Hotel Transylvania 2 (2015)

16498
Share
Copy the link

2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက်2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကိုတင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့ ဒီကားလေးကိုအားလုံးပဲမျှော်လင့်နေကြမှာပါ။

ဒီဇာတ်ကားလေးဟာမကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။

Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာသားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။

အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီးသူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။

Spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူးMovie သာဆက်လက်ကြည့်ရှုကြပါ။ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainmentကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါသုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ဟာသအဖြစ်နဲ့တင်ဆက်နိုင်ခဲ့တာပါ

ဒီဇာတ်လမ်းကိုရေးသားခဲ့တဲ့ Robert Smigel နဲ့Adam Sandler တို့ရဲ့ ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ဒါရိုက်တာ Genndy Tartakovsky ရိုက်ကူးထားပြီးရုံတင်ပြသခဲ့ချိန်မှာလည်းအောင်မြင်တဲ့ကားတစ်ကားဖြစ်နေပါတယ်။အဲ့ထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကအသံပိုင်းဆိုင်ရာသရုပ်ဆောင်များပါပဲ .

ဇာတ်ညွှန်းရေးဆရာ ၂ ဦးလုံးဟာဇာတ်ညွှန်းရေးပေးရုံမကဘဲCount Dracula နေရာမှာ Adam Sandler ကသရုပ်ဆောင်ပြီး .Jonathan နေရာမှာ Robert Smigelတို့ကသရုပ်ဆောင်ပေးထားပါတယ်။နောက်ထပ်တစ်ယောက်ကတော့ 2012 Part 1 ထွက်တုန်းကကျွန်တော်တို့လုံးဝသတိမထားမိခဲ့ပါဘူး။

Dracula မလေး Mavisရဲ့နေရာကိုအသံသရုပ်ဆောင်ပေးတာဟာ မင်းသမီးချောလေး Selena Gomez ပါပဲ။ကဲ ဒီတော့ ပရိတ်သက်ကြီးရေ . . . Animation ဇာတ်ကားကောင်းကောင်းလေးကိုကော်ဖီလေးတစ်ခွက်နဲ့သာဇိမ်ကျကျကြည့်ရှုဖို့ Download သာဆွဲကြပေတော့ဗျို့ ။

Zawgyi

2012 က ေအာင္ျမင္ေက်ာ္ၾကားလူႀကိဳက္မ်ားခဲ့လို႔ အခုသူ႔ရဲ႕ေနာက္ဆက္2015မွာ Part 2အေနနဲ႔ထပ္ထြက္လာတဲ့ Animation ကားေလးတစ္ခုကိုတင္ေပးပါရေစ။IMDb Rating 7 အထိရရွိထားၿပီးတဲ့ ဒီကားေလးကိုအားလုံးပဲေမွ်ာ္လင့္ေနၾကမွာပါ။

ဒီဇာတ္ကားေလးဟာမေကာင္းဆိုးဝါးေလးေတြနဲ႔ဇာတ္လမ္းစထားခဲ့ၿပီး . Draculaဘုရင္တစ္ပါးရဲ႕သမီးေလးနဲ႔ခ်စ္ႀကိဳက္ခဲ့တဲ့ လူသားတစ္ဦးတို႔ရဲ႕ အခ်စ္ေမတၱာနဲ႔ေပါင္းစပ္လက္တြဲမႈကို အခ်က္က်က်သေဘာက်ဖြယ္ ဖန္တီးထားပါတယ္။

Part 1 မွာ ခ်စ္ႀကိဳက္ခဲ့တဲ့ Dracula မေလး Mavis နဲ႔လူသားေလး Jonathan တို႔ရဲ႕ လက္ထပ္ မဂၤလာေဆာင္ပြဲကေနစထားပါတယ္။Mavis နဲ႔ Jonတို႔ဟာ လက္ထပ္ၿပီးကာလတစ္ခုမွာသားေလး တစ္ေယာက္ေမြးဖြားခဲ့ပါတယ္။

အထူးသျဖင့္ဒီဇာတ္ကားမွာေတြ႕ရမွာက အဘိုးျဖစ္သူ Count Dracula ရဲ႕သူ႔ ေျမးေလးအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာကို လွလွပပဖြဲ႕ႏြဲ႕သြားခဲ့ၿပီးသူ႔လိုပဲေျမးေလးကိုေမွာ္အတတ္ေတြကြၽမ္းက်င္တဲ့Dracular ေလးတစ္ဦးျဖစ္ေစခ်င္တာကိုလည္းေတြ႕ရပါမယ္။

Spoiler ျဖစ္သြားမွာစိုးလို႔ ဇာတ္ကားအေၾကာင္းကို ဆက္လက္မေျပာျပေတာ့ပါဘူးMovie သာဆက္လက္ၾကည့္ရႈၾကပါ။ေခတ္နဲ႔ေလ်ာ္ညီေအာင္ တင္ဆက္ထားၿပီး . Sony Entertainmentကထုတ္လုပ္ထားတဲ့အတြက္ Sony Product မ်ားကိုပါသုံးႏႈန္းသြားတာဟာ ေၾကာ္ျငာတဲ့ဘက္ကိုမသိသာေစဘဲ ဟာသအျဖစ္နဲ႔တင္ဆက္ႏိုင္ခဲ့တာပါ

ဒီဇာတ္လမ္းကိုေရးသားခဲ့တဲ့ Robert Smigel နဲ႔Adam Sandler တို႔ရဲ႕ ေျပာင္ေျမာက္တဲ့လက္ရာတစ္ခုပါပဲ။ဒါ႐ိုက္တာ Genndy Tartakovsky ႐ိုက္ကူးထားၿပီး႐ုံတင္ျပသခဲ့ခ်ိန္မွာလည္းေအာင္ျမင္တဲ့ကားတစ္ကားျဖစ္ေနပါတယ္။အဲ့ထက္ပိုစိတ္ဝင္စားဖို႔ေကာင္းတာကအသံပိုင္းဆိုင္ရာသ႐ုပ္ေဆာင္မ်ားပါပဲ .

ဇာတ္ၫႊန္းေရးဆရာ ၂ ဦးလုံးဟာဇာတ္ၫႊန္းေရးေပး႐ုံမကဘဲCount Dracula ေနရာမွာ Adam Sandler ကသ႐ုပ္ေဆာင္ၿပီး .Jonathan ေနရာမွာ Robert Smigelတို႔ကသ႐ုပ္ေဆာင္ေပးထားပါတယ္။ေနာက္ထပ္တစ္ေယာက္ကေတာ့ 2012 Part 1 ထြက္တုန္းကကြၽန္ေတာ္တို႔လုံးဝသတိမထားမိခဲ့ပါဘူး။

Dracula မေလး Mavisရဲ႕ေနရာကိုအသံသ႐ုပ္ေဆာင္ေပးတာဟာ မင္းသမီးေခ်ာေလး Selena Gomez ပါပဲ။ကဲ ဒီေတာ့ ပရိတ္သက္ႀကီးေရ . . . Animation ဇာတ္ကားေကာင္းေကာင္းေလးကိုေကာ္ဖီေလးတစ္ခြက္နဲ႔သာဇိမ္က်က်ၾကည့္ရႈဖို႔ Download သာဆြဲၾကေပေတာ့ဗ်ိဳ႕ ။


megaup.net (Megaup.net) Large Size ~ Download

usersdrive.com (Users Drive) Large Size ~ Download

upstream.to (Up Stream) Large Size ~ Download

yoteshinportal.cc (Yoteshin) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *