Gully Boy (2019)
15079အခုမိတ်ဆက်ပေးမဲ့ Gully Boy ဆိုတဲ့ ရုပ်ရှင်ကတော့ အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ မွတ်ဆလင် ကောင်လေးအကြောင်းကို ရိုက်ပြထားတာပါ…. သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီးသူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်…..
ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်…..မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်…
သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကိုသူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ
ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်….
တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ နှစ်အရွယ်ကတည်းကနေ သစ္စာရှိရှိတွဲလာတဲ့ သူဌေးသမီးဆရာဝန်မလေးပါ သူ ဂီတအလုပ်တွေ လုပ်တဲ့အချိန်မှာ အဆင်ပြေပါ့မလား သူတို့ ၂ ဦး အချစ်ဇာတ်လမ်းကရောဘယ်လို ဖြစ်သွားမှာလဲ ဇာတ်နာခဲ့တဲ့ မူရတ်တစ်ယောက် အမြဲငိုနေရတဲ့ သူ့အမေဖြစ်သူကိုရော ဆင်းရဲတွင်းကကယ်တင်နိုင်ရဲ့လားဆိုတာ ဆက်လက်ကြည့်ရှုကြပါ
rap သီချင်းမြောက်မြားစွာနဲ့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတဲ့ ဂီတကားကောင်းတစ်ခုပါ IMDB rating 8.4 ထိ ရထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့လက်မလွတ်တန်း ကြည့်ရှုကြဖို့ ညွှန်းပေးချင်ပါတယ်…..
Zawgyi


(Megaup.net) Large Size ~ Download
(Yoteshin) Large Size ~ Download