Homestay (2018)
15931Homestay (2018) တဲ့ ထိုင်းကားလေး။ပုံမှန်ထိုင်းကားဆိုကြည့်မရတတ်တဲ့ ကျွန်တော် ဒီကားကိုကြည့်ပြီး တော်တော်ကြွေသွားမိတယ်။ဒီကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ၂ နာရီကြာတယ်ဆိုပေမဲ့ ပျင်းစရာမရှိတဲ့ ဇာတ်ကားပါ။
Draman, Fantasy , Thriller ဆိုတဲ့ ဇာတ်ကားအမျိုးအစားဆိုတဲ့အတိုင်း Drama လိုရိုပြီး Fantasy လို ထူးခြားတာတွေလည်းတွေ့ရပြီး Thriller ဆိုတဲ့အတိုင်း တစ်ချက်တစ်ချက် ရင်တုန်စရာလေးတွေပါ ထည့်ထားပါသေးတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ဆောင်ဖြစ်သူက လတ်တလော ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ မင်ဆိုတဲ့ အထက်တန်းကျောင်းသားလေးရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပါတယ်။
သူ့ကို ကိုယ်စောင့်နတ် ဆိုတဲ့သူက ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ မင် ဘာလို့ကိုယ့်ကိုကိုယ် သတ်သေခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ရက်တစ်ရာအတွင်းမှာ ရှာခိုင်းပါတယ်။
ရှာလို့တွေ့ခဲ့ရင် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး မရှာနိုင်ရင်တော့ ဘယ်လိုမှပြန်ဝင်စားလို့မရတဲ့ဘဝကို ရောက်သွားမှာပါလို့ပြောပါတယ်။မင်ရဲ့ ခန္ဓာကိုယ်ကို ရထားတဲ့သူ မင်ဘာလို့ ကိုယ့်ကိုကိုယ်သတ်သေရလဲဆိုတာကို ရှာနိုင်ပါမလား။သူ့အဖေကြောင့်လား၊ သူ့ညီကြောင့်လား၊ သူကြိုက်နေတဲ့ကောင်မလေးကြောင့်လား ဘာလို့များလဲ။
ဘယ်လိုအကြောင်းကများ ကိုယ့်အသက်ကို အဆုံးသတ်လိုက်ရခြင်းက လွတ်မြောက်ခြင်းပဲလို့ တွေးစေခဲ့တာလဲ။13 Reason Why? ဆိုတဲ့ Netflix က Series မှာတော့ အကြောင်းပြချက် ၁၃ ခုရှိပါတယ်တဲ့။ဒီဇာတ်ကားမှာရော အကြောင်းပြချက်က ဘယ်နှစ်ခုဖြစ်မလဲ။
Zawgyi
Homestay (2018) တဲ့ ထိုင္းကားေလး။ပုံမွန္ထိုင္းကားဆိုၾကည့္မရတတ္တဲ့ ကြၽန္ေတာ္ ဒီကားကိုၾကည့္ၿပီး ေတာ္ေတာ္ေႂကြသြားမိတယ္။ဒီကားေလးက အရမ္းစိတ္ဝင္စားဖို႔ေကာင္းၿပီး ၂ နာရီၾကာတယ္ဆိုေပမဲ့ ပ်င္းစရာမရွိတဲ့ ဇာတ္ကားပါ။
Draman, Fantasy , Thriller ဆိုတဲ့ ဇာတ္ကားအမ်ိဳးအစားဆိုတဲ့အတိုင္း Drama လို႐ိုၿပီး Fantasy လို ထူးျခားတာေတြလည္းေတြ႕ရၿပီး Thriller ဆိုတဲ့အတိုင္း တစ္ခ်က္တစ္ခ်က္ ရင္တုန္စရာေလးေတြပါ ထည့္ထားပါေသးတယ္။
ဇာတ္လမ္းအက်ဥ္းကေတာ့ အဓိကဇာတ္ေဆာင္ျဖစ္သူက လတ္တေလာ ကိုယ့္ကိုကိုယ္ သတ္ေသသြားတဲ့ မင္ဆိုတဲ့ အထက္တန္းေက်ာင္းသားေလးရဲ႕ ခႏၶာကိုယ္ထဲမွာ ႏိုးထလာပါတယ္။
သူ႔ကို ကိုယ္ေစာင့္နတ္ ဆိုတဲ့သူက ဒီခႏၶာကိုယ္ပိုင္ရွင္ျဖစ္တဲ့ မင္ ဘာလို႔ကိုယ့္ကိုကိုယ္ သတ္ေသခဲ့ရလဲဆိုတဲ့ အေၾကာင္းအရင္းကို ရက္တစ္ရာအတြင္းမွာ ရွာခိုင္းပါတယ္။
ရွာလို႔ေတြ႕ခဲ့ရင္ ဒီခႏၶာကိုယ္ကို ပိုင္ဆိုင္ရမွာျဖစ္ၿပီး မရွာႏိုင္ရင္ေတာ့ ဘယ္လိုမွျပန္ဝင္စားလို႔မရတဲ့ဘဝကို ေရာက္သြားမွာပါလို႔ေျပာပါတယ္။မင္ရဲ႕ ခႏၶာကိုယ္ကို ရထားတဲ့သူ မင္ဘာလို႔ ကိုယ့္ကိုကိုယ္သတ္ေသရလဲဆိုတာကို ရွာႏိုင္ပါမလား။သူ႔အေဖေၾကာင့္လား၊ သူ႔ညီေၾကာင့္လား၊ သူႀကိဳက္ေနတဲ့ေကာင္မေလးေၾကာင့္လား ဘာလို႔မ်ားလဲ။
ဘယ္လိုအေၾကာင္းကမ်ား ကိုယ့္အသက္ကို အဆုံးသတ္လိုက္ရျခင္းက လြတ္ေျမာက္ျခင္းပဲလို႔ ေတြးေစခဲ့တာလဲ။13 Reason Why? ဆိုတဲ့ Netflix က Series မွာေတာ့ အေၾကာင္းျပခ်က္ ၁၃ ခုရွိပါတယ္တဲ့။ဒီဇာတ္ကားမွာေရာ အေၾကာင္းျပခ်က္က ဘယ္ႏွစ္ခုျဖစ္မလဲ။


(Up Stream) Large Size ~ Download
(Yoteshin Portal) Large Size ~ Download
(Megaup.net) Large Size ~ Download
(Users Drive) Large Size ~ Download
(Direct Link) Large Size ~ Download