Gripped: Climbing the Killer Pillar (2020)

17509
Share
Copy the link

ဒီဇာတ်ကားလေးကိုတော့ Director – Benjamin Galland က ရိုက်ကူးထားတာဖြစ်ပြီးတော့ မင်းသား Kaiwi Lym🏻 နဲ့ မင်းသမီး Amanda Maddox တို့က အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်

ဇာတ်လမ်းအမျိုးအစားလေးကတော့ Adventure အမျိုးအစားဖြစ်ပြီး ရင်တုန်တုန်နဲ့ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်

ဇာတ်ကားကိုတော့ ကယ်လီဖိုးရီးယားက တောင်တွေမှာသွားရိုက်ထားတာဖြစ်ပြီးတော့ CGI Effect မသုံးပဲ တကယ်တောင်တက်နေတာကို ရိုက်ပြထားတာဖြစ်ပါတယ် တကယ်အလန်းကြီးပါ

အဲ့တော့ ဇာတ်လမ်းအကျဉ်းကတော့ Rose အနေနဲ့သရုပ်ဆောင်မယ့် မင်းသမီးAmanda က Gym မှာ တောင်တက်တဲ့နည်းပြပါ

သူက တကယ့်ကျောက်တောင်တွေကိုတက်ဖို့ ကယ်လီဖိုးနီးယားကို သူ့သူငယ်ချင်း Jade နဲ့လာခဲ့တဲ့အခါမှာ မင်းသား Bret နဲ့တွေ့ကြတာက စပါတယ် Bret က အဲ့ကအလွတ်တန်းတောင်တက်သမားတစ်ယောက်ပါ

သူတို့နှစ်ယောက် ကျောက်တစ်ခုကို တူတူတက်နိုင်သွားတဲ့အခါ နောက်ထပ်စိန်ခေါ်မှုအနေနဲ့ Killer Pillar လို့ခေါ်တဲ့ လမ်းကြောင်းတစ်ခုကို တက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်

အဲ့ ပေ၁၀၀၀ မြင့်တဲ့တောင်ကို တက်တဲ့အခါမှာ သူတို့ကြုံရမယ့် အခက်အခဲတွေ ဘာပြဿနာတွေတက်ကြသလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

ဒီကားကိုကြည့်ပြီးရင်တော့ သင်ကျောက်တောင်တက်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာနိုင်ပါတယ်

တကယ့်တောင်တွေဆီကိုသွား ရိုက်ထားတာမို့လို့ ရှုခင်းတွေလည်းတကယ်မိုက်ပါတယ်တောင်တက်သမားတွေရဲ့ ဇွဲ သစ္စာရှိမှု နဲ့ အပင်ပန်းဆင်းရဲခံနိုင်မှုကိုပါ တွေ့ရှိရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်

တကယ့် စွန့်စားခန်းတွေ စိတ်လှုပ်ရှားမှုတွေကို ခံစားချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ

Zawgyi











(Direct Link) Large Size ~ Download

(Mega) Large Size ~ Download

(Mega) Small Size ~ Download

(Megaup.net) Large Size ~ Coming Soon

(Megaup.net) Small Size ~ Coming Soon

Comments

Your email address will not be published. Required fields are marked *