတဲ့အျဖစ္အပ်က္ကို ႐ိုက္ကူးပုံေဖာ္ထားတာပါ။ အေမရိကန္ျပည္ေထာင္စုမွာေနထိုင္တဲ့ ဂြၽန္အလန္ဂရက္တီတို႔မိသားစုဆီကို ေဘးကင္းရာကိုေ႐ႊ႕ေျပာင္းဖို႔အတြက္ အသိေပးတဲ့ဖုန္းဝင္လာပါတယ္။

ဖုန္းထဲမွာေတာ့ ဂြၽန္တို႔ကိုေဘးကင္းရာကိုေ႐ႊ႕ေျပာင္းဖို႔အတြက္ လိုအပ္တာေတြယူၿပီး ေရာ္ဘင္ေလတပ္ဌာနခ်ဳပ္ကိုလာခိုင္းပါတယ္။ဒီအခ်ိန္မွာေတာ့ သိပၸံပညာရွင္ေတြက ကလာ့ခ္ဆိုတဲ့ၾကယ္တံခြန္က ကမာၻကိုလာမွန္ခဲ့ရင္ေတာင္ သမုဒၵရာထဲကိုက်မွာျဖစ္လို႔ စိတ္ပူစရာမလိုဘူးလို႔ တြက္ခ်က္ထားၾကတာပါ။

အိမ္နီးခ်င္းအားလုံးမွာမွ ဂြၽန္ဆီကိုပဲ တိုက္တိုက္ဆိုင္ဆိုင္ဆက္သြယ္တာေၾကာင့္ ယုံရခက္မယုံရခက္ျဖစ္ေနခ်ိန္မွာ သိပၸံပညာရွင္ေတြရဲ႕ တြက္ဆမႈနဲ႔လြဲေခ်ာ္ၿပီး ၾကယ္တံခြန္အပိုင္းအစတစ္ခုက ဖေလာ္ရီဒါကိုထိမွန္တဲ့အခါ ဘာေတြဆက္ျဖစ္ၾကမလဲ။

သမၼတ႐ုံးကေရာ ကယ္ဆယ္ေရးကိုဘာေၾကာင့္ တရားဝင္မေၾကညာတာလဲ။ ကိုယ့္ရဲ႕ေသေရးရွင္ေရးနဲ႔ယွဥ္လာတဲ့အခါ လူတိုင္းလူတိုင္းကေရာ သေဘာထားႀကီးကိုယ္ခ်င္းစာႏိုင္မွာလား။ ဂြၽန္တို႔ေရာ ေဘးကင္းရာကိုလြတ္ေျမာက္သြားႏိုင္မလားဆိုတာကို Greenland ဆိုတဲ့႐ုပ္ရွင္ကိုၾကည့္ရင္း အေျဖရွာလိုက္ၾကရေအာင္ပါ။

Comments

Your email address will not be published. Required fields are marked *