Heart Attack (2015)

15523
Share
Copy the link

ဒီရုပ်ရှင်ကားကို ပိုစတာ မြင်ရုံနဲ့ စိတ်ဝင်စားခဲ့တယ် ကောင်းကောကောင်းရဲ့လား အရည်မရ အဖတ်မရတွေလားလို့တွေးထင်ခဲ့ဖူးတယ် ….အရင်ဆုံး သိလိုက်ရတာကတော့ IMDb မှာ 7.8 Rating ရရှိထားတာပါ။

Asia ရုပ်ရှင်ကားတွေမှာ အတော်ရှားပါးတဲ့ Rate မျိုးပေါ့….i Fine i Thank I Love U ထဲက မင်းသား အပါအဝင် Pee Mak ရုပ်ရှင်ကားထဲမှ မင်းသမီး ပါဝင်ပါတယ်..

ဇတ်လမ်းပုံစံ အစပျိုးထားတာကတော့ ယွန်း ဆိုတဲ့ ကောင်လေးက ဂရစ်ဖစ်ဒီဇိုင်နာပါ သူဟာ အလုပ်အလွန်ကြိုးစားသူဖြစ်ပြီးအလုပ်တစ်ခုလုပ်ရင် ဇွဲရှိရှိလုပ်တာမို့ ညမအိပ်တန်း လုပ်ဖြစ်ပေမယ့် သူ နောက်ဆုံး လုပ်နေတဲ့ အလုပ်ဟာဘယ်လောက်အောင် ညမအိပ်ပဲ လုပ်လဲဆို ၄ ရက်ခွဲ တိတိ သူမအိပ်ပဲ အလုပ်အပ်သူ စိတ်တိုင်းကျ ပုံတွေ ပြင်ပေးခဲ့ပါတယ်

အလုပ်အပ်သူက သဘောကျပေမယ့် သူ့ရဲ့ အိပ်ချိန်တွေဟာ ဆုံးရှုံးခဲ့ပါတယ် ဒါကိုပဲ ယွန်းက ဂုဏ်ယူနေတက်သူပါကမ္ဘာပေါ်မှာ အလုပ်လုပ်နိုင်ဆုံး လူသား ညမအိပ်တဲ့ သူဆိုပြီးတော့ပေါ့….

ယွန်း ကို အလုပ်အပ်သူတွေ နဲ့ ချိတ်ဆက်ပေးတာကတော့ ယွန်း ရဲ့ BFF ဖြစ်တဲ့ ဂျဲလ် ပါအလုပ်အရမ်းများတဲ့ ယွန်း မှာ ဂျဲ ဆိုတဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းကောင်မလေးပဲ ရှိပြီး လူမှုရေး ကိစ္စတွေ မှာအချိန်မပေးနိုင်လို့ ယွန်း ကို ဘယ်သူငယ်ချင်းကမှ အပေါင်းအသင်းမလုပ်ပါဘူး…

တစ်ရက်မှာတော့ သူ ငွေကြေးနဲ့ လဲလှယ်ခဲ့တဲ့ သူ့အချိန်တွေကတေ ကျန်းမာရေး ထိခိုက်မှုတွေဖြစ်လာခဲ့ပါတယ်ဟုတ်ပါတယ် ယွန်း ရဲ့ ကိုယ်မှာ အနီစက် မြောက်များစွာ ပေါ်လာပြီး ယားနာလိုတွေ ဖြစ်လာပါတယ် အစက သိပ်မသိသာပေမယ့်နောက်ပိုင်းရောဂါ ပိုဆိုးလာလို့ အပြင်ဆေးရုံမှာ သွားပြတဲ့ အခါ ဘတ် ၇၀၀၀ ကျော် ကျသွားပါတယ်

မြန်မာငွေနဲ့ဆိုရင် ၂ သိန်း နီးပါး ပါ ဒါပေမယ့် ထိုဆေးတွေ နဲ့လဲ သူမသက်သာတဲ့ အခါOnline မှာ လိုက်ရှာဖွေတဲ့အခါ ရောဂါ သက်သာပြီး စရိတ်စက နည်းတဲ့ ပြည်သူ့ဆေးရုံကိုရောက်သွားပါတယ်အဲ့ဒီမှာ အရေပြား ဆရာဝန်ဖြစ်တဲ့ ဒေါက်တာအမ် နဲ့ စတွေ့ရပါတော့တယ်…

ဒေါက်တာ အမ် က ယွန်း ကို အလုပ် က ဘ၀ မဟုတ်ကြောင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ ဆေးသောက်ဖို့ အပြင်စိတ်ပျော်ရွှင်ဖို့ ကျန်းမာဖို့ နေထိုင်နည်းတွေပါ ပေးလိုက်ပါတယ်

ဒါပေမယ့် အလုပ်အရမ်းများလွန်းတဲ့ ယွန်း ဟာဘယ်သူ့ စကားမှ နားမထောင်ပေမယ့် ဒေါက်တာအမ် နှင့် စတွေ့ပြီး နောက်ပိုင်း အတည်တကျ ဖြစ်နေတဲ့အလုပ်ချိန်တွေ ဇယားတွေ နဲ့ ပြည့်နေတဲ့ သူ့ဘ၀ ဟာ ကမောက်ကမ တွေ စဖြစ်လာပါတော့တယ်…

Zawgyi










mega.nz (Mega) Large Size ~ Download

mega.nz (Mega) Small Size ~ Download

megaup.net (Megaup.net) Large Size ~ Download

megaup.net (Megaup.net) Small Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

usersdrive.com (Users Drive) Small Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

yoteshinportal.cc (Yoteshin) Small Size ~ Download

Comments

Your email address will not be published. Required fields are marked *