How To Ruin Housewarming Party

18
Share
Copy the link

ဒီကားကတော့ LGBT အသားပေးဇာတ်ကားလေးဖြစ်ပြီးတော့ ကြည့်ရင်းနဲ့ မိန်းကလေး ချစ်သူတွေကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုစိတ်ကူးယဉ်ခံစားနိင်မယ့်ဇာတ်ကားလေးလည်း ဖြစ်ပါတယ် ချယ်ယောင်းဆိုတဲ့ မိန်းကလေးက လိင်တူချစ်သူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာသူမနဲ့ Type တူတဲ့ သူငယ်ချင်းလင်မယား နှစ်ယောက် အိမ်သစ်တက်ပွဲကိုဖိတ်ကြားခံရပါတယ် အဲ့ဒီအိမ်သစ်တက်ပွဲကို အရင်က ချယ်ယောင်းနဲ့ တွဲခဲ့ဖူးတဲ့ ဂျုံအင်းဆိုတဲ့ ချစ်သူမိန်းကလေးကလည်း တက်ရောက်မှာဖြစ်လို့ ချယ်ယောင်းတစ်ယောက် ရင်ဆိုင်
ဖိ့ု တော်တော် ခေါင်းစားခဲ့ရပါတယ်

နောက်ဆုံးတော့ရင်းနှီးနေတဲ့ သူများရဲ့ အိမ်သစ်တက်ပွဲ ဖြစ်နေလို့မဖြစ်မနေသွားခဲ့ရပြီး သူမချစ်သူဟောင်း ဂျုံအင်းနဲ့ နောက်တစ်ခါ မျက်နှာချင်းဆိုင်ခဲ့ရပါတယ် အိမ်သစ်တက်ပွဲမှာ လက်ဆောင်တွေပေးကြ စားကြသောက်ကြရင်း လမ်းခွဲခဲ့ကြပေမယ့် ဂျုံအင်းအပေါ် သံယောဇဉ် မပြတ်နိုင်သေးတဲ့ ချယ်ယောင်းတစ်ယောက် ဂျုံအင်းနောက်ထပ် ချစ်သူကောင်မလေး အသစ် ရသွားတယ်ဆိုတဲ့ သတင်းကိုထပ်ကြားရင်းအသဲတွေထပ်ကွဲရပြန်ပါတယ် အဲ့နောက်မှာတော့ ဂျုံအင်းကလည်း သူ့ချစ်သူကောင်မလေးကို အဲ့ဒီ သူမတို့သူငယ်ချင်းလင်မယားရဲ့ အိမ်သစ်တက်ပွဲကိုလာဖို့ ဖိတ်ခေါ်ခဲ့ချိန်မှာတော့ ထင်မှတ်မထားတဲ့ မြှုပ်ထားတဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ် ထပ်ပေါ်လာပြန်ပါတယ် အဲ့ဒီဇာတ်လမ်းကဘာဖြစ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲခံစားစေချင်ပါတယ် အချို့စကား အသုံးအနှုန်းများ အတွက် မိသားစုနဲ့အတူကြည့်လို့တော့ မသင့်တော်ပါဘူး မိန်းကလေးချင်းကြားက သိမ်မွေ့တဲ့အချစ် ဇာတ်လမ်းနဲ့ လိင်တူချစ်သူများကြားက ချစ်ခြင်းကိုကွက်ကွက်ကွင်းကွင်းတွေ့မြင်နိုင်မယ့် LGBT အသားပေး ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်

megaup.net (Megaup.net) Large Size ~ Download

uptobox.com (Uptobox) Large Size ~ Download

datbu.com (Datbu) Large Size ~ Download

Comments

Your email address will not be published. Required fields are marked *