Hope (2013)
16998
Share
Copy the link
ဒီဇာတ်ကားဖြစ်ရပ်မှန်ဆိုတာကို အတေ်ာများများသိကြမှာပါ…ကြည့်ဖူး ကြားဖူးသူတိုင်းဒီဆိုးယုတ်မှုကိုကျူးလွန်ခဲ့သည့် လူယုတ်မာအမျိုးသားကို စက်ဆုတ်ရွံရှာကြသလို ဘဝဆုံးလုနီးပါးဖြစ်ခဲ့သည့် သမီးငယ်လေးအတွက်လည်းစာနာသနားစိတ်တွေဖြစ်ခဲ့ကြပေသည်….
ကိုရီးယားက မိသားစုပြည်သူတွေမဆိုထားနှင့် မိမိတို့အနေနှင့်ပင် ဒီလူကြီးထောင်ကလွတ်လာတော့စိတ်ထဲအတော်ခံပျင်းမိခဲ့ကြသည်…ဒါ့ကြောင့် ဒီဖြစ်ရပ်ကို မသိသေးသူတွေအတွက်ရောပိုမိုကောင်းမွန်တဲ့ WEB-DLထွက်လာတာကြောင့်တင်ဆက်ပေးလိုက်ပါသည်..အညွှန်းကတော့ ထွေထွေထူးထူးမရေးတော့ပါ…. ၁၂ နှစ်ဆိုသည့် အချိန်သည် အကုန်မြန်လွန်းလှသည်…။***************************************
၂၀၀၈ ခုနှစ်လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရသော ဂျို ဒို ဆွန်း (Cho Doo-Soon) ဆိုသည့် အသက် ၅၆ နှစ်အမျိုးသားကြီးသည် များမကြာမီ ၂၀၂၀ ဆိုလျှင် ထောင်က လွတ်လာတော့မည်ဖြစ်သည်။ထိုအချိန်တွင် Cho သည် အသက် ၆၈ နှစ် အဘိုးကြီးဖြစ်နေပေတော့မည်။
သူသည် ယခု ထောင်ထဲတွင် ကျန်းမာရေးလည်း သိပ်မကောင်းဟု သတင်းရသည်။ထိုအသက် ၇၀ နားကပ်နေတော့မည့် အဘိုးကြီး ထောင်မှပြန်လွတ်လာတော့မည်…။ဒါကို တောင်ကိုရီးယားပြည်သူတို့က မကြည်ဖြူကြပါ..။
ယခုတလော ထို အဘိုးကြီးအကြောင်းကို လူတွေကပြောနေကြသည်။“ထောင်ထဲမှာ တသက်လုံးနေရမှာ..”” ဟင်… မသေသေးဘူးလား!?!”” ဘုရား..ဘုရား … မိစ္ဆာကောင်ကြီး ကို ကျွန်မတို့ လူ့အဖွဲ့အစည်းထဲကို ပြန်မထည့်ဖို့ တောင်းဆိုပါတယ်…”“သူ့ကို တသက် တကျွန်း ထောင်ထဲမှာထည့်ထားပေးပါ”
တောင်ကိုရီးယား အင်တာနက် လူထု ကြီး (Netizen) မှ မကျေနပ်သူများ အတော်များနေသည်။ယခု ၂၀၁၇ ခုနှစ် နိုဝင်ဘာအထိ စာရင်းအရ လူပေါင်း ၃၅၉,၈၈၈ ယောက်က ထို အဘိုးကြီးအား ထောင်မှ ပြန်မလွှတ်ရန် လက်မှတ်ထိုး၍ အစိုးရထံ ဆန္ဒပြတောင်းဆိုနေသည်။ဘယ်လိုပင်တောင်းဆိုစေကာမူ ထိုအဘိုးကြီးသည် ယခုထောင်မှ လွတ်လာခဲ့ချေပြီ…
Zawgyi
ဒီဇာတ်ကားဖြစ်ရပ်မှန်ဆိုတာကို အတော်များများသိကြမှာပါ…ကြည့်ဖူး ကြားဖူးသူတိုင်းဒီဆိုးယုတ်မှုကိုကျူးလွန်ခဲ့သည့် လူယုတ်မာအမျိုးသားကို စက်ဆုတ်ရွံရှာကြသလို ဘဝဆုံးလုနီးပါးဖြစ်ခဲ့သည့် သမီးငယ်လေးအတွက်လည်းစာနာသနားစိတ်တွေဖြစ်ခဲ့ကြပေသည်….
megaup.net (Megaup.net) Large Size ~ Download
megaup.net (Megaup.net) Small Size ~ Download
usersdrive.com (Users Drive) Large Size ~ Download
usersdrive.com (Users Drive) Small Size ~ Download
disk.yandex.com (Disk Yandex) Large Size ~ Download
disk.yandex.com (Disk Yandex) Small Size ~ Download
yoteshinportal.cc (Yoteshin) Large Size ~ Download
yoteshinportal.cc (Yoteshin) Small Size ~ Download
Comments
Your email address will not be published. Required fields are marked *