Hitch (2005)

17362
Share
Copy the link

(Warning – FA များ၊ ရည်းစားမရှိသူများ စိတ်မခိုင်လျှင် မကြည့်သင့်ပါ။ အခန့်မသင့်လျှင်ဤကားကြည့်ပြီး မကြာခင် ရည်းစားရသွားနိုင်ပါသည် ရည်းစားရှိသော်လည်း မိန်းကလေးတွေအကြောင်း အထာမနပ်သူများ ကြည့်သင့်ကြည့်ထိုက်သော ကားကောင်းတစ်ကားဖြစ်သည်)

ဒီကားလေးကို ကြည့်ပြီးသွားကြရင်တော့…ယောက်ျားလေး အများစု မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး “ငါမဖြစ်နိုင်ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်လောက်ပါဘူးကွာ” ဆိုတဲ့ ခံယူချက်၊
ခံစားချက်တွေ လျော့ပါးသွားမှာတော့အသေအချာပါပဲ

ဒီကားထဲမှာ ကျွန်တော်တို့ ယောက်ျားလေးအများစုအတွက် ကိုယ်ချစ်ကြိုက်နေတဲ့ ခွက်နေတဲ့မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့ဆိုတာ ဘယ်လောက်တောင်မလွယ်လိုက်လဲဆိုတာ တွေ့ရပါလိမ့်မယ်…

(လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ် ခေတ်ကြီးထဲမှာ ဒီစကားက ရယ်စရာလဲဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်)ဒီဇာတ်ကားလေးထဲမှာ…* မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်ကြိုက်မိသွားရင် မိန်းမကျမ်းကျေပါတယ်ဆိုတဲ့သူတောင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်တတ်ပုံတွေ…

မိန်းကလေးတွေ ဘယ်လိုပြုမူပြီဘယ်လိုပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်တာ…ပထမဆုံးအနမ်းတစ်ခုအပေါ်မှာ မိန်းကလေးအများစုရဲ့သဘောထား…အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ
မလွယ်ကြောင်းတွေ အစုံအလင်တွေ့ရပါလိမ့်မယ်

ဇာတ်လမ်းအကျဉ်းလေး ပြောရရင်…အဲလပ်စ်ဟစ်ရှ်(Will Smith)ဆိုတာ Date doctor တစ်ယောက်ပါ(ဖူးစာရေးနတ် သဘောမျိုးပေါ့)မိန်းကလေးတွေနဲ့ပတ်သတ်ပြီး မိမိကိုယ်ကိုသိမ်ငယ်တတ်သူတွေ မဖြစ်နိုင်ပါဘူးဆိုပြီး မြိုသိပ်နေရတဲ့ ယောကျ်ားလေးတွေအတွက်တော့ အားကိုရာဆရာတစ်ပါးပေါ့…

ဆာရာမီးလပ်စ်(Eva Mendes)…. ဆိုတာကတော့ ဂျာနယ်တိုက်တစ်ခုက အတင်းအဖျင်းကဏ္ဍအတွက် ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်ပါသူကတော့ အပျိုကြီး မမတစ်ယောက်…
ယောက်ျားတွေကို ဖောက်ပြန်တတ်တဲ့သူတွေလို့ပဲ တထစ်ချမှတ်ထားတာ…

အပျိုကြီးတွေမှာရော ချစ်တတ်တဲ့ နှလုံးသားရှိပါ့မလား? ? ?အဲလက်စ်ဟစ်ရှ် လို မိန်းမကျမ်းကျေတဲ့ ယောက်ျားမျိုးနဲ့ ဆာရာမီးလပ်စ်လို ယောက်ျားမုန်းဝါဒီသဘောမျိုး လက်ကိုင်ထားသူနှစ်ယောက်တွေ့ပြီး ဘာတွေများဆက်ဖြစ်ကြမလဲ….အဲလက်စ်ဟစ်ရှ် ရဲ့အလုပ်က လျှို့ဝှက်ပြီးလုပ်ရတဲ့အလုပ်ဆာရာမီးလပ်စ် အလုပ်က ဖော်ကောင်အလုပ်…

သူတို့နှစ်ယောက်ဘယ်လိုများ စခန်းသွားကြမှာလဲ? ? ?ဒီနေရာမှာ ဇာတ်ကားတစ်ခုလုံး မပျင်းရလေအောင် အဆုံးထိခေါ်ဆောင်သွားပေမဲ့ ဇာတ်ကောင်တစ်ဦးရှိပါသေးတယ်…

အဲလ်ဘတ်ဘရန်နာမင်း(Kevin James) – သူကတော့ ကျွန်တော်ပြောခဲ့သလိုပဲ”မမှီတဲ့ပန်းကို တုံးခုလှမ်းချင်မိတဲ့တစ်ယောက်” မဝံ့မရဲစိတ်တွေနဲ့ အားငယ်စိတ်တွေနဲ့ ဟစ်ရှ်ဆီရောက်လာရတဲ့အခါဟစ်ရှ်တစ်ယောက်အဆင်ပြေအောင် ကူညီပေးနိုင်ပါ့မလား

အမြဲတမ်းအလွဲလွဲအချော်ချော်တွေပဲဖြစ်နေတတ်တဲ့ အဲလ်ဘတ်တစ်ယောက်ရော သူချစ်မိသွားတဲ့အယ်လီဂရာ(Amber Valletta)ဆိုတဲ့သူရဲ့အလုပ်ရှင် သူဌေးမအကျော်အမော်လေးရဲ့
အချစ်ကို ပိုင်ဆိုင်နိုင်ပမလား? ? ?မင်းသားကြီး Will Smith ရဲ့ရုပ်ရှင်ကားတွေကိုတော့ အားလုံးမှတ်မှတ်ရရဖြစ်လောက်မှာပါ…

ဒါ့ကြောင့် ဟာသမင်းသားကြီး Kevin James ရဲ့ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားလူသိများတဲ့ကားအချို့ကို ဖော်ပြပေးလိုက်ပါတယ်

Zawgyi

(Warning – FA မ်ား၊ ရည္းစားမရွိသူမ်ား စိတ္မခိုင္လွ်င္ မၾကည့္သင့္ပါ။ အခန႔္မသင့္လွ်င္ဤကားၾကည့္ၿပီး မၾကာခင္ ရည္းစားရသြားႏိုင္ပါသည္ ရည္းစားရွိေသာ္လည္း မိန္းကေလးေတြအေၾကာင္း အထာမနပ္သူမ်ား ၾကည့္သင့္ၾကည့္ထိုက္ေသာ ကားေကာင္းတစ္ကားျဖစ္သည္)

ဒီကားေလးကို ၾကည့္ၿပီးသြားၾကရင္ေတာ့…ေယာက္်ားေလး အမ်ားစု မိန္းကေလးေတြနဲ႔ ပတ္သတ္ၿပီး “ငါမျဖစ္ႏိုင္ပါဘူးကြာ၊ ငါ့ပုံစံႀကီးက သူနဲ႔မကိုက္ေလာက္ပါဘူးကြာ” ဆိုတဲ့ ခံယူခ်က္၊
ခံစားခ်က္ေတြ ေလ်ာ့ပါးသြားမွာေတာ့အေသအခ်ာပါပဲ

ဒီကားထဲမွာ ကြၽန္ေတာ္တို႔ ေယာက္်ားေလးအမ်ားစုအတြက္ ကိုယ္ခ်စ္ႀကိဳက္ေနတဲ့ ခြက္ေနတဲ့မိန္းကေလးတစ္ေယာက္ကို ရည္းစားစကားေျပာဖို႔ဆိုတာ ဘယ္ေလာက္ေတာင္မလြယ္လိုက္လဲဆိုတာ ေတြ႕ရပါလိမ့္မယ္…

(လြယ္လြယ္ႀကိဳက္ လြယ္လြယ္ျပတ္ ေခတ္ႀကီးထဲမွာ ဒီစကားက ရယ္စရာလဲျဖစ္ေကာင္းျဖစ္ေနပါလိမ့္မယ္)ဒီဇာတ္ကားေလးထဲမွာ…* မိန္းကေလးတစ္ေယာက္ကိုတကယ္ခ်စ္ႀကိဳက္မိသြားရင္ မိန္းမက်မ္းေက်ပါတယ္ဆိုတဲ့သူေတာင္ အထစ္ထစ္အေငါ့ေငါ့ ျဖစ္တတ္ပုံေတြ…

မိန္းကေလးေတြ ဘယ္လိုျပဳမူၿပီဘယ္လိုေျပာဆိုၿပီဆို အဲ့တာဘာကိုဆိုလိုခ်င္တာ…ပထမဆုံးအနမ္းတစ္ခုအေပၚမွာ မိန္းကေလးအမ်ားစုရဲ႕သေဘာထား…အခ်စ္တစ္ခုျဖစ္ေပၚလာဖို႔ဆိုတာ
မလြယ္ေၾကာင္းေတြ အစုံအလင္ေတြ႕ရပါလိမ့္မယ္

ဇာတ္လမ္းအက်ဥ္းေလး ေျပာရရင္…အဲလပ္စ္ဟစ္ရွ္(Will Smith)ဆိုတာ Date doctor တစ္ေယာက္ပါ(ဖူးစာေရးနတ္ သေဘာမ်ိဳးေပါ့)မိန္းကေလးေတြနဲ႔ပတ္သတ္ၿပီး မိမိကိုယ္ကိုသိမ္ငယ္တတ္သူေတြ မျဖစ္ႏိုင္ပါဘူးဆိုၿပီး ၿမိဳသိပ္ေနရတဲ့ ေယာက်္ားေလးေတြအတြက္ေတာ့ အားကိုရာဆရာတစ္ပါးေပါ့…

ဆာရာမီးလပ္စ္(Eva Mendes)…. ဆိုတာကေတာ့ ဂ်ာနယ္တိုက္တစ္ခုက အတင္းအဖ်င္းက႑အတြက္ ပင္တိုင္ေဆာင္းပါးရွင္တစ္ေယာက္ပါသူကေတာ့ အပ်ိဳႀကီး မမတစ္ေယာက္…
ေယာက္်ားေတြကို ေဖာက္ျပန္တတ္တဲ့သူေတြလို႔ပဲ တထစ္ခ်မွတ္ထားတာ…

အပ်ိဳႀကီးေတြမွာေရာ ခ်စ္တတ္တဲ့ ႏွလုံးသားရွိပါ့မလား? ? ?အဲလက္စ္ဟစ္ရွ္ လို မိန္းမက်မ္းေက်တဲ့ ေယာက္်ားမ်ိဳးနဲ႔ ဆာရာမီးလပ္စ္လို ေယာက္်ားမုန္းဝါဒီသေဘာမ်ိဳး လက္ကိုင္ထားသူႏွစ္ေယာက္ေတြ႕ၿပီး ဘာေတြမ်ားဆက္ျဖစ္ၾကမလဲ….အဲလက္စ္ဟစ္ရွ္ ရဲ႕အလုပ္က လွ်ိဳ႕ဝွက္ၿပီးလုပ္ရတဲ့အလုပ္ဆာရာမီးလပ္စ္ အလုပ္က ေဖာ္ေကာင္အလုပ္…

သူတို႔ႏွစ္ေယာက္ဘယ္လိုမ်ား စခန္းသြားၾကမွာလဲ? ? ?ဒီေနရာမွာ ဇာတ္ကားတစ္ခုလုံး မပ်င္းရေလေအာင္ အဆုံးထိေခၚေဆာင္သြားေပမဲ့ ဇာတ္ေကာင္တစ္ဦးရွိပါေသးတယ္…

အဲလ္ဘတ္ဘရန္နာမင္း(Kevin James) – သူကေတာ့ ကြၽန္ေတာ္ေျပာခဲ့သလိုပဲ”မမွီတဲ့ပန္းကို တုံးခုလွမ္းခ်င္မိတဲ့တစ္ေယာက္” မဝံ့မရဲစိတ္ေတြနဲ႔ အားငယ္စိတ္ေတြနဲ႔ ဟစ္ရွ္ဆီေရာက္လာရတဲ့အခါဟစ္ရွ္တစ္ေယာက္အဆင္ေျပေအာင္ ကူညီေပးႏိုင္ပါ့မလား

အၿမဲတမ္းအလြဲလြဲအေခ်ာ္ေခ်ာ္ေတြပဲျဖစ္ေနတတ္တဲ့ အဲလ္ဘတ္တစ္ေယာက္ေရာ သူခ်စ္မိသြားတဲ့အယ္လီဂရာ(Amber Valletta)ဆိုတဲ့သူရဲ႕အလုပ္ရွင္ သူေဌးမအေက်ာ္အေမာ္ေလးရဲ႕
အခ်စ္ကို ပိုင္ဆိုင္ႏိုင္ပမလား? ? ?မင္းသားႀကီး Will Smith ရဲ႕႐ုပ္ရွင္ကားေတြကိုေတာ့ အားလုံးမွတ္မွတ္ရရျဖစ္ေလာက္မွာပါ…

ဒါ့ေၾကာင့္ ဟာသမင္းသားႀကီး Kevin James ရဲ႕ကြၽန္ေတာ္တို႔နဲ႔ရင္းႏွီးၿပီးသားလူသိမ်ားတဲ့ကားအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္

megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *