Happy Ghost 4 (1990)

18816
Share
Copy the link

1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Happy Ghost 4 ဖြစ်ပါတယ်..ဒီကားက Happy Ghost 3 အနောက်က ထွက်ခဲ့တယ်ဆိုပေမယ့်ဇာတ်လမ်းဇာတ်ကွက်တွေဘာမှဆက်စပ်မှုမရှိပါဘူး..

အကြောင်းအရာသီးသန့်သာဖြစ်ပါတယ်…အရှေ့တုန်းက ထွက်ခဲ့တဲ့ ၁ , ၂ , ၃ ကလည်းမင်းသားပဲတူပြီးဇာတ်လမ်းဇာတ်ကွက်တူညီခြင်းမရှိလို့ ကြည့်ရတာကြောင်တောင်တောင်ဖြစ်နေမှာမဟုတ်ပါဘူးဒါပေမယ့်ဒီကားကို မကြည့်ခင် Happy Ghost 3 ကိုအရင်ကြည့်ပါလို့ကြိုပြောပါရစေကြည့်ရတာပိုပြီးအရသာရှိအောင်ပါ…

Happy Ghost Series တွေကကြာလှပြီဖြစ်တဲ့အတွက် အကြည်ကို ရှာဖို့အရမ်းခက်ခဲပါတယ်ဒါကြောင့် တွေ့ဖူးသမျှထဲမှာ အကြည်ဆုံး Version ကိုသာဒေါင်းပြီးဘာသာပြန်ရတာဖြစ်တဲ့အတွက် နည်းနည်းတော့ကွာလတီ ဝါးပါတယ်..

ခွင့်လွှတ်ပေးကြပါ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်ချင်မင်းဆက်ခေတ်တုန်းက လူတစ်ယောက်ကပညာရှိစာမေးပွဲကိုအကြိမ်ကြိမ်ဖြေဆိုခဲ့ပေမယ့်အောင်မြင်ခြင်းမရှိပဲ..နောက်ဆုံးမှာသူ့မိန်းမကိုယ်တိုင်ကထားရစ်ခဲ့လည်း စိတ်ကျရောဂါဖြစ်ပြီးတဲ့နောက်ဘုရားကျောင်းပျက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေခဲ့ပါတယ်

လူပြန်ဝင်စားခွင့်မရပဲနဲ့ ကြိုးပေါ်မှာပဲတွယ်ကပ်နေခဲ့ပါတယ်တစ်နေ့မှာ မြို့ကကျောင်းသားအဖွဲ့တစ်ဖွဲ့လာရောက်အပန်းဖြေရာကနေကြိုးကိုသယ်ဆောင်သွားပြီး Happy Ghost က မြို့ကိုရောက်ရှိသွားပါတယ်ကျောင်းသားအဖွဲ့ကကောင်မလေးတွေနဲ့သိရှိပြီး ဘဝရဲ့ အဓိပ္ပါယ်တွေကိုသေချာစွာ နားလည်သင်ယူနိုင်ခဲ့လို့လူပြန်ဝင်စားခွင့်ရရှိခဲ့ပါတယ်

ဒါက အပိုင်း ၁ ပါ..အပိုင်း ၂ ကနေ ၄ အထိက လူပြန်ဝင်စားပေမယ့်Happy Ghost က ပြန်ဝင်စားတဲ့လူရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ဆက်ပြီးရှိနေတဲ့အကြောင်းတွေပါ……..

ဒီနံပါတ်လေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့ချင်မင်းဆက်ခေတ်တုန်းက စစ်သူကြီးတစ်ယောက်မိစ္ဆာဝိဉာဉ်အဖြစ်ဒီဘက်ခေတ်ကိုရောက်ရှိလာပြီးသောင်းကျန်းပုံလေးတွေကိုဟာသနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ် ကြည့်ရှုလိုက်ပါဦး

Zawgyi








megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *